26
ထိုဘေး ငြိမ်းသောနောက်ထာဝရဘုရား က၊ အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ကို၊ ဘိုးဘ အဆွေအမျိုး အလိုက် စာရင်းယူ ကြလော့ဟု မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့အား မိန့် တော်မူသည် အတိုင်း သူတို့သည် မောဘ လွင်ပြင်ယော်ဒန် မြစ်နားယေရိခေါ မြို့တဘက်၌၊ အသက် နှစ်ဆယ် လွန် သောသူတို့ကို စာရင်းယူရ မည်အကြောင်းဆင့်ဆို ကြ၏။ အဲဂုတ္တု ပြည် မှ ထွက်လာ သောဣသရေလ အမျိုးသား တို့တွင်၊ ဣသရေလ ၏ သားဦး ရုဗင် ၏သား ဟူမူကား ဟာနုတ် မှဆင်းသက်သော ဟောနောခိ အဆွေအမျိုးဖါလု မှ ဆင်းသက်သော ဖာလွိ အဆွေအမျိုး ဟေဇရုံ မှ ဆင်းသက်သော ဟေဇရောနိ အဆွေအမျိုးကာမိ မှ ဆင်းသက်သော ကာမိတ် အဆွေအမျိုး တည်း။ သူတို့သည် ရုဗင် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ လေးသောင်း သုံးထောင်ခုနစ်ရာသုံးဆယ်ရှိသတည်း။ ဖာလု ၏သား ဧလျာဘဧလျာဘ ၏သား နေမွေလဒါသန်အဘိရံ တည်း။ ဒါသန်အဘိရံ တို့သည် အခြားမဟုတ်၊ ကောရ အပေါင်းအသင်း သည် ထာဝရဘုရား နှင့် ဆန့်ကျင်ဘက် ပြုသောအခါပရိသတ် ၌ ကျော်စော ၍ မောရှေ နှင့် အာရုန် ကို ဆန့်ကျင်ဘက် ပြုသော ဒါသန်၊ အဘိရံ ဖြစ်ကြ၏။ 10  မြေကြီး သည် မိမိ ခံတွင်း ကိုဖွင့် သူ တို့ကို၎င်းကောရ ကို၎င်း မျို သဖြင့်ထိုအပေါင်းအသင်း ဝင်သူတို့ သည် သေ ကြ၏။ မီး သည် လည်း လူနှစ်ရာ ငါးဆယ် တို့ကို အသက် ဆုံးစေ၏။ ထိုသူတို့သည် သတိပေး သော သက်သေဖြစ် သတည်း။ 11  သို့ရာတွင် ကောရ ၏ သားသမီး တို့သည် သေ ဘေးနှင့် လွတ်ကြ၏။ 12  ဘိုးဘအဆွေအမျိုး အလိုက် ရှိမောင် ၏သား ဟူမူကား၊ ယေမွေလ မှ ဆင်းသက်သော ယေမွေလိ အဆွေအမျိုးယာမိန် မှ ဆင်းသက်သော ယာမိနိ အဆွေအမျိုးယာခိန် မှ ဆင်းသက်သော ယာခိနိ အဆွေအမျိုး 13  ဇေရ မှ ဆင်းသက်သောဇေရဟိ အဆွေအမျိုးရှောလ မှ ဆင်းသက်သော ရှောလိ အဆွေအမျိုး တည်း။ 14  သူတို့သည် ရှိမောင် အဆွေအမျိုး ဖြစ်၍လူပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာရှိသတည်း။ 15  ဘိုးဘအဆွေအမျိုး အလိုက် ဂဒ် ၏သား ဟူမူကား၊ ဇေဖုန် မှ ဆင်းသက်သော ဇေဖေါနိ အဆွေအမျိုးဟဂ္ဂိ မှ ဆင်းသက်သော ဟဂ္ဂိတ် အဆွေအမျိုးရှုနိ မှ ဆင်းသက်သော ရှုနိတ် အဆွေအမျိုး 16  ဩဇနိ မှ ဆင်းသက်သော ဩဇနိတ် အဆွေအမျိုးဧရိ မှ ဆင်းသက်သော ဧရိတ် အဆွေအမျိုး 17  အာရုဒ် မှ ဆင်းသက်သော အာရောဒိ အဆွေအမျိုးအရေလိ မှ ဆင်းသက်သော အရေလိတ် အဆွေအမျိုး တည်း။ 18  သူတို့သည်ဂဒ် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင် သော လူပေါင်းကား၊ လေးသောင်း ငါး ရာ ရှိသတည်း။ 19  ယုဒ ၏သား ဟူမူကား၊ ခါနာန် ပြည် သေ သော ဧရ နှင့် ဩနန် အစရှိသော၊ 20  ဘိုးဘအဆွေအမျိုး အလိုက်ရှေလ မှ ဆင်းသက်သော ရှေလနိ အဆွေအမျိုးဖါရဇ် မှ ဆင်းသက်သော ဖါရဇိ အဆွေအမျိုးဇေရ မှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုး တည်း။ 21  ဖါရဇ် ၏သားဟေဇရုံ မှ ဆင်းသက်သော ဟေဇရောနိ အဆွေအမျိုးဟာမုလ မှ ဆင်းသက်သော ဟာမုလိ အဆွေအမျိုး တည်း။ 22  သူတို့သည် ယုဒ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခုနစ်သောင်း ခြောက်ထောင်ငါးရာရှိသတည်း။ 23  ဘိုးဘအဆွေအမျိုး အလိုက် ဣသခါ ၏သား ဟူမူကား၊ တောလ မှဆင်းသက်သော တောလိ အဆွေအမျိုးဖုဝါ မှ ဆင်းသက်သော ဖုဝနိ အဆွေအမျိုး 24  ယာရှုပ် မှ ဆင်းသက်သော ယာရှုဘိ အဆွေအမျိုးရှိမရုန် မှ ဆင်းသက်သော ရှိမရောနိ အဆွေအမျိုး တည်း။ 25  သူတို့သည် ဣသခါ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခြောက်သောင်း လေးထောင်သုံးရာရှိသတည်း။ 26  ဘိုးဘအဆွေအမျိုး အလိုက် ဇာဗုလုန် ၏သား ဟူမူကား၊ သရက် မှ ဆင်းသက်သော သရဒိ အဆွေအမျိုးဧလုန် မှ ဆင်းသက်သော ဧလောနိ အဆွေအမျိုးယာလေလ မှဆင်းသက်သော ယာလေလိ အဆွေအမျိုးတည်း။ 27  သူတို့သည် ဇာဗုလုန် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခြောက်သောင်း ငါးရာရှိသတည်း။ 28  ဘိုးဘအဆွေအမျိုး အလိုက် ယောသပ် ၏သား မနာရှေ နှင့် ဧဖရိမ် တို့တွင်၊ 29  မနာရှေ ၏သား ဟူမူကား၊ မာခိရ မှ ဆင်းသက်သော မာခိရိ အဆွေအမျိုး 30  ယေဇေရ မှဆင်းသက်သော ယေဇေရိ အဆွေအမျိုးဟေလက် မှ ဆင်းသက်သော ဟေလကိ အဆွေအမျိုး 31  အသရေလ မှဆင်းသက်သော အာသရေလိ အဆွေအမျိုးရှေခင် မှ ဆင်းသက်သော ရှေခေမိ အဆွေအမျိုး 32  ရှမိဒ မှ ဆင်းသက်သော ရှမိဒိ အဆွေအမျိုးဟေဖါ မှဆင်းသက်သော ဟေဖေရိ အဆွေအမျိုး တည်း။ မာခိရ၏သားဂိလဒ်မှ ဆင်းသက်သော ဂိလဒိအဆွေအမျိုးတည်း။ 33  ဟေဖါ ၏သား ဇလောဖဒ် ၌ကား၊ သား ယောက်ျားမ ရှိသမီး သက်သက်သာ ရှိ၏။ ဇလောဖဒ် ၏ သမီး တို့ အမည် ကား၊ မာလာ နောအာဟောဂလာမိလကာတိရဇာ တည်း။ 34  သူတို့သည် မနာရှေ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ငါးသောင်း