3
1 အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမ တို့၊ ကိုယ် ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံ ကြလော့။
2 သို့ပြု၍၊ နှုတ်ကပတ်ဘုရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူ တို့သည် တရားမ နာသော်လည်း ၊ သင် တို့၏ ကြောက်ရွံ့ ခြင်းနှင့် စင်ကြယ် သောအကျင့် တို့ကို ထောက်ရှု ၍၊ မိမိမယား ၏ အကျင့် အားဖြင့် သွေးဆောင် လျက် အတူပါ မည် အကြောင်း ရှိ၏။
3 သင်တို့၌ တန်ဆာဆင်ခြင်းမူကား၊ ဆံပင် ကျစ် ခြင်း၊ ရွှေ ဆင် ခြင်း၊ အဝတ် ဝတ် ခြင်းတည်းဟူသောအပြင် တန်ဆာဆင်ခြင်းမ ဖြစ် စေဘဲ၊
4 ဘုရားသခင့် ရှေ့ မှာ အဘိုး များစွာထိုက်သော နူးညံ့ ငြိမ်သက် ခြင်းသဘော တည်းဟူသောမ ဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ် နှလုံး၏ အတွင်း လူ ဖြစ် စေကြလော့။
5 ဘုရားသခင် ကို ကိုးစား ၍သန့်ရှင်း သော မိန်းမ တို့သည် ရှေး ကထိုသို့ ကိုယ် ကိုတန်ဆာ ဆင်လျက်၊ စာရာ သည် အာဗြဟံ ကို သခင် ဟုခေါ်ဝေါ် ၍ သူ ၏စကားကို နားထောင် သကဲ့သို့ ၊ ကိုယ် ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံ ကြ၏။ သင်တို့သည် ကောင်းမွန် စွာကျင့်၍ ၊ ကြောက်ရွံ့ တုန်လှုပ် ခြင်းအလျှင်း မ ရှိဘဲနေလျှင် စာရာ ၏သမီး ဖြစ် ကြ၏။
6 ထိုနည်းတူ ၊ ယောက်ျား တို့၊ ဆုတောင်း ခြင်းအမှု၌ အဆီးအတား မ ရှိစေခြင်းငှာ အသက် ရှင်ခြင်းကျေးဇူး တော်ကို ဆက်ဆံ၍အမွေ ခံရသော သူချင်းကဲ့သို့ ၊ သတိ ပညာနှင့် လျော် စွာကိုယ်ခင်ပွန်းနှင့်အတူနေ ၍၊
7 အားနည်း သောသူကို ပြုသင့်သည်အတိုင်း သူ့ ကို စောင့်မ ပြုစုကြလော့။
8 အချုပ်အခြာ စကားဟူမူကား၊ သင်တို့အပေါင်း သည် စိတ် တစ်ညီတစ်ညွတ်တည်းရှိကြလော့။ စိတ်ကြင်နာ ခြင်း၊ ညီအစ်ကို ချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက် ခြင်း၊ စိတ် နှိမ့်ချခြင်းရှိကြလော့။
9 သင်တို့သည် ကောင်းကြီး မင်္ဂလာကိုအမွေခံ စေခြင်းအလိုငှာ ခေါ် တော်မူသောသူ ဖြစ်သည်ဟု သိမှတ် ၍၊ အချင်းချင်းရန်တုံ့ မ မူ၊ ပြန်၍ မကဲ့ရဲ့ ၊ မေတ္တာပို့ခြင်းကို ပြုကြလော့။
10 အသက် ကိုမွေ့လျော် စေ၍ ၊ ကောင်းမွန် သော နေ့ရက် တို့ကို တွေ့မြင် ခြင်းငှာအလိုရှိ သောသူ သည်၊ မိမိလျှာ ကိုမကောင်း သောအရာနှင့် ကင်းလွတ် စေ။ မိမိနှုတ်ခမ်း လည်း မုသား စကားကို မ ပြော စေနှင့်။
11 ဒုစရိုက် ကိုလွှဲရှောင် ၍ သုစရိုက် ကိုပြု စေ။ သူတစ်ပါးနှင့် အသင့်အတင့် နေခြင်းကိုရှာ ၍ မှီအောင် လိုက် စေ။
