9
အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် သားစဉ် မြေးဆက်စာရင်း ဝင်၍၊ ကိုယ် အပြစ် ကြောင့် ဗာဗုလုန် မြို့ သို့ သိမ်းသွား ခြင်း ကိုခံရနှင့်သော ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင်မှတ်စာ ပါ သတည်း။ နောက်တဖန်ကိုယ်ပိုင် ထိုက်သော မြို့ ရွာတို့၌ အဦးဆုံး နေရာ ကျသောသူကား၊ ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ်လေဝိ သား၊ ဘုရား ကျွန်အသီးအသီးဖြစ်ကြ၏။ ယေရုရှလင် မြို့မှာ နေ သောယုဒ အမျိုးဗင်္ယာမိန် အမျိုးဧဖရိမ် နှင့် မနာရှေ အမျိုးသား ဟူမူကား ယုဒ သား ဖာရက် အမျိုးအနွယ်ဗာနိဣမရိဩမရိအမိဟုဒ် တို့မှ ဆင်းသက်သော ဥသဲ တပါး၊ ရှိလောနိ အမျိုးဖြစ်သော သားဦး အသာယ နှင့် သူ ၏သား တစု၊ ဇေရ အမျိုး ယွေလ နှင့် သူ ၏ညီအစ်ကို တစု ပေါင်းခြောက် ရာ ကိုး ဆယ်တည်း။ ဗင်္ယာမိန် အမျိုးအနွယ် ဖြစ်သော ဟာသေနွာဟောဒဝိမေရှုလံ တို့မှ ဆင်းသက်သော သလ္လု ယေရောဟံ သား ဣဗနိယမိခရိ သား ဖြစ်သော ဩဇိ ၏သား ဧလာ နှင့် ဣဗနိယရွေလရှေဖတိ တို့မှ ဆင်းသက်သော မေရှုလံ မှစ၍၊ သားစဉ် မြေးဆက်စာရင်းဝင်သော အမျိုးသား ချင်းပေါင်းကိုး ရာ ငါး ဆယ်ခြောက် ယောက်တည်း။ ဤ သူအပေါင်း တို့သည် အဆွေအမျိုး သူကြီး ဖြစ်ကြ၏။ 10 ယဇ်ပုရောဟိတ် မူကား ယေဒါယယောယရိပ်ယာခိန် နှင့်တကွ 11 အဟိတုပ်မရာယုတ်ဇာဒုတ်မေရှုလံဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင် ၏ အိမ် တော်အုပ် အာဇရိ တပါး၊ 12 မာလခိပါရှုရယေရောဟံ တို့မှ ဆင်းသက်သော အဒါယ နှင့် ဣမေရမေရှိလမုတ်မေရှုလံယာဇေရအဒေလ တို့မှ ဆင်းသက်သော မာရှဲ အစ ရှိသော၊ 13 အဆွေအမျိုး သူကြီး အမျိုးသား ချင်း တထောင် ခုနစ် ရာ ခြောက် ဆယ်ရှိကြ၏။ ဤသူတို့သည် ဘုရားသခင် ၏ အိမ် တော်အမှု ကိုဆောင်ရွက်ခြင်းငှါတတ်စွမ်း နိုင်သောသူ ပေတည်း။ 14 လေဝိ သားမူကား၊ မေရာရိ အမျိုးအနွယ် ဖြစ် သော ဟာရှဘိအာဇရိကံဟာရှုပ် တို့မှ ဆင်းသက်သော ရှေမာရ တပါး၊ 15 ဗာကဗက္ကာဟေရက်ဂလာလ သုံးပါး၊ အာသပ်ဇိခရိမိက္ခါ တို့မှ ဆင်းသက်သောမဿနိ တပါး၊ 16 ယေဒုသုံဂလာလရှေမာယ တို့မှ ဆင်းသက်သော ဩဗဒိ တပါး၊ နေတောဖာသိ ရွာ တို့တွင် နေ သောဧလကာန သား အာသ ၏သား ဗေရခိ တပါးတည်း။ 17 တံခါးစောင့် မူကား ရှလ္လုံအက္ကုပ်တာလမုန်အဟိမန် အစရှိသော ညီအစ်ကို တစု၊ 18 ရှလ္လုံ သည် ရှင်ဘုရင် ဝင်သော အရှေ့ တံခါး တွင် တံခါးမှူး ဖြစ်၏။ ဤသူ တို့သည် လေဝိ သား အပေါင်းအသင်း ၌ပါသောတံခါးစောင့် ပေတည်း။ 19 ကောရသိ အဆွေအမျိုးကောရဧဗျာသပ်ကောရ တို့မှ ဆင်းသက်သော ရှလ္လုံ နှင့်မိမိ ညီ တို့သည် အမှု တော်စောင့် ရာတွင် တဲ တော်တံခါး စောင့်ဖြစ်ကြ၏။ အဘ တို့သည် ထာဝရဘုရား ၏ ဗိုလ်ခြေတပ်ချ ရာတွင် တဲ တော်ဦးစောင့် ဖြစ်ကြ၏။ 20 ရှေး ကာလဧလာဇာ သား ဖိနဟတ် သည် ထိုသူ တို့ ကိုအုပ် ရ၍၊ ထာဝရဘုရား သည် သူ နှင့်အတူ ရှိတော်မူ၏။ 21 မေရှိလမိ သား ဇာခရိ သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးစောင့် ဖြစ်၏။ 