နှစ်ထောင်ခုနစ်ရာရှိသတည်း။ 35  ဘိုးဘအဆွေအမျိုး အလိုက် ဧဖရိမ် ၏သား ဟူမူကားရှုသလ မှ ဆင်းသက်သော ရှုသလိ အဆွေအမျိုးဗေခါ မှ ဆင်းသက်သော ဗေခရိ အဆွေအမျိုးတာဟန် မှ ဆင်းသက်သော တာဟနိ အဆွေအမျိုး တည်း။ 36  ရှုသေလ ၏သား ဧရန် မှ ဆင်းသက်သော ဧရနိ အဆွေအမျိုး တည်း။ 37  သူတို့သည် ဧဖရိမ် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ သုံးသောင်း နှစ်ထောင်ငါးရာရှိသတည်း။ ဤ သူတို့သည် ဘိုးဘအဆွေအမျိုး အလိုက် ယောသပ် ၏သားစဉ်မြေးဆက် ဖြစ်သတည်း။ 38  ဘိုးဘအဆွေအမျိုး အလိုက် ဗင်္ယာမိန် ၏သား ဟူမူကား၊ ဗေလ မှ ဆင်းသက်သော ဗေလိအဆွေအမျိုး၊ အာရှဗေလ မှ ဆင်းသက်သော အာရှဗေလိ အဆွေအမျိုးအဟိရံ မှ ဆင်းသက်သော အဟိရမိ အဆွေအမျိုး 39  ရှုဖံ မှ ဆင်းသက်သော ရှုဖမိ အဆွေအမျိုးဟုဖံ မှ ဆင်းသက်သော ဟုဖမိ အဆွေအမျိုး တည်း။ 40  ဗေလ သား အာရဒ မှဆင်းသက်သော အာရဒိ အဆွေအမျိုးနေမန် မှ ဆင်းသက်သော နေမနိ အဆွေအမျိုး တည်း။ 41  သူတို့သည် ဗင်္ယာမိန် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား လေးသောင်း ငါးထောင်ခြောက်ရာရှိသတည်း။ 42  ဘိုးဘအဆွေအမျိုး အလိုက် ဒန် ၏သား ဟူမူကားရှုဟံ မှ ဆင်းသက်သောရှုဟမိ အဆွေအမျိုး တည်း။ ဤ သူတို့သည် ဒန် အဆွေအမျိုး ဖြစ်၍၊ 43  စာရင်း ဝင်သော ရှုဟမိ လူပေါင်း ကား၊ ခြောက်သောင်း လေးထောင်လေးရာရှိသတည်း။ 44  ဘိုးဘအဆွေအမျိုး အလိုက် အာရှာ ၏သား ဟူမူကား၊ ယိမန မှ ဆင်းသက်သော ယိမနိ အဆွေအမျိုးယေသဝိ မှ ဆင်းသက်သော ယေသဝိတ် အဆွေအမျိုးဗေရိ မှဆင်းသက်သော ဗေရိတ် အဆွေအမျိုး တည်း။ 45  ဗေရိ ၏သား ဟေဗေရ မှ ဆင်းသက်သော ဟေဗေရိ အဆွေအမျိုးမာလချေလ မှ ဆင်းသက်သော မာလချေလိ အဆွေအမျိုး တည်း။ 46  အာရှာ ၏ သမီး အမည် ကား၊ စာရာ တည်း။ 47  သူတို့သည် အာရှာ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ငါးသောင်း သုံးထောင်လေးရာရှိသတည်း။ 48  ဘိုးဘအဆွေအမျိုး အလိုက် နဿလိ ၏သား ဟူမူကား၊ ယာဇေလ မှ ဆင်းသက်သော ယာဇေလိ အဆွေအမျိုးဂုနိ မှ ဆင်းသက်သော ဂုနိတ် အဆွေအမျိုး 49  ယေဇေရ မှ ဆင်းသက်သော ယေဇေရိ အဆွေအမျိုးရှိလ္လင် မှ ဆင်းသက်သော ရှိလ္လမိ အဆွေအမျိုး တည်း။ 50  သူတို့သည် နဿလိ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ လေးသောင်း ငါးထောင်လေးရာရှိသတည်း။ 51  ထိုသို့ ဣသရေလ အမျိုးစာရင်း ဝင်သူ လူပေါင်း ကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ်ရှိ သတည်း။ 52  ထာဝရဘုရား ကလည်း သူတို့အား အရေအတွက် ရှိသည်အတိုင်း 53  ခါနန်ပြည် ကို ဝေ ရမည်။ 54  လူများ လျှင်များ သော အမွေ မြေကို၎င်း၊ လူနည်း လျှင် နည်း သော အမွေ မြေကို၎င်း၊ အနည်း အများ အလိုက် အသီးသီး တို့အား အမွေ မြေကို ဝေပေး ရမည်။ 55  သို့ရာတွင် ထိုပြည် ကို စာရေးတံ ချ၍ ဝေ ရမည်။ ဘိုးဘ အမျိုးအနွယ် အလိုက် အမွေ ခံရကြမည်။ 56  စာရေးတံ ကျသည်အတိုင်း မြေ ကိုဝေ ၍ အနည်း အများ အလိုက် ပိုင်ရကြမည်ဟု မောရှေ အား မိန့် တော်မူ၏။ 57  ဘိုးဘအဆွေအမျိုး အလိုက် စာရင်း ဝင်သော လေဝိ ၏သား ဟူမူကား ဂေရရှုန် မှ ဆင်းသက်သော ဂေရရှောနိ အဆွေအမျိုးကောဟတ် မှ ဆင်းသက်သော ကောဟသိ အဆွေအမျိုးမေရာရိ မှ ဆင်းသက်သော မေရောရိတ် အဆွေအမျိုး တည်း။ 58  ဤသည်လျှင် လေဝိ အဆွေအမျိုး ဖြစ်၍၊ လိဗနိ အဆွေအမျိုးဟေဗြောနိ အဆွေအမျိုးမာလိ အဆွေအမျိုးမုရှိ အဆွေအမျိုးကောရသိ အဆွေအမျိုး ပါသတည်း။ ကောဟတ် ၏ သားကား၊ အာမရံ တည်း။ 59  အာမရံ ၏ မယား ကား၊ အဲဂုတ္တု ပြည်၌ လေဝိ မယား ဘွားမြင် သော လေဝိ ၏ သမီး ယောခေဗက် တည်း။ ထိုမိန်းမသည် အာမရံ ၏ မယားဖြစ်၍၊ အာရုန်မောရှေနှမ မိရိအံ တို့ကို ဘွားမြင် လေ၏။ 60  အာရုန် ၏သားကား၊ နာဒပ်အဘိဟုဧလာဇာဣသမာ တည်း။ 61  နာဒပ် နှင့် အဘိဟု တို့သည် ထာဝရဘုရား ရှေ့ တော်၌ ထူးခြား သောမီး ကို ပူဇော် သောအခါ သေ ကြ၏။ 62  အသက် တလ လွန် ၍ စာရင်း ဝင်သော လေဝိ သား ယောက်ျား ပေါင်း ကား၊ နှစ်သောင်း သုံးထောင်ရှိသတည်း။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့်အတူ အမွေ ခံရ သောကြောင့်ရောနှော၍ စာရင်း ဝင်ရကြ။ 63  ဤရွေ့ကားမောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့သည်၊ မောဘ လွင်ပြင်ယော်ဒန် မြစ်နားယေရိခေါ မြို့တဘက်၌ စာရင်း ယူသော ဣသရေလ အမျိုးသား ပေတည်း။ 64  မောရှေ နှင့် ယဇ်ပုရောဟိတ် အာရုန် တို့သည်၊ သိနာ တော ဣသရေလ အမျိုးသား တို့ကို စာရင်း ယူ၍၊ ထို စာရင်း၌ ဝင် သောသူ တယောက် မျှ မပါ။ 65  အကြောင်းမူကားထိုသူတို့သည်တော အမှန် သေ ရကြမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။ ယေဖုန္နာ ၏သား ကာလက် နှင့် နုန် ၏သား ယောရှု မှတပါးအရင်းလူတယောက် မျှ မကြွင်း မကျန်ရ။