14
ထိုသို့ ရှင်ဘုရင် ၏ စိတ် နှလုံးသည် အဗရှလုံ သို့ ပါသွားကြောင်း ကို ဇေရုယာ သား ယွာဘ သည် ရိပ်မိ သောအခါ တေကော မြို့သို့ စေလွှတ် ပညာရှိ သောမိန်းမ ကို ခေါ် ပြီးလျှင်သင်သည် ဆီ လိမ်း ပါနှင့်။ စိတ် မသာညည်းတွားဟန်ပြု၍ မသာ အဝတ် ကို ဝတ် ပါတော့။ လူသေ အတွက် ကြာမြင့် စွာ ငိုကြွေး သောမိန်းမ ယောင်ဆောင် လျက် ရှင်ဘုရင် ထံ တော်သို့ဝင် ဤသို့ လျှောက် ရမည်ဟု သွန်သင် လေ၏။ ထိုတေကော မြို့သူမိန်းမ သည် အထံ တော်သို့ ဝင်၍ မြေ ပေါ် မှာ ပြပ်ဝပ် ရှိခိုး လျက်အရှင်မင်းကြီးကယ်မ သနားတော်မူပါဟု လျှောက် လေ၏။ ရှင်ဘုရင် ကလည်းအဘယ် အမှုရှိသနည်းဟုမေး တော်မူလျှင် မိန်းမ က၊ ကျွန်တော်မ သည် လင် သေ သော မုတ်ဆိုးမ ဖြစ်ပါ၏။ ကိုယ်တော် ကျွန် မ၌ သား နှစ် ယောက်ရှိပါ၏။ ထိုသားနှစ် ယောက်တို့သည် ခိုက်ရန် ပြုကြပါ၏။ ဖျန်ဖြေ သောသူမ ရှိသောကြောင့် တယောက် သည် တယောက် ကို သေ သည်တိုင်အောင်လုပ်ကြံ ပါ၏။ ယခု မှာ အဆွေအမျိုး အပေါင်း တို့သည် ကိုယ်တော် ကျွန် မတဘက် ၌ထ ကြ၍ အစ်ကို ကို သတ် သောသူကိုသေစားသေစေ ခြင်းငှါ အပ် ရမည်။ အမွေခံ ကိုလည်း ငါတို့ပယ်ရှင်း မည်ဟုဆို ကြပါ၏။ ထိုသို့ပြုလျှင်၊ ကျွန်တော်မ ၌ ကျန်ကြွင်း သေးသော မီးခဲ ကို သူတို့သည် သတ် ကြပါလိမ့်မည်။ ကျွန်တော်မ လင် ၏အမည် ကို၎င်းအကျန် အကြွင်းကို၎င်း၊ မြေကြီး ပေါ် က သုတ်သင်ပယ်ရှင်းကြပါလိမ့်မည်ဟု လျှောက် လေသော်၊ ရှင် ဘုရင်က သင့် အိမ် သို့ ပြန်သွား လော့။ သင့်အမှုကို ငါ စီရင် မည်ဟု မိန်းမ အား မိန့် တော်မူ၏” တေကော မြို့သူမိန်းမ ကလည်းအိုအရှင်မင်းကြီးကျွန်တော်မ နှင့် ကျွန်တော်မ အဆွေအမျိုး အပြစ် ရောက်ပါစေ။ ရှင်ဘုရင် နှင့် ရာဇ ပလ္လင်တော်သည် အပြစ် လွတ်ပါစေဟုလျှောက် လျှင် 10  ရှင် ဘုရင်က၊ သင် အပြစ် တင်သောသူကို ငါ့ ထံသို့ ခေါ် ခဲ့လော့။ နောက် တဖန်သင့် ကို နှောင့်ရှက် ရဟု မိန့် တော်မူသော်၊ 11  မိန်းမက၊ သေစားသေစေ သောသူတို့သည် ကျွန်တော်မ ၏သား ကိုသတ် မည်ဟု စိုးရိမ်ပါသည်ဖြစ်၍သူတို့သည်အထူးသဖြင့်မ ဖျက်ဆီး စေခြင်းငှါအရှင်မင်းကြီးသည် ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ကို အောက်မေ့ တော်မူပါဟု လျှောက် ပြန်သော်ရှင်ဘုရင်က၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်းသင့် သား ၏ဆံပင် တပင်မျှ မြေ ပေါ်သို့ ကျ ရဟု မိန့် တော်မူ၏” 12  တဖန် မိန်းမ ကလည်း၊ ကိုယ်တော် ကျွန် မသည် အရှင် မင်းကြီး အား စကား