3
ရှောလု အမျိုး နှင့် ဒါဝိဒ် အမျိုး တို့သည် ကြာမြင့် စွာစစ်တိုက် ဒါဝိဒ် သည်အား တိုးပွားလျက်ရှောလု အမျိုး သည် အား ရွေ့လျော့လျက် ရှိကြ၏။ ဟေဗြုန် မြို့၌ ဒါဝိဒ် မြင် သောသား တို့တွင် သားဦး ကား၊ ယေဇရေလ မြို့သူအဟိနောင် တွင် မြင်သောသားအာမနုန် တည်း။ ဒုတိယ သားကား၊ နာဗလ မယားကရမေလ မြို့သူအဘိဂဲလ တွင်မြင်သောသား ခိလပ် တည်း။ တတိယ သားကား၊ ဂေရှုရိ ရှင်ဘုရင် တာလမဲ သမီး မာခါ ၏သား အဗရှလုံ တည်း။ စတုတ္တ သားကား၊ ဟဂ္ဂိတ် ၏ သား အဒေါနိယ တည်း။ ပဉ္စမ သားကား၊ အဘိတလ ၏သား ရှေဖတိ တည်း။ ဆဋ္ဌမ သားကား၊ မြောက်သားတော် ဧဂလာ တွင် မြင်သောသား ဣသရံ တည်း။ ဤရွေ့ကားဟေဗြုန် မြို့၌ ဒါဝိဒ် မြင် သောသားတည်း။ ရှောလု အမျိုး နှင့် ဒါဝိဒ် အမျိုး စစ်တိုက် ကြစဉ် အခါ၊ အာဗနာ သည် ရှောလု အမျိုး ဘက် မှာ ကိုယ်ကို ခိုင်မာ စေ၏။ ရှောလု အဲအာ ၏သမီး ရိဇပ မည်သော မယားငယ် တယောက်ရှိ၏။ ဣရှဗောရှက်က၊ သင်သည် ငါ့ အဘ ၏ မယားငယ် ကို အဘယ်ကြောင့် သိမ်း သနည်းဟု အာဗနာ အား ဆို လျှင် ထိုစကား ကြောင့် အာဗနာ သည် အလွန် စိတ်ဆိုး လျက်ငါသည် ယုဒ အမျိုးကို ဆီးတား၍ သင့် အဘ ရှောလု အမျိုး နှင့် ညီ အစ်ကိုအဆွေ ခင်ပွန်းတို့အား ယနေ့ တိုင်အောင်ကျေးဇူး ပြု သဖြင့် သင့် ကိုဒါဝိဒ် လက် သို့ အပ်နှံ ဘဲနေသော်၊ သင်သည်ငါ့ ကို ခွေး ၏ဦးခေါင်း ကဲ့သို့သာမှတ်၍ ထိုမိန်းမ အတွက် ယနေ့ အပြစ် တင်ရမည် လော။ ထာဝရဘုရားသည် နိုင်ငံ တော်ကို ရှောလု အမျိုး မှ နှုတ်၍ 10 ဒါဝိဒ် ၏ အာဏာ တော်ကိုဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ဣသရေလ ပြည်၊ ယုဒ ပြည်အရပ်ရပ် တို့၌ တည် စေခြင်းငှါ ဒါဝိဒ်အားပြုမည်ဟု ကျိန်ဆိုတော်မူသည်အတိုင်း၊ ငါလည်း ဒါဝိဒ်အားမပြုဘဲနေလျှင်၊ ထိုမျှမက ဘုရား သခင်သည် အာဗနာ အား ပြု တော်မူပါစေသောဟု ဆိုသောကြောင့်၊ 11 ဣရှဗောရှက်သည် ကြောက် စကား တခွန်း ကိုမျှ မ ပြန် ဝံ့။။ 12 ထိုနောက် အာဗနာ သည် မိမိ အတွက် သံတမန် တို့ကို ဒါဝိဒ် ထံသို့ စေလွှတ် ၍၊ ပြည် ရှင်မင်းကား အဘယ်သူ နည်း။ ကျွန်တော် နှင့် မိဿဟာယ ဖွဲ့ တော်မူပါ။ ဣသရေလ အမျိုးအပေါင်း တို့ကို ကိုယ်တော် ထံသို့ ပြောင်းလဲ စေခြင်းငှါကျွန်တော် သည် ကိုယ်တော် ဘက် သို့ ဝင်စားပါမည်ဟု လျှောက်ဆို ၏။ 13 ဒါဝိဒ်ကလည်း ကောင်း ပြီ။ သင် နှင့် ငါ မိဿဟာယ ဖွဲ့ မည်။ သို့ရာတွင် ငါ တောင်း စရာတခု ရှိ၏။ ငါ့ မျက်နှာ ကိုမြင် အံ့သောငှါ လာ သောအခါရှောလု သမီး မိခါလ ကို ဆောင် ခဲ့ရမည်။ သို့မဟုတ် ငါ့ မျက်နှာ ကို မ မြင် ရဟု ပြန်ဆို ၏။ 14 ဒါဝိဒ် သည်လည်း သံတမန် တို့ကို ရှောလု သား ဣရှဗောရှက် ထံသို့ စေလွှတ် ၍၊ ငါသည် ဖိလိတ္တိ လူ အရေဖျား တရာ နှင့် ဝယ်ယူ သော ငါ့ မယား မိခါလ ကို အပ် လိုက်ရမည်ဟု မှာ လိုက်သည်အတိုင်း၊ 15 ဣရှဗောရှက် သည် စေလွှတ် ထိုမိန်းမကို သူ၏လင် လဲရှ ၏ သား ဖာလတိ လက်မှ နှုတ်ယူ လေ၏။ 16 သူ ၏လင် သည် ငိုကြွေး လျက် သူ့ နောက် သို့ ဗာဟုရိမ် မြို့တိုင်အောင် လိုက် လေ၏။ အာဗနာ ကလည်း ပြန် သွားတော့ဟုဆို သော် ပြန် သွားရ၏။ 17 အာဗနာ သည်လည်းဣသရေလ အမျိုး အသက်ကြီး သူတို့နှင့် တိုင်ပင် လျက်၊ သင်တို့သည် အထက် က ဒါဝိဒ် ကိုရှင်ဘုရင် အရာ ၌ ချီးမြှောက်ချင်သောစိတ် ရှိ ကြသည်ဖြစ်၍ 18 ယခု ချီးမြှောက် ကြလော့။ ထာဝရဘုရား က၊ ငါ့ ကျွန် ဒါဝိဒ် လက် ဖြင့် ငါ ၏လူ ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် မှ ၎င်းရန်သူ အပေါင်း တို့လက် မှ ၎င်း၊ ငါကယ်နှုတ် မည်ဟု ဒါဝိဒ် အဘို့ မိန့် တော်မူပြီဟု ဆို လေ၏။ 19 တဖန် အာဗနာ သည် ဗင်္ယာမိန် အမျိုးသားတို့ကိုလည်း သွေးဆောင် လေ၏။ နောက် တဖန် ဣသရေလ အမျိုး အလိုရှိသမျှ အရာ၊ ဗင်္ယာမိန် အမျိုး တညီတညွတ် တည်း အလိုရှိသမျှ သောအရာတို့ကို ဟေဗြုန် မြို့၌ ဒါဝိဒ် အား ပြန်လျှောက် ခြင်းငှါ သွား ၍၊ 20 လူ နှစ်ကျိပ် ပါလျက် ဒါဝိဒ် ရှိရာဟေဗြုန် မြို့သို့ ရောက် သဖြင့်ဒါဝိဒ် သည် ပွဲ လုပ် ၍ အာဗနာ နှင့် သူ ၏ လူ တို့ကိုကျွေး၏။ 21 အာဗနာ ကလည်းဣသရေလ အမျိုးသားအပေါင်း တို့သည် ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ စေခြင်းငှါ ၎င်း၊ ကိုယ်တော် သည်အလို တော်ရှိသမျှ အတိုင်း စိုးစံ စေခြင်းငှါ၎င်း၊ ကျွန်တော်ထ သွား ထိုသူအပေါင်းတို့ကို ကျွန်တော် သခင်ကျွန်တော်ရှင်ဘုရင် ထံ တော်၌စုဝေး စေပါမည်ဟု လျှောက် ပြီးမှဒါဝိဒ် လွှတ်လိုက် သူသည် ငြိမ်ဝပ် စွာ သွား လေ၏။ 22 ထိုအခါ ယွာဘ နှင့် ဒါဝိဒ် ၏ကျွန် တို့သည် ရန်သူအလုံးအရင်း ကို လိုက်ရာမှပြန်လာ လက်ရ ဥစ္စာများ ကို ယူ ခဲ့ကြ၏။ အာဗနာ သည် ဒါဝိဒ် နှင့်အတူ ဟေဗြုန် မြို့၌ ရှိ။ ဒါဝိဒ်သည် လွှတ်လိုက် ၍ သူသည်ငြိမ်ဝပ် စွာ သွား နှင့်ပြီ။ 23 ယွာဘ နှင့် သူ ပါသော စစ်သူရဲ အပေါင်း တို့သည် ရောက် ကြသောအခါနေရ ၏သား အာဗနာ သည် ရှင်ဘုရင် ထံ တော်သို့လာ ပြီ။ ရှင်ဘုရင်သည်လည်း လွှတ်လိုက် သူသည်ငြိမ်ဝပ် စွာသွား ပြီဟု ယွာဘ အား ကြားပြော လျှင် 24 ယွာဘ သည် ရှင်ဘုရင် ထံ တော်သို့ဝင် ကိုယ်တော်သည် အဘယ်သို့ ပြု တော်မူသနည်း။ အာဗနာ သည်အထံ တော်သို့လာ ပြီးမှတဖန် အလွတ်သွား စေခြင်းငှါအဘယ်ကြောင့် လွှတ်လိုက် တော်မူသနည်း။ 25 နေရ ၏သား အာဗနာ သည် ကိုယ်တော် ကိုလှည့်စား ၍ ကိုယ်တော် ထွက် ဝင် တော်မူခြင်း၊ စီရင် တော်မူခြင်း အလုံးစုံ ကို သိ အံ့သောငှါ သာ လာ သည်ကို ကိုယ်တော်သိ တော်မူ၏ဟု လျှောက် ပြီးလျှင် 26 အထံ တော်ကထွက် အာဗနာ နောက် သို့ တမန် တို့ကိုစေလွှတ် လျက်သိရရေတွင်း မှ ခေါ် လေ၏။ ထိုအမှုကို ဒါဝိဒ် သိ 27 အာဗနာ သည် ဟေဗြုန် မြို့သို့ရောက် သောအခါယွာဘ သည် အသင့်အတင့်နှုတ်ဆက် ခြင်းငှါမြို့တံခါး နားသို့ ခေါ်ပြီးလျှင်ညီ အာသဟေလ သေ သည်အတွက် သူ၏ ဝမ်း ကိုထိုး သူသည်လည်း သေ ၏။ 28 ထိုနောက်ဒါဝိဒ် သည် ကြား သောအခါနေရ ၏သား အာဗနာ ကို သတ်သောအပြစ်နှင့် ငါသည် ထာဝရဘုရား ရှေ့ တော်၌ လွတ်ပါစေ။ ငါ့ နိုင်ငံ လွတ် ပါစေ။ 29 ယွာဘ ခေါင်းသူ့ အဆွေအမျိုး အပေါင်း တို့၏ ခေါင်းပေါ် သို့ရောက် ပါစေ။ ယွာဘ ၏အဆွေအမျိုး ၌ ရိနာ စွဲသောသူ၊ နူနာ စွဲသောသူ၊ ကျောကုန်းသောသူ။ ထား ဖြင့် သေ သောသူ၊ ငတ်မွတ် သောသူ မ ပြတ် စေနှင့်ဟု မြွက်ဆို ၏။ 30 ထိုသို့ ယွာဘ နှင့် ညီ အဘိရှဲ သည်အာဗနာ ကို သတ် ၏။ အကြောင်း မူကား၊ သူ တို့ညီ အာသဟေလ ကို ဂိဗောင် စစ်တိုက် ပွဲ၌ အာဗနာသတ် သတည်း။ 31 ဒါဝိဒ် ကလည်းယွာဘ နှင့် မိမိ ရှိသော သူ အပေါင်း တို့အားသင် တို့အဝတ် ကိုဆုတ် လျှော်တေ အဝတ်ကိုဝတ် လျက်အာဗနာ အတွက် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြလော့ဟု အမိန့် တော်ရှိ၍ ကိုယ်တော်တိုင် မသာလိုက် လေ၏။ 32 အာဗနာ ကိုဟေဗြုန် မြို့၌ သင်္ဂြိုဟ် ကြ၏။ သင်္ချိုင်း အနား မှာ ရှင် ဘုရင်သည် အသံ ကိုလွှင့် ငိုကြွေး ၏။ လူ အပေါင်း တို့သည်လည်း ငိုကြွေး ကြ၏။ 33 ရှင် ဘုရင်သည် အာဗနာ အတွက် မြည်တမ်း သည်ကား၊ အာဗနာ သည် လူမိုက် ကဲ့သို့ သေ သလော။ 34 သင် ၏လက် ကိုမ ချည်သံ ချေချင်းမ ခတ်ဘဲ လူဆိုး လက်ဖြင့် သေ သကဲ့သို့ သေ ရှာပါပြီတကားဟု မြွက်ဆို ၏။ လူ အပေါင်း တို့သည်လည်း တဖန် ငိုကြွေး ကြ၏။ 35 မိုဃ်းမချုပ်မှီ ဒါဝိဒ် သည် စားတော်ခေါ် မည် အကြောင်း လူ အပေါင်း တို့သည် ချဉ်းကပ် ကြသော်လည်းဒါဝိဒ် က၊ နေ မဝင် မှီ မုန့် အစရှိသော စားစရာ တစုံတခု ကို ငါမြည်းစမ်း လျှင်ထိုမျှမကငါ ဘုရား သခင်ပြု တော်မူ စေသတည်းဟု ကျိန်ဆို ၏။ 36 ထိုအမှုကိုလူ အပေါင်း တို့သည် မှတ် နှစ်သက် ကြ၏။ ပြု တော်မူသမျှ တို့ကိုလည်း လူ အပေါင်း တို့သည် နှစ်သက် ကြ၏။ 37 ရှင် ဘုရင်သည် နေရ ၏သား အာဗနာ ကို သတ် စေခြင်းငှါ အလိုမ ရှိဟု ထို နေ့၌ ဣသရေလ အမျိုးသားများနှင့် လူ များအပေါင်း တို့သည် သိ နားလည်ကြ၏။ 38 ရှင် ဘုရင်ကလည်းဣသရေလ အမျိုး၌ မင်းသား ဖြစ်သောသူ၊ ကြီးမြတ် သောသူတပါးသည် ယနေ့ ဆုံး ကြောင်းကို သင်တို့မ သိ သလော 39 ငါ သည်ဘိသိက် ခံရ၍ ရှင်ဘုရင် ဖြစ်သော်လည်း ယနေ့ အားနည်း ၏။ ဇေရုယာ သား ဖြစ်သော ဤ သူတို့သည် ငါ့ ထက် လွန်၍ အားကြီး ကြ၏။ မ တရားသဖြင့် ပြု သောသူကို မိမိ အပြစ် နှင့်အလျောက် ထာဝရဘုရား ဆပ်ပေး တော်မူစေသတည်းဟု မိမိ ကျွန် တို့အား မိန့် တော်မူ၏။