130
အိုထာဝရဘုရားနက်နဲ ရာထဲက ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ပါ၏။ အို ထာဝရ ဘုရား၊ အကျွန်ုပ် ၏ စကား သံကို ကြား ၍၊ အကျွန်ုပ် ဆုတောင်း ပဌနာပြုသံ ကို နားညောင်း တော်မူပါ။ အို ဘုရား ရှင်ထာဝရ ဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ် များကို မှတ် တော်မူလျှင် အဘယ်သူ သည် ခံရပ် နိုင်ပါမည်နည်း။ ကိုယ်တော် ကို ကြောက်ရွံ့ စရာအကြောင်း ရှိစေခြင်းငှါ၊ အပြစ် လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။ ထာဝရဘုရား ကို ငါစောင့် လျက်နေ၏။ ငါ့ ဝိညာဉ် သည် စောင့် လျက်နေ၏။ နှုတ်ကပတ် တော်ကို ငါမြော်လင့် ၏။ နံနက် ကို မြော်လင့် သောသူတို့ ထက်မကငါ့ ဝိညာဉ် သည် ဘုရား ရှင်ကို မြော်လင့် လျက်နေ၏။ ဣသရေလ အမျိုးသည် ထာဝရဘုရား ကို မြော်လင့် ပါစေ။ အကြောင်း မူကား၊ ထာဝရဘုရား ကရုဏာ ရှိ၏။ များစွာ သော ရွေးနှုတ် ခြင်းကျေးဇူးရှိ၏။ ဣသရေလ အမျိုးကို ခပ်သိမ်း သောဒုစရိုက် အပြစ်တို့အထဲက ရွေးနှုတ် တော်မူလိမ့်မည်။