24
1 အာရုန် အမျိုးသား အသီးအခြား သင်းဖွဲ့ရာမှာ၊ အာရုန် သား ကား နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။
2 နာဒပ် နှင့် အဘိဟု သည်သား မ ရှိ။ အဘ လက်ထက်တွင် သေ သောကြောင့် ၊ ဧလာဇာ နှင့် ဣသမာ သည် ယဇ် ပုရောဟိတ်အမှုကို ဆောင်ရ၏။
3 ဒါဝိဒ် သည် ဧလာဇာ အမျိုး ဇာဒုတ် နှင့် ဣသမာ အမျိုး အဟိမလက် ကို အသီးအသီး ဆောင် သင့်သည် အတိုင်းခန့်ထားလေ၏။
4 ဣသမာ အမျိုး အကြီးအကဲ ထက် ဧလာဇာ အမျိုး အကြီးအကဲသာ၍များ သောကြောင့်၊ ဧလာဇာ အဆွေအမျိုး အလိုက် အကြီးအကဲ တကျိပ် ခြောက် ယောက်၊ ဣသမာ အဆွေအမျိုး အလိုက် အကြီးအကဲရှစ် ယောက် တို့ကို အသီးအသီး ခွဲခန့်လေ၏။
5 စာရေးတံ ပြုလျက် အသီးအခြား ခွဲခန့်၍ သန့်ရှင်း ရာဌာနအုပ် ၊ ဘုရားသခင် ၏အမှု တော်အုပ်တို့ကို ဧလာဇာ အမျိုး နှင့် ဣသမာ အမျိုး ထဲက ရွေးယူရ၏။
6 လေဝိ အမျိုးနာသနေလ သား စာရေးတော် ရှေမာယ သည် ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ အဗျာသာ သား အဟိမလက် ၊ ယဇ်ပုရောဟိတ် လေဝိ သားအဆွေအမျိုး သူကြီး များ ရှေ့ မှာနာမများကို မှတ် ရ၏။ စာရေးတံ ပြု၍ ဧလာဇာ အမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက် ခန့်ထားသော သူဟူမူကား၊
7 ပဌမ သူယောယာရိပ် ၊ ဒုတိယ သူယေဒါယ၊
8 တတိယ သူဟာရိမ် ၊ စတုတ္ထ သူစောရိမ်၊
9 ပဉ္စမ သူမာလခိယ ၊ ဆဌမ သူမိယမိန်၊
10 သတ္တမ သူဟက္ကုတ် ၊ အဋ္ဌမ သူအဘိယ၊
11 နဝမ သူယေရွှာ ၊ ဒသမ သူ ရှေကနိ၊
12 ဧကဒသမ သူဧလျာရှိပ် ၊ ဒွါဒသမ သူယာကိမ်၊
13 တကျိပ် သုံး ယောက်မြောက်သော သူဟုပ္ပ ၊ တကျိပ် လေး ယောက်မြောက်သောသူ ယေရှေဗပ်၊
14 တကျိပ် ငါး ယောက်မြောက်သော သူဗိလဂ ၊ တကျိပ် ခြောက် ယောက် မြောက်သောသူဣမ္မေရ၊
15 တကျိပ် ခုနစ် ယောက်မြောက်သောသူ ဟေဇိရ ၊ တကျိပ် ရှစ် ယောက်မြောက်သူအပ်ဇဇ်၊
16 တကျိပ် ကိုး ယောက်မြောက်သောသူပေသဟိ ၊ နှစ်ကျိပ် မြောက်သောသူ ယေဇကျေလ၊
17 နှစ်ကျိပ် တယောက် မြောက်သောသူ ယာခိန် ၊ နှစ်ကျိပ် နှစ် ယောက်မြောက်သောသူ ဂါမုလ၊
18 နှစ်ကျိပ် သုံး ယောက်မြောက်သောသူ ဒေလာယ ၊ နှစ်ကျိပ် လေး ယောက်မြောက်သောသူ မာဇိ တည်း။
19 ထိုသို့သူတို့အဘ အာရုန် အား ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား မှာထား တော်မူ၍၊ အဘ အာရုန်စီရင် သည် အတိုင်း သူတို့သည် ထာဝရဘုရား ၏ အိမ် တော်ကို ဝင် မြဲဝင်၍ အမှု တော်ကို ဆောင်ရွက်စေခြင်းငှါ ခွဲခန့် ခြင်းရှိသတည်း။
20 ကြွင်း သော လေဝိ အမျိုးသား ဟူမူကား၊ အာမရံ သား ဖြစ်သော ရှုဗွေလ ၏သား စုတွင် ယေဒေယ၊
21 ရေဟဘိ သား စုတွင် ဣရှယာ၊
22 ဣဇဟာ သားဖြစ်သော ရှေလောမိတ် ၏သားစု တွင် ယာဟတ်၊
23 ဟေဗြုန်သားစုတွင် သားအကြီးယေရိ ၊ ဒုတိယ သားအာမရိ ၊ တတိယ သားယဟာဇေလ ၊ စတုတ္ထ သား ယေကမံ ၊
24 ဩဇေလ သား ဖြစ်သော မိက္ခါ ၏သား စုတွင် ရှမိရ၊
25 မိက္ခါ ညီ ဣရှယာ သား စုတွင် ဇာခရိ တည်း။
26 မေရာရိ သား ကား မဟာလိ နှင့် မုရှိ ဖြစ်၍၊
27 မေရာရိ အမျိုးသား ဖြစ်သော ယာဇိ ၏သား ကား ဗေနော၊ ရှောဟံ ၊ ဇက္ကုရ ၊ ဣဗရိ တည်း။
28 မဟာလိ သားဧလာဇာ ၌သား မ ရှိ။
29 ကိရှ သား ကား ယေရမေလ တည်း။
30 မုရှိ သား ကားမဟာလိ ၊ ဧဒါ ၊ ယေရိမုတ် တည်း။ ဤရွေ့ကား မိမိ တို့ အဆွေအမျိုး အလိုက် လေဝိ အမျိုးသားတည်း။
31 ဤသူ တို့သည် ဒါဝိဒ် မင်းကြီး ၊ ဇာဒုတ် ၊ အဟိမလက် အစရှိသော ယဇ်ပုရောဟိတ် လေဝိ သားအဆွေအမျိုး သူကြီးတို့ရှေ့ မှာ မိမိ တို့ညီအစ်ကို အာရုန် အမျိုးသား တို့တဘက်တချက် အလှည့်လှည့်စာရေးတံ ပြုကြ၏။