တခွန်းလျှောက် ရသောအခွင့် ကိုပေး တော်မူပါဟု တောင်းပန် လျှင်လျှောက် လော့ဟု မိန့် တော်မူ၏” 13  မိန်းမ ကလည်းသို့ဖြစ်လျှင် ကိုယ်တော်သည် ဘုရား သခင်၏ လူ တို့တစ်ဘက် ၌ အဘယ်ကြောင့် ကြံစည် တော်မူသနည်း။ အရှင်မင်းကြီး နှင်ထုတ် သောသူကို တဖန်ခေါ် တော်မ မူသဖြင့်၊ ကိုယ်ကို အပြစ်တင်၍ စီရင် တော်မူပါပြီတကား။ 14  ငါတို့သည် သေ အံ့သောသူဖြစ် ကြ၏။ မြေ ပေါ် မှာသွန် ပြီးလျှင်နောက်တဖန်ကျုံး ၍ မ ယူနိုင်သောရေ နှင့် တူ ကြပါ၏။ ဘုရား သခင်သည် လူမျက်နှာကို မ ထောက် သော်လည်းနှင်ထုတ် ခြင်းကိုခံရသောသူသည် အစဉ် နှင်ထုတ် ခြင်းကိုခံ ၍ မ နေရမည်အကြောင်း ကြံစည် တော်မူ၏။ 15  သို့ဖြစ်၍ ကျွန်တော်မသည် လာ ၍ဤ အမှု ကို အရှင် မင်းကြီး အား လျှောက် ရသည်အကြောင်း မှာ၊ ကျွန်တော်မ ကြောက် အောင် လူ များတို့သည်ပြုကြပါ၏။ ကိုယ်တော် ကျွန် မကလည်းရှင်ဘုရင် ကို ငါလျှောက် မည်။ ရှင် ဘုရင်သည် ငါတောင်းပန်သည်အတိုင်း ပြု ကောင်း ပြုတော်မူမည်။ 16  ငါ နှင့် ငါ့ သား ကိုဘုရား သခင်၏ အမွေ တော်မြေပေါ်က သုတ်သင်ပယ်ရှင်း သောသူ ၏လက် မှ ငါ့ကို နှုတ် အံ့သောငှါ နားထောင် တော်မူလိမ့်မည်ဟု ဆို ပါ၏။ 17  ကိုယ်တော် ကျွန် မကလည်းငါ့ သခင် အရှင်မင်းကြီး ၏ အမိန့် တော်ကြောင့် ချမ်းသာ မည်။ ဘုရား သခင်၏ကောင်းကင် တမန်ကဲ့သို့ ငါ့ သခင် အရှင် မင်းကြီးသည် ကောင်း မကောင်း ကို ပိုင်းခြား ၍ သိတော်မူ၏ဟု အောက်မေ့ပါ၏။ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် နှင့်အတူ ရှိ တော်မူလိမ့်မည်ဟု လျှောက် လေ၏။ 18  ထိုအခါ ရှင် ဘုရင်က၊ ငါ မေးမြန်း သည်အမှု ကို မ ထိမ် မဝှက်ပါနှင့် ဟုအမိန့် ရှိသော်မိန်းမ က အရှင် မင်းကြီး အမိန့် ရှိတော်မူပါဟု လျှောက် လေ၏” 19  ရှင် ဘုရင်ကလည်း အမှု၌ ယွာဘ သည် သင့် အားအကြံပေးသည်မဟုတ်လောဟုမေး သော်မိန်းမ က အိုအရှင် မင်းကြီးကိုယ်တော် အသက် ရှင်တော်မူသည်အတိုင်း၊ အရှင် မင်းကြီး မိန့် တော်မူသော စကားလမ်းမှ လက်ျာ ဘက်လက်ဝဲ ဘက်သို့ အဘယ်သူမျှမ လွှဲနိုင် ရာ။ အကယ်စင်စစ် ကိုယ်တော် ကျွန် ယွာဘ သည် ကျွန်တော်မ ကို မှာ ထား၍ စကား အလုံးစုံ တို့ကို သွန်သင် ပါ၏။ 20  ပရိယာယ်ပြု၍ ဤသို့ အယောင်ဆောင် စေခြင်းငှါ ကိုယ်တော် ကျွန် ယွာဘ သည် စီရင် ပါ၏။ အရှင်သခင် သည်လည်း မြေကြီး ပေါ် မှာ ရှိသမျှ တို့ကို သိ နိုင်သည် တိုင်အောင်ဘုရား သခင်၏ ကောင်းကင်တမန် သည် ပညာရှိ သကဲ့သို့ ပညာရှိ တော်မူသည်ဟု ပြန်လျှောက် လေ၏” 21  