82
ဘုရား သခင်သည် ဘုရားတို့၏ ပရိသတ် ရပ် လျက် နေတော်မူ၍၊ ဘုရား တို့ အလယ် စီရင် တော်မူ၏။ သင်တို့သည် မတရား သောသူတို့ ၏ မျက်နှာ ကို ထောက် အဘယ် မျှ ကာလ ပတ်လုံး မ တရားသဖြင့် စီရင် ကြမည်နည်း။ ဆင်းရဲ သော သူနှင့် မိဘ မရှိသောသူတို့ကို စောင့် မကြလော့။ ငြိုငြင် သောသူနှင့် ငတ်မွတ် သောသူတို့ ဘက်၌ တရား စီရင်ကြလော့။ ဆင်းရဲ သောသူနှင့် ငတ်မွတ် သောသူတို့ ကို မတရား သောသူ ၏လက် မှ ကယ်နှုတ် ကြလော့။ သူတို့သည် မ သိနား လည်ကြ။ မှောင်မိုက် ကျင်လည် ကြ၏။ မြေကြီး တိုက်မြစ် အပေါင်း တို့သည် လှုပ်ရှား လျက်ရှိကြ၏။ သင် တို့သည် ဘုရား ဖြစ်ကြ၏။ ရှိသမျှ တို့သည် အမြင့်ဆုံး သော ဘုရား၏သား ဖြစ်ကြ၏ဟုငါ ဆို သတည်း။ သို့ သော်လည်း၊ သင်တို့သည် လူ ကဲ့သို့ သေ အခြား သော မင်း ကဲ့သို့ ဆုံးရှုံး ခြင်းသို့ရောက်ကြလိမ့်မည်။ အိုဘုရား သခင်၊ ထ ၍မြေကြီး ကို တရားစီရင် တော်မူပါ။ ကိုယ်တော် သည် လူမျိုး အပေါင်း တို့ကို အပိုင် ရတော်မူ၏။