109
အကျွန်ုပ် ချီးမွမ်း သော ဘုရား သခင်၊ တိတ်ဆိတ် စွာနေတော်မ မူပါနှင့်။ တရားသောသူနှင့် သစ္စာ ပျက်သောသူတို့ သည် အကျွန်ုပ် တဘက် ၌နှုတ် ကိုဖွင့် မုသား စကား ကို ပြောဆို ကြပါ၏။ မနာလို သောစိတ်နှင့် စကား ပြောလျက်အကျွန်ုပ် ကိုဝိုင်း အကြောင်း မရှိဘဲ စစ်တိုက် ကြပါ၏။ အကျွန်ုပ် ၏ မေတ္တာ အတွက် သူတို့သည် ရန်ဘက် ပြုကြပါ၏။ အကျွန်ုပ် မူကား ပဌနာ ပြုလျက် နေပါ၏။ အကျွန်ုပ် ပြုသောကျေးဇူး အတွက် မကောင်း သောအပြစ်ကို ၎င်းအကျွန်ုပ် မေတ္တာ အတွက် မုန်း ခြင်းကို၎င်း ဆပ် ပေးကြပါ၏။ ထိုသို့သောသူ ၏အပေါ် မှာ မ တရားသောသူကို ခန့်ထား တော်မူပါ။ သူ ၏လက်ျာ နား မှာ ရန်သူ နေ ပါစေ။ သူ သည် တရား စီရင်ခြင်းကိုခံ ရာတွင် ရှုံး ပါစေ။ သူ ပြုသော ပဌနာ သည် ပြစ်မှား ခြင်းဖြစ် ပါစေ။ သူ ၏အသက် တို ပါ စေ။ သူ ၏အရာ ကိုလည်း အခြား သူရ ပါစေ။ သူ ၏သား တို့သည် ဘသားဆိုး မယား လည်း မုတ်ဆိုးမ ဖြစ် ပါစေ။ 10 သူ ၏သား တို့သည် အရပ်ရပ် လည်၍ သူ တောင်း စား ဖြစ်ကြပါစေ။ ပျက်စီး သော မိမိ တို့နေရာများမှ ထွက် အစာကိုရှာ ကြပါစေ။ 11 သူ ရှိသမျှ ကို ကြွေးရှင် သိမ်းယူ ပါစေ။ သူ လုပ် ၍ရသောဥစ္စာ ကိုလည်း တပါး အမျိုးသားလုယူ ပါစေ။ 12 သူ ကျေးဇူး ပြု သောသူ၊ သူ ၏ဘသားဆိုး တို့ကို ကယ် မသနားသောသူ တယောက်မျှ မ ရှိ စေနှင့်။ 13 သူ ၏အနွှယ် သည် ပြတ် ပါစေ။ လူမျိုး ဆင်းသက်၍ တဆက်တည်းတွင်သူ တို့၏ နာမည် သည် ကျေ ပျောက် ပါစေ။ 14 သူ့ ဘိုးဘေး တို့၏ ဒုစရိုက် ကို ထာဝရဘုရား သည် သတိရ တော်မူပါစေ။ သူ့ အမိ ၏ အပြစ် သည် မ ဖြေ ပါစေနှင့်။ 15 ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရား ရှေ့ မှာ အစဉ်အမြဲ ထင်ရှား၍၊ မြေကြီး ပေါ် မှာ ထိုသူ တို့ကို အောက်မေ့ စရာ အမှတ်မျှ မရှိစေခြင်းငှါ၊ ပယ်ရှင်း တော်မူပါစေ။ 16 အကြောင်း မူကား၊ ထိုသူသည် ကယ်မ သနားခြင်းငှါ သတိ ရှိ။ ဆင်းရဲငတ်မွတ် စိတ် ပျက် သောသူကို သေ စေသည်တိုင်အောင် ညှဉ်းဆဲ ပြီ။ 17 သူသည် ကျိန်ဆဲ ခြင်းကို နှစ်သက် သည်နှင့်အညီသူ့ အပေါ်သို့ ရောက် ပါစေ။ ကောင်းကြီး မင်္ဂလာကို အလို ရှိသည်အတိုင်း သူ နှင့် ဝေး ပါစေ။ 18 