34
ယောရှိ သည် အသက် ရှစ် နှစ်ရှိသော်နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံးဆယ် နှစ် စိုးစံ လေ၏။ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု လက်ျာ ဘက်လက်ဝဲ ဘက်သို့ မ လွှဲအဘ ဒါဝိဒ် လိုက်သောလမ်း သို့ လိုက် လေ၏။ အသက် တော်ငယ်စဉ်နန်းစံ ရှစ် နှစ် တွင်အဘ ဒါဝိဒ် ၏ ဘုရားသခင် ကို ဆည်းကပ် ပြု၏။ တဆယ် နှစ် နှစ် တွင် ယုဒ ပြည်၊ ယေရုရှလင် မြို့၌ ရှိသောကုန်းအာရှရ ပင်၊ ထု သောရုပ်တု၊ သွန်း သောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစ ပြု၏။ ဗာလ ဘုရားတို့ ယဇ် ပလ္လင်များကို ရှေ့ တော်၌ ဖြိုချ ယဇ်ပလ္လင်ပေါ်တွင် အမြင့်တင်ထားသော ရုပ်တု တို့ကို ခုတ်လှဲ ကြ၏။ အာရှရ ပင်များနှင့် ထု သောရုပ်တု၊ သွန်း သောရုပ်တုများကိုချိုးဖဲ့ ညက်ညက် ချေပြီးလျှင်ယဇ် ပူဇော်သောသူတို့၏ သင်္ချိုင်း ပေါ် မှာ ဖြန့်ဖြူး တော်မူ ၏။ ယဇ်ပုရောဟိတ် တို့အရိုး ကို ထိုယဇ် ပလ္လင်တည်ရာအပေါ် မှာ မီးရှို့ ယုဒ ပြည်နှင့် ယေရုရှလင် မြို့ကို စင်ကြယ် စေတော်မူ၏။ ထိုအတူ မနာရှေ ခရိုင်ဧဖရိမ် ခရိုင်၊ ရှိမောင် ခရိုင်၊ နဿလိ ခရိုင် တိုင်အောင်အရပ်ရပ် မြို့များတို့၌ ပေါက်တူး နှင့်လုပ်လျက်၊ ယဇ် ပလ္လင်နှင့် အာရှရ ပင်တို့ကို ချိုးဖဲ့ ဣသရေလ ပြည် တလျှောက်လုံး ရှိသမျှ သောရုပ်တု ဆင်းတုတို့ကို ခုတ်လှဲ ညက်ညက် ချေပြီးမှ ယေရုရှလင် မြို့သို့ ပြန် တော်မူ၏။ နန်းစံ ဆယ် ရှစ် နှစ် တွင်နိုင်ငံ တော်နှင့် ဗိမာန် တော်ကို စင်ကြယ် စေပြီးမှမိမိ ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကို ပြုပြင် လိုသောငှါအာဇလိ ၏ သား ရှာဖန်မြို့ဝန် မာသေယယောခတ် သား အတွင်းဝန် ယောအာ တို့ကို စေလွှတ် တော်မူ၏။ ထိုသူတို့သည် ယဇ် ပုရောဟိတ်မင်း ဟိလခိ ထံ သို့ သွား ဗိမာန် တော်သို့ လူများဆောင်ခဲ့သောငွေ၊ မနာရှေ အမျိုးသား၊ ဧဖရိမ် အမျိုးသား၊ ကျန်ကြွင်း သော ဣသရေလ အမျိုးသားရှိသမျှယုဒ အမျိုးသား၊ ဗင်္ယာမိန် အမျိုးသား၊ ယေရုရှလင် မြို့သူမြို့သားအပေါင်း တို့လက် မှ တံခါး စောင့် လေဝိ သားတို့ခံ သော ငွေ ကိုယူ ၍၊ 10 ဗိမာန် တော်ကို ကြည့်ရှု ပြုစုသောသူတို့ ၌ အပ် သဖြင့်သူတို့သည် ဗိမာန် တော်ကို ပြုပြင် ခြင်းငှါ လုပ်ဆောင် သောသူ 11 ဗိသုကာနှင့် လက်သမား လုပ် သည့်အတွက်ယုဒ ရှင်ဘုရင် ဖျက်ဆီး သော အဆောင် တို့ကို ပြင်စရာ ဘို့ ဆစ်သောကျောက်များနှင့် ထုပ်လျောက်ရနယ်များကို ဝယ် သည်အတွက် ပေး ကြ၏။ 12 လုပ်ဆောင် သူ တို့သည် သစ္စာ စောင့် ကြ၏။ လေဝိ အမျိုး၊ မေရာရိ အနွယ်ယာဟတ် နှင့် ဩဗဒိကောဟတ် အနွှယ်ဇာခရိ နှင့် မေရှုလံ အစ ရှိသော တူရိယာ မျိုးကို တီးမှုတ်လျက်သီချင်းဆိုတတ်သော လေဝိ သားအပေါင်း တို့သည် ကြည့်ရှု နှိုးဆော်ကြ၏။ 13 ထိုသူတို့သည် ဝန်ထမ်း သောသူမှစ၍အလုပ် မျိုးကို လုပ်ဆောင် သော သူအပေါင်း တို့ကို ကြည့်ရှုအုပ်ချုပ် ကြ၏။ လေဝိ သားအချို့တို့သည်လည်း စာရေးတရားသူကြီးတံခါးစောင့် လုပ် ကြ၏။ 14 ဗိမာန် တော်သို့ ဆောင် ခဲ့သောငွေ ကို ထုတ် သောအခါယဇ်ပုရောဟိတ် ဟိလခိ သည် မောရှေ ရေးထားသော ထာဝရဘုရား ၏ ပညတ္တိ ကျမ်းစာစောင် ကို တွေ့ 15 တွေ့ ကြောင်းကို စာရေး တော်ရှာဖန် အား ပြော လျက် ထိုကျမ်းစာကို အပ် ပေး၏။ 16 ရှာဖန် သည် ရှင်ဘုရင် ထံသို့ ယူသွား ကိုယ်တော် ကျွန် တို့သည် မှာ ထားတော်မူသမျှ အတိုင်း ပြု ကြ ပါ၏။ 17 ဗိမာန် တော်၌ တွေ့ သောငွေ ကို မှုတ် အုပ်ချုပ် သောသူနှင့် လုပ်ဆောင် သောသူတို့၌ အပ် ပါပြီဟူ၍၎င်း၊ 18 ယဇ်ပုရောဟိတ် ဟိလခိ သည် ကျွန်တော် စာစောင် ကို အပ် ပါပြီဟူ၍၎င်း ကြားလျှောက် လျက်ရှင်ဘုရင် ရှေ့ တော်၌ ဘတ်ရွတ် လေ၏။ 19 ရှင် ဘုရင်သည် တရား စကား ကိုကြား လျှင်မိမိ အဝတ် ကိုဆုတ် 20 ယဇ်ပုရောဟိတ်ဟိလခိရှာဖန် သား အဟိကံမိက္ခါ သား အာဗဒုန်စာရေး တော်ရှာဖန်မိမိကျွန် အာသာယ ကို ခေါ် 21 ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့ အတွက် ဣသရေလ ပြည်နှင့် ယုဒ ပြည်၌ ကျန်ကြွင်း သေးသောသူတို့ အတွက် ထာဝရဘုရား ၌ မေးလျှောက် ကြပါ။ ဘိုးဘေး တို့သည် ထာဝရဘုရား ၏ အမိန့် တော်ကို နား ထောင်၊ ဤ ကျမ်းစာ ရေးထား သမျှ အတိုင်း မကျင့် ဘဲ နေသောကြောင့်၊ ထာဝရဘုရား သည် ငါ တို့၌ ပြင်းစွာ အမျက် ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
22 ထိုကာလတွင်၊ ဟရဟတ် သား ဖြစ်သော တိကဝ ၏သား အချုပ်ဝန်ရှလ္လုံ ၏မယားပရောဖက်မ ဟုလဒ သည် ယေရုရှလင် မြို့၌ နေ သည်ဖြစ်၍၊ ဟိလခိ နှင့် ရှင်ဘုရင် ၏လူ တို့သည် ထိုမိန်းမ ထံသို့ သွား၍ ပြောဆို ကြ၏။
23 မိန်းမကလည်း၊ ငါ့ ထံသို့ စေလွှတ် သော သူ ထံသို့ သင် တို့ပြန်၍ ဆင့်ဆို ရသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၏ အမိန့် တော်ဟူမူကား 24 ယုဒ ရှင်ဘုရင် ရှေ့ မှာ ဘတ် ရသော ကျမ်းစာ ရေးထား သမျှ သောအကျိန် စကားပြည့်စုံစေခြင်းငှါ၊ ငါသည်ဤ အရပ် ၎င်း အရပ် သားတို့၌ ၎င်း ဘေး ရောက် စေမည်။ 25 အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့် ကြပြီ။ မိမိ လုပ် သော အရာတို့ဖြင့် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါအခြား တပါးသော ဘုရား တို့ရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ကြပြီ။ ထိုကြောင့်ဤ အရပ် ငါ့ အမျက် မီးသည် မ ငြိမ်း ဘဲလောင် ရလိမ့်မည်ဟု မိန့်တော်မူ၏။ 26 ထာဝရဘုရား ကို မေးလျှောက် စေခြင်းငှါသင် တို့ကိုစေလွှတ် သော ယုဒ ရှင်ဘုရင် ကြား သော ကျမ်းစကား ကို ရည်ဆောင် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူကြောင်း ကို ထိုရှင်ဘုရင်အား တဖန်ပြန်လျှောက်ရမည်ကား၊ 27  အရပ် ကို ၎င်းဤအရပ်သားတို့ကို၎င်း၊ ငါခြိမ်းချောက်သော စကား ကို သင် သည်ကြား သောအခါနူးညံ့ သောစိတ်ရှိ၍ဘုရားသခင့်ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ ခြင်း၊ ကိုယ် အဝတ် ကိုဆုတ် ခြင်း၊ ငါ့ ရှေ့ မှာ ငိုကြွေး ခြင်းကိုပြုသောကြောင့်သင့်စကား ကို ငါ နားထောင် ၏။ 28 ငါ သည် သင် ကို ဘိုးဘေး စုဝေး ရာသို့ ပို့ဆောင်၍၊ သင် သည် ငြိမ်ဝပ် စွာ သင်္ချိုင်း သို့ရောက် ရလိမ့်မည်။ ဤ အရပ် ၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ငါ ရောက် စေအံ့သော ဘေး ကို သင့် ကိုယ်တိုင် တွေ့ မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း၊ သူတို့သည် ရှင်ဘုရင် အား ပြန် လျှောက် ကြ၏။ 29 ထိုအခါ ရှင် ဘုရင်သည် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားအသက်ကြီး သူအပေါင်း တို့ကို ခေါ် 30 ယုဒ ပြည်သူ ယေရုရှလင် မြို့သားယဇ်ပုရောဟိတ်လေဝိ သား၊ လူ အကြီး အငယ် အပေါင်း တို့နှင့်တကွဗိမာန် တော်သို့ တက် ဗိမာန် တော်၌တွေ့ သော ပဋိညာဉ် ကျမ်းစာ ရှိသမျှ ကို သူ တို့ရှေ့ မှာ ဘတ် တော်မူ၏။ 31 ရှင်ဘုရင် ကလည်းထာဝရဘုရား ကို ဆည်းကပ် ပါမည်။ စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို စိတ်နှလုံး အကြွင်းမဲ့စောင့်ရှောက် ပါမည်။ ဤ ကျမ်းစာ ပါ သောပဋိညာဉ် စကား အတိုင်း ကျင့် ပါမည်ဟု မိမိ နေရာ ရပ် အဓိဋ္ဌာန် ပြု ၏။ 32 စည်းဝေးသော ယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသား အပေါင်း တို့သည်၊ ထိုအဓိဋ္ဌာန်ကို ဝန်ခံရမည် အကြောင်းစီရင်တော်မူ၏။ ယေရုရှလင် မြို့သား တို့ သည်လည်းဘိုးဘေး တို့ကိုးကွယ်သော ဘုရားသခင် ၏ ပဋိညာဉ် တရားအတိုင်း ကျင့် ကြ၏။ 33 ယောရှိ မင်းသည်လည်းရွံရှာ ဘွယ်သောအရာရှိသမျှ တို့ ကို ဣသရေလ အမျိုးသား ပိုင်သော ပြည်အရပ်ရပ် တို့မှ ပယ်ရှား၍၊ ဣသရေလအမျိုးသားပိုင်သော ပြည်အရပ်ရပ်တို့မှ ပယ်ရှား၍၊ ဣသရေလပြည်၌ နေသောသူအပေါင်းတို့သည်၊ မိမိ တို့ဘုရားသခင် ထာဝရဘုရား ကို ဝတ်ပြု ရမည်အကြောင်းစီရင်တော်မူသဖြင့်၊ လက်ထက် တော်ကာလပတ်လုံး သူတို့သည် မ ဖောက်ပြန်ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို့ လိုက်လျက်နေကြ၏။