8
1 သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသောဣသရေလအမျိုးသား လူ အပေါင်း တို့သည် လာ၍ ရေ တံခါး လမ်း တွင် စည်းဝေး ကြ၏။ ဣသရေလ အမျိုး၌ ထာဝရဘုရား ထား တော်မူသော မောရှေ ပညတ္တိ ကျမ်းစာ ကို ဆောင် ခဲ့ပါဟု ကျမ်းတတ် ဆရာ ဧဇရ ကို တောင်း သည်အတိုင်း၊
2 နားထောင် နားလည် နိုင်သမျှ သောပရိသတ် ယောက်ျား မိန်းမ တို့ ရှေ့ သို့ သတ္တမ လ ပဌမ နေ့ ရက်တွင် ၊ ပညတ္တိ ကျမ်းစာကို ယဇ်ပုရောဟိတ် ဧဇရ သည် ဆောင် ခဲ့ ၍ ၊
3 နားလည် နိုင်သောသူ၊ ယောက်ျား မိန်းမ တို့ ရှေ့ မှာ နံနက် အချိန်မှစ၍ မွန်းတည့် အချိန်တိုင်အောင် ရေ တံခါး လမ်း တွင် ဘတ်ရွတ် လေ၏။ လူ အပေါင်း တို့သည် ပညတ္တိ ကျမ်း စကားကို စေ့စေ့နားထောင် ကြ၏။
4 သူတို့လုပ် ကြသော တရား ဟောရာသစ်သား ပလ္လင် ပေါ် မှာ၊ ကျမ်းတတ် ဆရာဧဇရ သည် ရပ် ၍ မတ္တိသိ ၊ ရှေမ ၊ အနာယ ၊ ဥရိယ ၊ ဟိလခိ ၊ မာသေယ တို့သည် လက်ျာ ဘက်၌ ၎င်း၊ ပေဒါယ ၊ မိရှေလ ၊ မာလခိ ၊ ဟာရှုံ ၊ ဟာရှဗဒါန ၊ ဇာခရိ ၊ မေရှုလံ တို့သည် လက်ဝဲ ဘက်၌ ၎င်း ရပ် နေကြ၏။
5 ထိုသို့ ဧဇရ သည် လူ အပေါင်း တို့ထက် သာ၍မြင့်လျက်၊ လူ အပေါင်း တို့ရှေ့ မှာ ကျမ်းစာ ကို ဖွင့် သောအခါ၊ လူ အပေါင်း တို့သည် ထ ကြ၏။
6 ဧဇရ သည် မြတ် စွာဘုရား သခင် ထာဝရဘုရား ကို ကောင်းကြီး ပေး၏။ လူ အပေါင်း တို့က အာမင် ၊ အာမင် ဟု လက် တို့ကို ချီ လျက်၊ ဝန်ခံ ၍ ဦးချ ပြပ်ဝပ်လျက် ထာဝရဘုရား ကို ကိုးကွယ် ကြ၏။
7 ယောရှု ၊ ဗာနိ ၊ ရှေရဘိ ၊ ယာမိန် ၊ အက္ကုပ် ၊ ရှဗ္ဗေသဲ ၊ ဟောဒိယ ၊ မာသေယ ၊ ကေလိတ ၊ အာဇရိ ၊ ယောဇဗဒ် ၊ ဟာနန် ၊ ပေလာယ အစ ရှိသောလေဝိ သားတို့သည်လည်း လူ များတို့အား ပညတ္တိ ကျမ်းစာအနက်ကို ပြန်ကြား ကြ၏။ လူ များတို့သည်လည်း မိမိ တို့နေရာ ၌ နေကြ၏။
8 ထိုသို့ ဘုရား သခင်၏ ပညတ္တိ ကျမ်းစာ ကို သေချာ စွာ ဘတ်ရွတ် ၍ အနက် ကိုပြန်သဖြင့် ၊ လူများ နားလည် စေခြင်းငှါ ပြုကြ၏။
9 လူ အပေါင်း တို့သည် ပညတ္တိ ကျမ်းစကား ကို ကြား သောအခါ ငိုကြွေး ကြသည်ဖြစ်၍ ၊ ပြည်အုပ် မင်း နေဟမိ ၊ ကျမ်းတတ် ဆရာ ယဇ်ပုရောဟိတ် ဧဇရ ၊ လူ များ တို့အား သွန်သင် သော လေဝိ သားတို့က၊ ဤ သည်နေ့ ရက်သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား အဘို့ သန့်ရှင်း သောနေ့ ဖြစ်၏။ ငိုကြွေး မြည်တမ်းခြင်းကို မ ပြုကြနှင့်။
