150
သန့်ရှင်း ရာ ဌာနတော်၌ ဘုရား သခင်ကို ချီးမွမ်း ကြလော့။ ဘုန်း တော်ထင်ရှားရာ ကောင်းကင် မျက်နှာကြက်ပေါ် မှာ ချီးမွမ်း ကြလော့။ ထူးဆန်းသော တန်ခိုး တော်များကြောင့်ဘုရား သခင် ကို ချီးမွမ်း ကြလော့။ အလွန်တရာကြီးမြတ် တော်မူခြင်း ရှိသည်အတိုင်း ချီးမွမ်း ကြလော့။ တံပိုး မှုတ် လျက် ဘုရား သခင်ကို ချီးမွမ်း ကြလော့။ တယော နှင့် စောင်း ကိုတီးလျက် ချီးမွမ်း ကြလော့။ ပတ်သာ တီးလျက်ကခုန် လျက် နှင့်ချီးမွမ်း ကြလော့။ ကြိုး နှင့်ပြည့်စုံသော တုရိယာကိုတီးလျက်နှဲခရာ ကို မှုတ်လျက် ချီးမွမ်း ကြလော့။ အသံ ကျယ်သောသံလွင် ကို တီးလျက် ချီးမွမ်း ကြလော့။ အကြီးဆုံး သော လင်းကွင်း ကိုလည်း တီးလျက် ချီးမွမ်း ကြလော့။ အသက် ရှိသောသူအပေါင်း တို့သည် ထာဝရ ဘုရား ကို ချီးမွမ်း ကြစေ။ ဟာလေလုယ