ထိုအခါ ရှင် ဘုရင်က၊ ဤ အမှု ကို ငါစီရင် ရ၏။ သင်သွား ၍ ထို လုလင် အဗရှလုံ ကို တဖန်ခေါ်ရမည်ဟု ယွာဘ အား မိန့် တော်မူ၏။ 22  ယွာဘ သည်လည်း မြေ ပေါ် မှာ ဦးချ ပြပ်ဝပ် လျက်ကျွန်တော် သခင် အရှင်မင်းကြီးကိုယ်တော် ကျွန် အသနား တော်ခံသည်အတိုင်း အရှင်မင်းကြီး ပြု တော်မူသောကြောင့်၊ ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ မျက်နှာရ ကြောင်း ကို ကျွန်တော်သိ ပါသည်ဟု ကျေးဇူးတော်ကို ဝန်ခံလေ၏။ 23  ထိုနောက် ယွာဘ သည်ထ ဂေရှုရ မြို့သို့ သွား သဖြင့်အဗရှလုံ ကို ယေရုရှလင် မြို့သို့ဆောင် ခဲ့လေ၏။ 24  ရှင် ဘုရင်ကလည်းမိမိ အိမ် သို့ သွား စေ။ ငါ့ မျက်နှာ ကို မ မြင် စေနှင့်ဟု အမိန့် တော်ရှိသည်အတိုင်းအဗရှလုံ သည် မိမိ အိမ် သို့ သွား ရှင်ဘုရင် ၏ မျက်နှာ တော်ကို မ မြင် ရ။ 25  ဣသရေလ အမျိုး တမျိုးလုံး တွင် အဗရှလုံ ကဲ့သို့ အဆင်းလှ ၍ ချီးမွမ်း ရသောသူတယောက်မျှမ ရှိ။ ခြေဘဝါး မှ သည် ဦးထိပ် တိုင်အောင် အပြစ် တခုမျှမ ရှိ 26  ဆံပင်လေး သောကြောင့်နှစ်တိုင်းဖြတ်၍ တနှစ်လျှင် အကျပ်တော်အတိုင်း အကျပ် သုံးဆယ်ရတတ်၏။ 27  အဗရှလုံ သည် သား သုံး ယောက်နှင့် တာမာ အမည် ရှိသောသမီး တယောက် ကိုမြင် လေ၏။ သမီးသည် အလွန်လှ သောသူဖြစ် ၏။ 28  အဗရှလုံ သည် ရှင်ဘုရင် ၏ မျက်နှာ တော်ကို မ မြင် ရဘဲနှစ်နှစ် ပတ်လုံးယေရုရှလင် မြို့၌ နေ ပြီးမှ 29  ယွာဘ ကိုရှင်ဘုရင် ထံ တော်သို့ စေလွှတ် မည်အကြံနှင့် ခေါ်သောအခါ ယွာဘသည်မ လာ 30  ဒုတိယ အကြိမ်ခေါ်သော်လည်း လာ။ ထိုကြောင့် ကျွန် တို့အားယွာဘ ၏ လယ် သည် ငါတို့နေရာ နှင့်နီးပြီ။ မုယော စပါးရှိ၏။ သွား မီး ရှို့ ကြဟု စီရင်သည်အတိုင်း အဗရှလုံ ၏ကျွန် တို့သည် မီး ရှို့ ကြ၏။ 31  ထိုအခါ ယွာဘ သည် အဗရှလုံ အိမ် သို့ သွား ကိုယ်တော် ၏ ကျွန် တို့သည် ကျွန်တော် လယ် ကို အဘယ်ကြောင့် မီး ရှို့ ကြသနည်းဟုမေး သော်၊ 32  အဗရှလုံ က၊ ငါသည် ဂေရှုရ မြို့မှ အဘယ်ကြောင့် လာ ရသနည်း။ ထို မြို့၌ ယခုတိုင်အောင်နေကောင်း သည်ဟု လျှောက် စေခြင်းငှါသင့် ကို ရှင်ဘုရင် ထံ တော်သို့ စေလွှတ် မည်ဟု ငါခေါ်၏။ ယခု မှာ ရှင်ဘုရင် ၏ မျက်နှာ တော်ကို ငါမြင် ရပါစေ။ အပြစ် ရှိ လျှင် သတ် တော်မူပါစေဟု ယွာဘ အား ပြောဆို သော် 33  ယွာဘ သည် ရှင်ဘုရင် ထံ တော်သို့ သွား လျှောက် သဖြင့်အဗရှလုံ ကို ခေါ် တော်မူ၏။ အဗရှလုံ သည်လာ ရှင်ဘုရင် ရှေ့ တော်၌ ဦးချ ပြပ်ဝပ်၏။ ရှင် ဘုရင်သည် သူကို နမ်း တော်မူ၏။