22 တံခါးစောင့် အရာ ၌ ခန့်ထား သောသူပေါင်း ကား နှစ် ရာတဆယ် နှစ် ယောက်တည်း။ ထိုသူ တို့သည် ဒါဝိဒ် နှင့် ပရောဖက် ရှမွေလ ခန့်ထား သော သားစဉ်မြေးဆက်အသီးအသီး နေသောရွာ စာရင်း ဝင်ကြ၏။ 23 ထိုသူ ၏ သားစဉ် မြေးဆက်တို့သည် တဲ တော်တည်းဟူသောထာဝရဘုရား ၏အိမ် တော်၌ တံခါးစောင့် အမှုကို ဆောင်ရွက်ရကြ၏။ 24 တံခါးစောင့် တို့သည် အရှေ့အနောက်တောင်မြောက်လေး မျက်နှာ စောင့်နေရကြ၏။ 25 ရွာ တို့၌ နေသောအပေါင်းအဘော် တို့သည် အလှည့် သင့်သည်အတိုင်း ခုနစ် ရက်ခုနစ်ရက် လာ ရ ကြ၏။ 26 ထိုလေဝိ သားတို့တွင် တံခါးစောင့် ကြီး လေး ယောက်တို့သည် အရာကိုခံရသည်အတိုင်း၊ ဘုရားသခင် ၏ အိမ် တော်အခန်း များနှင့် ဘဏ္ဍာတိုက် များကို စောင့်ရကြ ၏။ 27 ထိုသို့စောင့် နံနက် တိုင်းတံခါးကို ဖွင့်ရသောကြောင့်ဘုရားသခင် ၏ အိမ် တော်ပတ်လည် ၌ အိပ် ရကြ ၏။ 28 အချို့တို့သည်လည်း၊ အမှု တော်စောင့်တန်ဆာ များကို အရေအတွက် အတိုင်း သွင်း လျက် ထုတ် လျက် စောင့်ရကြ၏။ 29 အချို့တို့သည်လည်း၊ သန့်ရှင်း ရာဌာနတော် တန်ဆာ များ၊ အသုံးအဆောင် များ၊ မုန့်ညက်စပျစ်ရည်ဆီလောဗန်နံ့သာမျိုး များကို ပြုစု ၍စောင့်ရကြ၏။ 30 ယဇ် ပုရောဟိတ်အမျိုးသား အချို့တို့သည်လည်း နံ့သာဆီ ကို လုပ် ရကြ၏။ 31 လေဝိ သား၊ ကောရသိ အဆွေအမျိုးဖြစ်သော ရှလ္လုံ သားဦး မတ္တိသိ သည် သံပြား ဖြင့်ဖုတ်သော မုန့်မျိုးကို စောင့်ရ၏။ 32 သူ ၏ညီအစ်ကို နှင့် အခြားသောကောရသိ အဆွေအမျိုးသား တို့သည် ဥပုသ် နေ့၌ ရှေ့ တော်မုန့်ကို ပြင်ဆင် ရကြ၏။ 33 သီချင်း ဆိုသောသူ လေဝိ အဆွေအမျိုးသူကြီး တို့သည် မိမိ တို့အမှု ကို နေ့ ညဉ့်မပြတ်စောင့်ရသောကြောင့်အိမ်တော်အခန်း နေ၍ အခြားသောအမှုနှင့်လွတ် ကြ၏။ 34 ထိုလေဝိ အဆွေအမျိုးသူကြီး တို့သည် အစဉ်အဆက် အကြီးအကဲ ဖြစ်၍ ယေရုရှလင် မြို့၌ နေရာ ကျကြ၏။ 35 ယေဟေလ သည် ဂိဗောင် မြို့တွင် နေထိုင် ပြီး ဂိဗောင် မြို့သားတို့၏ခေါင်းဆောင် ဖြစ်သည်။ သူ ၏ဇနီး မှာ မာခါ နာမည် ရှိ၏။ 36 သူ ၏သားဦး ကား၊ အာဗဒုန် ဖြစ်၏။ သူ၏အခြားသားများမှာ ဇုရ ၊ ကိရှဗာလနေရနာဒပ် 37 ဂေဒေါ်အဟိဩဇာခရိမိကလုတ် တို့ဖြစ်ကြ၏။ 38 မိကလုတ် ၏သားသည် ရှိမံ ဖြစ်၏။ သူ တို့လည်း သူ တို့၏ဆွေမျိုး အနီး ယေရုရှလင် မြို့တွင် နေထိုင် ကြ၏။ 39 နေရ သည် ကိရှ ၏အဘ ဖြစ်၏။ ကိရှ သည် ရှောလု ၏အဘ ဖြစ်၏။ ရှောလု သည် ယောနသန်မေလခိရွှအဘိနာဒပ်ဣရှဗာလ တို့၏အဘ ဖြစ်၏။ 40 ယောနသန် ၏သား သည် မေရိဗ္ဗာလ မေရိဗ္ဗာလ ၏သားမှာ မိက္ခါ ဖြစ်၏။ 41 မိက္ခါ ၏သား များမှာ ပိသုန်မေလက်တာရာအာခတ် တို့ဖြစ်ကြ၏။ 42 အာခတ်သည် ယာရ ၏အဘ ဖြစ်၏။ ယာရ တွင် သားအာလမက်အာဇမာဝက် နှင့် ဇိမရိ ဟူ၍ သားသုံးယောက်ရှိ၏။ ဇိမရိ သည် မောဇ ၏အဘ ဖြစ်၏။ 43 မောဇ သည် ဗိနာ ၏အဘ ဖြစ်၏။ ဗိနာ ၏သား ရေဖာယရေဖာယ ၏သား ဧလာသဧလာသ ၏သား အာဇေလ ဖြစ်၏။ 44 အဇေလ ၏သား အာဇရိကံဗောခေရုဣရှမေလရှရိယဩဗဒိ နှင့် ဟာနန် ဟူ၍ သား ခြောက် ယောက်ရှိ၏။