148
ကောင်းကင် ဘုံ၌ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ ဘဝဂ် ပေါ် မှာ ချီးမွမ်း ကြလော့။ ကောင်းကင် တမန်အပေါင်း တို့၊ ထာဝရ ဘုရား ကို ချီးမွမ်း ကြလော့။ ကောင်းကင်ဗိုလ်ခြေ အပေါင်း တို့ ချီးမွမ်း ကြလော့။ နေ တို့၊ ထာဝရ ဘုရားကိုချီးမွမ်း ကြလော့။ ထွန်းလင်း သော ကြယ် အပေါင်း တို့၊ ချီးမွမ်း ကြလော့။ ကောင်းကင် အထပ်ထပ်နှင့် ကောင်းကင် ပေါ် မှာ ရေ များတို့၊ ချီးမွမ်း ကြလော့။ ထို အရာတို့ကိုအမိန့် တော်ရှိ၍ဖန်ဆင်း တော်မူသောကြောင့်ထာဝရဘုရား ၏နာမတော် ကို ချီးမွမ်း ကြစေ။ ထို အရာတို့ကို ကာလ အစဉ်အဆက် အမြဲတည် စေတော်မူ၍ ပျက် ရသောဓမ္မတာ ကို စီရင် တော်မူ၏။ မြေကြီး ရှိသောအရာ၊ ငါး ကြီးများ၊ နက်နဲ ရာ အရပ် များ၊ မီး နှင့် မိုဃ်းသီးမိုဃ်းပွင့် နှင့် အခိုး အငွေ့၊ အမိန့် တော်ကို နားထောင် သော လေပြင်း မုန်တိုင်း၊ တောင် ကြီးတောင် ငယ်ရှိသမျှအသီး ကိုသီးသောအပင်အာရဇ် ပင် ရှိသမျှ 10 သားရဲ နှင့် သားယဉ် အပေါင်းတွား တတ်သော တိရိစ္ဆာန်နှင့် ပျံ တတ်သော ငှက် အစရှိသော၊ 11 လောကီ ရှင် ဘုရင်များနှင့် ပြည်သူ ပြည်သားအပေါင်းမင်း များနှင့် လောကီ တရားသူကြီး အပေါင်း 12 လူပျို နှင့် အပျို များ၊ လူအို နှင့် လူ ကလေးများတို့၊ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ 13 နာမတော်တပါးတည်း သာလျှင် မြတ်၍၊ ဘုန်း တော်သည်မြေကြီး နှင့် ကောင်းကင် အပေါ် ထက်၌ ရှိသောကြောင့်၊ ထာဝရ ဘုရား၏ နာမတော် ကို ချီးမွမ်း ကြစေ။ 14 မိမိ လူစု တို့၏ဦးချို ကို ချီးမြှင့် တော်မူသဖြင့်အနီး တော်၌ရှိသောလူစုဣသရေလ အမျိုးသားတည်းဟူသော မိမိ သန့်ရှင်း သူအပေါင်း တို့၏ ချီးမွမ်း ရာဖြစ် တော်မူ၏။ ဟာလေလုယ။