အဝတ် ကို ဝတ်သကဲ့သို့ ကျိန်ဆဲ ခြင်းကို ဝတ် ရပါ စေ။ ရေ ကဲ့သို့ သူ ၏ဝမ်း ထဲ သို့၎င်း ဆီ ကဲ့သို့ သူ ၏အရိုး ထဲသို့ ၎င်း ဝင် ပါစေ။ 19 သူ၏ကိုယ်ကိုခြုံ သော အဝတ် ကဲ့သို့ ၎င်း၊ သူ ၏ ခါး၌ အစဉ် စည်း သော ခါးစည်း ကဲ့သို့ ၎င်း သူ ဖြစ် ပါစေ။ 20 ငါ ၏ဝိညာဉ် တဘက် ၌ မ ကောင်းသောစကားကို ပြော တတ်သော ငါ ၏ရန်သူ တို့သည် ထိုသို့ သော အကျိုး ကို ထာဝရဘုရား ထံ ခံရကြပါစေ။ 21 အိုဘုရား ရှင် ထာဝရဘုရား နာမ တော်အတွက် ကြောင့် အကျွန်ုပ် အမှုကို စောင့် တော်မူပါ။ ကရုဏာ တော် ကောင်း သည်ဖြစ်၍အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။ 22 အကျွန်ုပ် သည် ဆင်းရဲ ငတ်မွတ် ပါ၏။ အကျွန်ုပ် အထဲ နှလုံး နာ လျက်ရှိပါ၏။ 23 ရှည်လျား သော အရိပ် ကဲ့သို့ အကျွန်ုပ်ရွေ့သွား ပါ၏။ ကျိုင်းကောင် ကဲ့သို့ လှုပ်ရှား လျက်ရှိပါ၏။ 24 အစာ မစားဘဲ နေရသောကြောင့်ဒူးဆစ် နုန့်နဲ့ ၍ အသား လည်း လျော့ ပါ၏။ 25 အကျွန်ုပ် သည်လည်း သူတပါး တို့ ကဲ့ရဲ့ စရာ အကြောင်းဖြစ် ၍၊ သူတို့သည် အကျွန်ုပ် ကို မြင် သောအခါ ခေါင်း ညှိတ် ခြင်းကို ပြုကြပါ၏။ 26 အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရားအကျွန်ုပ် ကို မစ တော်မူပါ။ ကရုဏာ တော်ရှိသည်အတိုင်း ကယ်တင် တော်မူပါ။ 27 ထို အမှုသည် တန်ခိုး တော်ကြောင့်ဖြစ်၍ထာဝရဘုရား တည်းဟူသောကိုယ်တော်စီရင် တော်မူသည် ဟု ထို သူတို့သည် သိ ကြပါစေသော။ 28 ထိုသူ တို့သည် ကျိန်ဆဲ သော်လည်းကိုယ်တော် မူကား ကောင်းကြီး ပေးတော်မူပါ။ သူတို့သည် ထ သောအခါ အရှက် ကွဲကြပါစေသော။ ကိုယ်တော် ၏ ကျွန် မူကားဝမ်းမြောက် ပါစေသော။ 29 အကျွန်ုပ် ၏ ရန်သူ တို့သည် ရှက်ကြောက် ခြင်းအဝတ်ကိုဝတ် စောင် နှင့်ခြုံသကဲ့သို့မျက်နှာ ပျက်ခြင်း နှင့် ကိုယ် ကိုခြုံ ကြပါစေသော။ 30 အကျွန်ုပ် သည် နှုတ် မြွက်၍ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလွန် ချီးမွမ်း ပါမည်။ များစွာ သောသူတို့ အလယ် မှာ ချီးမွမ်း ပါမည်။ 31 အကြောင်း မူကား၊ ဆင်းရဲသောသူ ၏ ဝိညာဉ် ကို အပြစ် စီရင်သောသူတို့ ၏လက်မှ ကယ်တင် ခြင်းငှါသူ ၏လက်ျာ ဘက်မှာ ရပ် ၍ နေတော်မူတတ်၏။