12 အကြောင်းမူကား ၊ ထာဝရ ဘုရားသည် ဖြောင့်မတ် သောသူတို့ကို ကြည့်ရှု တော်မူ၏။ သူ တို့ ဆုတောင်း ခြင်းကိုလည်း နားထောင် တော်မူ၏။ ဒုစရိုက် ပြု သော သူတို့ကိုကား ၊ ထာဝရ ဘုရားသည် မျက်နှာ လွှဲ တော်မူ၏။
13 သင် တို့သည်ကောင်း သောတရားကို ကျင့် သောသူဖြစ် လျှင် ၊ အဘယ်သူ ညှဉ်းဆဲ မည်နည်း။
14 ဖြောင့်မတ် ခြင်းတရားကြောင့် ဆင်းရဲ ခံရလျှင် မူကား ၊ မင်္ဂလာ ရှိကြ၏။ သူ တို့၏ခြိမ်းချောက် ခြင်းကို မ ကြောက် ကြနှင့်၊ မ ထိတ်လန့် ကြနှင့်။
15 စိတ် နှလုံးထဲ၌ ထာဝရ အရှင်ဘုရားသခင်ကို ရိုသေ ခြင်းရှိကြလော့။ သင် တို့မြော်လင့် ခြင်း၏အကြောင်း ကို မေးမြန်း သောသူရှိသမျှ တို့အား၊ နူးညံ့ သောသဘော၊ ကြောက်ရွံ့ သောသဘောနှင့် ပြန်ပြော ခြင်းငှာ ၊ ကာလအစဉ်မပြတ် အသင့် ရှိနေကြလော့။
16 ခရစ်တော် ၌ သင် တို့ကျင့်သော အကျင့် ကောင်း ကို ရှုတ်ချ သော သူ တို့သည် ကဲ့ရဲ့ ပြစ်တင်သောအခါ ၊ ကိုယ်တိုင်ရှက်ကြောက် ခြင်းမရှိမည်အကြောင်း ၊ သင်တို့သည် ကိုယ်ကိုကိုယ် သိသောစိတ် ကြည်လင် လျက် နေ ကြလော့။
17 ဘုရားသခင့် အလို တော်ရှိလျှင် ၊ သုစရိုက် ကိုပြု၍ ဆင်းရဲ ခံခြင်းသည်၊ ဒုစရိုက် ကိုပြု၍ ခံခြင်းထက် သာ၍ကောင်း ၏။
18 ခရစ်တော် သည် ကိုယ်ခန္ဓာ အားဖြင့်အသေ သတ်ခြင်းကိုခံ၍၊ ဝိညာဉ် တော်အားဖြင့်အသက် ရှင်ခြင်း သို့ ရောက်တော်မူသည်ဖြစ်၍ ငါ တို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင် ခြင်းငှာ ၊ ဖြောင့်မတ် တော်မူသောသူသည်၊ မ ဖြောင့်မတ်သော သူတို့အတွက် ၊ ဒုစရိုက် အပြစ်များကြောင့် တစ်ခါ ခံ တော်မူ၏။
19 ထိုဝိညာဉ် တော်အားဖြင့် လည်း ကြွသွား တော်မူ၍၊ ယခုထောင် ထဲမှာ လှောင်ထားသော ဝိညာဉ် တို့အား တရားဟော တော်မူ၏။
20 ထိုဝိညာဉ်တို့မူကား ရှေးကာလ၊ နောဧ လက်ထက် ၌ ၊ နည်း သောသူတည်းဟူသောလူ ရှစ် ယောက်တို့ကို ရေ အားဖြင့် ကယ်ဆယ် သောသင်္ဘော ကိုတည်လုပ် စဉ် တွင်၊ ဘုရားသခင် ၏ ခန္တီ တော်သည်ဆိုင်းလင့် တော်မူသော်လည်း၊ နားမထောင် သောဝိညာဉ် ဖြစ်သတည်း။
21 ထိုသို့သောဥပမာ အတိုင်း ၊ ယခု တွင်ဗတ္တိဇံ သည် ယေရှု ခရစ် ထမြောက် တော်မူသောအားဖြင့် ၊ ငါ တို့ကို ကယ်တင် တတ်၏။ ဗတ္တိဇံဟုဆိုသော်၊ ကိုယ် ကာယ၏ အညစ်အကြေး ဆေးကြော ခြင်းကို မ ဆိုလို။ ကိုယ်ကိုကိုယ် သိသောစိတ်ကြည်လင် ၍၊ ဘုရားသခင့် ရှေ့ ၌ ဝန်ခံ ခြင်းကို ဆိုလိုသတည်း။
22 ထိုသခင် သည် ကောင်းကင် ဘုံသို့ ကြွ တော်မူသည်ဖြစ်၍၊ ကောင်းကင်တမန် အစ ရှိသော အာဏာစက် တန်ခိုး များတို့ကို အုပ်စိုး လျက်၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ ရှိ တော်မူ၏။