137
ဗာဗုလုန် မြစ် တို့အနား မှာ ငါတို့သည်ထိုင် ၍ ၊ ဇိအုန် မြို့ကို အောက်မေ့ လျက် ငိုကြွေး ကြ၏။ ငါ တို့စောင်း များကိုလည်း ထို အရပ်တွင် မိုဃ်းမခ ပင်တို့၌ ဆွဲထား ကြ၏။ အကြောင်း မူကား၊ ထို အရပ်၌ ငါ တို့ကို ဘမ်း သွားချုပ်ထားသော သူနှင့် ၊ ငါ တို့ကိုညှဉ်းဆဲ သောသူတို့က၊ ဇိအုန် သီချင်း ကို ငါ တို့အား ဆို ကြလော့ဟု၊ သီချင်း ဆိုသံ ကို၎င်း၊ ရွှင်လန်း သော အသံကို၎င်း၊ ငါ တို့၌ တောင်း ကြပါ သည်တကား။ တကျွန်း တနိုင်ငံ၌ ထာဝရဘုရား ၏ သီချင်း ကို အဘယ်သို့ ဆို ရပါမည်နည်း။ အိုယေရုရှလင် မြို့၊ သင့် ကို ငါမေ့ လျှင် ငါ့ လက်ျာ လက်သည် မိမိအတတ်ကိုမေ့ ပါစေ။ သင့် ကိုငါမ အောက်မေ့ ၊ အမြတ် ဆုံးသော ဝမ်းမြောက် ခြင်းအကြောင်း ထက်၊ ယေရုရှလင် မြို့ကို အမြတ် မ ထားလျှင် ၊ ငါ့ လျှာ သည် အာခေါင် ၌ ထပ် ပါစေ။ အိုထာဝရဘုရားယေရုရှလင် မြို့၏ နေ့ရက်အချိန်ရောက်သောအခါ၊ မြို့ရိုး ကို အမြစ် တိုင်အောင် ရှင်း လိုက်ကြ၊ ရှင်း လိုက်ကြဟု ဆို ကြသော ဧဒုံ အမျိုးသား တို့ကို အောက်မေ့ တော်မူပါ။ ဖျက်ဆီး တတ်သော ဗာဗုလုန် မင်းသမီးသင် သည် ငါ တို့၌ ပြု သည်အတိုင်း ၊ သင် ၌ အပြစ် ကိုဆပ်ပေး သောသူ သည် မင်္ဂလာ ရှိ၏။ သင် ၏သူငယ် တို့ကိုကိုင်ယူ ၍ ၊ ကျောက် ပေါ် မှာ ဆောင့် သောသူသည် မင်္ဂလာ ရှိ၏။