31
ဖိလိတ္တိ လူတို့သည် ဣသရေလ လူတို့ကို စစ်တိုက် ဣသရေလ လူ တို့သည် ရန်သူရှေ့ မှာ ပြေး သဖြင့်၊ ဂိလဗော တောင် ပေါ် မှာ အထိအခိုက် နှင့် လဲ ၍သေကြ၏။ ဖိလိတ္တိ လူတို့သည် ရှောလု မင်းနှင့် သူ ၏သား တို့ကို ပြင်းထန် စွာ လိုက်၍ရှောလု ၏သား ယောနသန်အဘိနဒပ်မေလခိရွှ တို့ကိုသတ် ကြ၏။ စစ်တိုက် ရာတွင် ရှောလု သည် အလွန်ခံရ၏။ လေး သမားတို့ ပစ် သော မြှားမှန်၍ အလွန် နာ သောကြောင့် လက်နက် ဆောင် လုလင်ကို ခေါ်ပြီးလျှင်သင့် ထား ကို ထုတ် ငါ့ ကို ထိုး လော့။ သို့မဟုတ် အရေဖျား လှီးခြင်းကို မခံသောလူတို့သည်လာ ငါ့ ကိုထိုး ပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆို သော်လည်းလက်နက် ဆောင် လုလင်သည် အလွန် ကြောက် ၍ မ ပြုဘဲနေသောကြောင့်ရှောလု သည် ထိုထား ကို ယူ ထောင်ပြီးလျှင်၊ ထားဖျားပေါ် မှာ လှဲ ၍ သေလေ၏။ ရှောလု သေ သည်ကို လက်နက် ဆောင် လုလင် မြင် လျှင်သူ သည်လည်း ထိုထားကိုထောင်၍ ရှောလုနှင့်အတူ ထား ဖျားပေါ် မှာ လှဲ သေ ၏။ ထိုသို့ ရှောလု မှစ၍သူ ၏ သား သုံး ယောက်၊ သူ ၏ လက်နက် ဆောင် လုလင်၊ သူ ၏ လူ အပေါင်း တို့သည် ထို နေ့ခြင်းတွင် အတူ သေ ကြ၏။ ဣသရေလ လူ ပြေး ကြောင်းရှောလု နှင့် သူ ၏သား များသေ ကြောင်း ကို ချိုင့် တစ်ဘက်ယော်ဒန် မြစ်တစ်ဘက် နေသော ဣသရေလ လူ တို့သည် သိမြင် လျှင်မြို့ ရွာတို့ကို စွန့် ပြေး သဖြင့်ဖိလိတ္တိ လူတို့သည် လာ နေ ကြ၏။ နက်ဖြန် နေ့၌ ဖိလိတ္တိ လူတို့သည် အသေကောင် တို့၌ အဝတ်တန်ဆာကို ချွတ် ခြင်းငှါ လာ သောအခါဂိလဗော တောင် ပေါ် မှာ၊ ရှောလု နှင့် သူ ၏သား သုံး ယောက်တို့သည် လဲ သေလျက် ရှိသည်ကို တွေ့မြင် ကြ၏။ ရှောလု၏ ခေါင်း ကို ဖြတ် လက်နက် တော်ကို ချွတ် ပြီးမှ သူ တို့ ရုပ်တု ကျောင်း များ၌၎င်း၊ လူ များတို့၌၎င်း၊ သိတင်း ကျော်စောစေခြင်းငှါ ဖိလိတ္တိ ပြည် အရပ်ရပ်သို့ ပေး လိုက်ကြ၏။ 10 လက်နက် တော်ကိုလည်း အာရှတရက် ကျောင်း ၌ ထား အလောင်း တော်ကို ဗက်ရှန် မြို့ရိုး ဆွဲ ထားကြ၏။ 11 ရှောလု ဖိလိတ္တိ လူတို့ ပြု သော အမှုကိုဂိလဒ် ပြည် ယာဗက်မြို့သား များကြား လျှင် 12 သူရဲ အပေါင်း တို့သည် ညဉ့် အခါ ထ သွား ရှောလု ၏အလောင်း နှင့် သူ ၏သား အလောင်း တို့ကို ဗက်ရှန် မြို့ရိုး မှ ချ ပြီးလျှင်ယာဗက် မြို့သို့ ဆောင် ခဲ့၍ မီး ရှို့ကြ၏။ 13 အရိုး တို့ကိုလည်း ယူ ယာဗက် မြို့မှာ သစ်ပင် အောက် ၌ သင်္ဂြိုဟ် ပြီးမှ ခုနစ် ရက် ပတ်လုံးအစာရှောင် ကြ၏။