10 သွား ကြလော့၊ မြိန် စွာသော အစာကိုစား ကြလော့။ ချို သော အရည်ကိုသောက် ကြလော့။ ဆင်းရဲ သောသူတို့ အား ဝေမျှ ကြလော့။ ဤသည်နေ့ရက်သည် ငါ တို့ ဘုရား ရှင်အဘို့ သန့်ရှင်း ၏။ ဝမ်း မ နည်းကြနှင့်၊ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆို ကြ၏။
11 ထိုသို့ လေဝိ သားတို့က၊ ဤသည်နေ့ရက်သည် သန့်ရှင်း သောနေ့ ဖြစ်သောကြောင့် တိတ်ဆိတ် စွာ နေကြလော့။ ဝမ်း မ နည်းကြနှင့်ဟု ဆို၍ လူ အပေါင်း တို့ကို ငြိမ်း စေကြ၏။
12 လူ အပေါင်း တို့သည် ဟောပြောသော စကား များကို နားလည် သောကြောင့် ၊ စား သောက် ခြင်း၊ သူတပါး တို့အား ဝေမျှ ခြင်း၊ အလွန် ပျော်မွေ့ ခြင်းကို ပြု အံ့သောငှါ သွား ကြ၏။
13 ဒုတိယ နေ့ ရက်တွင် ၊ အဆွေအမျိုးသူကြီး များတို့ နှင့်တကွယဇ်ပုရောဟိတ် လေဝိ သားတို့သည် ပညတ္တိ ကျမ်း စကား ကို နားလည် အံ့သောငှါ ၊ ကျမ်းတတ် ဆရာ ဧဇရ ထံ ၌ စည်းဝေး ကြ၏။
14 သတ္တမ လ ပွဲ ကိုခံကြစဉ် ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ ၌ နေ ရကြမည်ဟု မောရှေ အားဖြင့် ထာဝရဘုရား ထား တော်မူသော ပညတ္တိ ကျမ်းစာ၌ ရေးထား ကြောင်းကို တွေ့ ကြ၏။
15 ထိုစကားကို ကြားသောအခါ၊ ကျမ်းစာ ၌ ပါသည်အတိုင်း သစ်ခက် တဲတို့ကိုလုပ် ခြင်းငှါ တောင် သို့ သွား ကြ။ သံလွင် ခက် ၊ ထင်းရူး ခက် ၊ မုရတု ခက် ၊ စွန်ပလွံ ခက် အစရှိသော ထူထပ် သောအခက် အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင် မြို့မှစ၍ခပ်သိမ်း သော မြို့ ရွာတို့၌ ကြော်ငြာ ကြ၏။
16 လူ များတို့သည် ထွက်သွား ၍ ၊ သစ်ခက်တို့ကို ဆောင် ခဲ့ပြီးလျှင် အိမ်မိုး ပေါ် မှာ၎င်း ၊ မိမိ ဝင်း ထဲ ၊ ဗိမာန် တော်တန်တိုင်း ထဲ မှာ၎င်း ၊ ရေ တံခါး လမ်း နှင့် ဧဖရိမ် တံခါး လမ်း မှာ ၎င်း သစ်ခက်တဲ များကို လုပ် ကြ၏။
17 ထိုသို့ သိမ်း သွားခြင်းကိုခံရရာထဲက ထွက်လာ သော ပရိသတ် အပေါင်း တို့သည် သစ်ခက်တဲ တို့ကို လုပ် ၍ ထိုင် နေကြ၏။ နုန် သား ယောရှု လက်ထက် မှစ၍ ဣသရေလ အမျိုးသားတို့သည် တခါမျှ ထိုသို့မ ပြု ကြ။ အလွန် ဝမ်းမြောက် လျက်နေ ကြ၏။
18 ပဌမ နေ့ မှစ၍ နောက်ဆုံး သောနေ့ တိုင်အောင် ၊ နေ့ရက် အစဉ်အတိုင်းဘုရား သခင်၏ ပညတ္တိ ကျမ်းစာ ကို ဘတ်ရွတ် ကြ၏။ ထိုပွဲ ကို ခုနစ် ရက် ပတ်လုံးခံ ကြ၏။ ရှစ် ရက်မြောက်သောနေ့ ၌ တရား တော်အတိုင်း ဓမ္မ ပွဲကိုလည်းခံကြ၏။