12
1 ထိုအခါ ဥပမာ အားဖြင့် မိန့် တော်မူသည်ကား၊ လူ တစ်ဦးသည် စပျစ် ဥယျာဉ်ကိုစိုက်ပျိုး ၍ ၊ စောင်ရန်း ကို လုပ် ပြီးမှ စပျစ်သီး နယ်ရာကျင်းကိုတူး လေ၏။ မှီခိုရာလင့်စင် ကိုလည်း ဆောက် လေ၏။ လုပ်ဆောင် သောသူတို့ အား ဥယျာဉ် ကိုငှား ၍ ၊ အခြားသောပြည်သို့သွား လေ၏။”
2 ကာလ အချိန်တန်လျှင် ၊ လုပ်ဆောင် သောသူတို့ လက်မှ စပျစ် သီး ကိုခံ စေခြင်းငှာ သူ တို့ရှိရာ သို့ ငယ်သား ကို စေလွှတ် လေ၏။”
3 ထိုသူတို့သည် ငယ်သား ကိုဘမ်းဆီး ၍ ရိုက် ပြီးမှ လက်ချည်း လွှတ် လိုက်ကြ၏။”
4 နောက်တစ်ဖန် အခြား သော ငယ်သား ကိုသူ တို့ရှိရာသို့ စေလွှတ် ပြန်လျှင် ၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ် သဖြင့်၊ သူ ၏ခေါင်း ကိုမှန်၍ အရှက်ခွဲ ပြီးမှလွှတ်လိုက်ကြ၏။”
5 အခြား သောသူငယ်သားကို စေလွှတ် ပြန်လျှင် ၊ သူ့ ကိုသတ် ကြ၏။ အခြား သောငယ်သားများ တို့တွင် အချို့ ကိုရိုက် ကြ၏။ အချို့ တို့ကိုသတ် ကြ၏။”
6 ထိုကြောင့်ဥယျာဉ်ရှင်သည် မိမိ၌ချစ် သား တစ်ယောက်တည်း ရှိ သေး သည်ဖြစ်၍၊ ထိုသူတို့သည် ငါ့ သား ကို အားနာ ကြလိမ့်မည်ဟုဆို ၍ မိမိသား ကို နောက်ဆုံး ၌ စေလွှတ် လေ၏။”
7 ဥယျာဉ်စောင့် တို့ကလည်း ၊ ဤသူ သည်အမွေခံ ဖြစ် ၏။ လာ ကြ၊ သူ့ ကို သတ် ကြကုန်အံ့။ ထိုသို့ သူ ၏ အမွေ ဥစ္စာကို ငါ တို့ရ ကြလိမ့်မည်ဟု အချင်းချင်း တိုင်ပင် ၍၊”
8 ဥယျာဉ်ရှင်၏သားကို ဘမ်းယူ ပြီးမှ သတ် ၍ ဥယျာဉ် ပြင် သို့ ထုတ်ပစ် ကြ၏။”
9 သို့ဖြစ်လျှင် ၊ ဥယျာဉ် ရှင် သည် အဘယ်သို့ ပြု မည်နည်း၊ သူသည်လာ ၍ ဥယျာဉ်စောင့် တို့ကို သုတ်သင် ပယ်ရှင်းပြီးမှ ထိုဥယျာဉ် ကို အခြား သောသူတို့အား ပေး လိမ့်မည်။”
10 တိုက်ကိုတည်လုပ် သောသူ များပယ် ထားသောကျောက် သည် နောက်တစ်ဖန်တိုက် ထောင့် အထွဋ် အဖျား သို့ ရောက် ပြန်၏။ ထို အမှုသည် ထာဝရ ဘုရားပြုတော်မူသောအမှုဖြစ် ၏။”
11 ငါ တို့မျက်မှောက် ၌ လည်း ၊ အံ့ဩဘွယ် ဖြစ် ၏ဟူသောစကားကိုကျမ်းစာ ၌ သင်တို့သည် မ ဘတ် ဘူး သလော ဟု မိန့်တော်မူ၏။
12 ထိုသူတို့သည် မိမိ တို့ကိုရည်ဆောင် ၍ ထို ဥပမာ စကားကို ဟောပြော တော်မူသည်ကို သိ သောကြောင့် ၊ ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာရှာကြံ ကြ၏။ သို့သော်လည်း စုဝေး သောသူ တို့ကို ကြောက် သောကြောင့် အထံ တော်မှ ထွက်သွား ကြ၏။
13 တစ်ဖန် စကား ကို ချောင်းမြောင်း ၍ အပြစ်ပြုခွင့်ကိုရခြင်းငှာ ဖာရိရှဲ တို့နှင့် ဟေရုဒ် တပည့်အချို့ တို့ကို အထံ တော်သို့ စေလွှတ် ကြ၏။
14 ထိုသူတို့သည် ချဉ်းကပ် ၍ ၊ အရှင် ဘုရား၊ ကိုယ်တော်သည်သစ္စာ ရှိ ပါ၏။ အဘယ်သူ ကိုမျှမ ကြောက် ၊ လူ မျက်နှာ ကို မ ထောက် ဘဲ ဘုရားသခင် ၏တရား လမ်း ကို ဟုတ်မှန်စွာပြ တော်မူသည်ကို အကျွန်ုပ်တို့သိ ကြပါ၏။ ကဲသာ ဘုရင်အား အခွန် ဆက် အပ် သလော၊ မ ဆက်အပ်သလော။
15 အကျွန်ုပ်တို့သည် ဆက် ရမည်လော၊ မ ဆက် ရမည်လောဟု မေးလျှောက် ကြ၏။ ကိုယ်တော် သည် ထို သူ တို့၏လျှို့ဝှက် ခြင်းကို သိ တော်မူလျှင် ၊ သင်တို့သည် ငါ့ ကိုအဘယ်ကြောင့် စုံစမ်း နှောင့်ယှက်ကြသနည်း။ ဒေနာရိ တစ်ပြားကို ငါကြည့် ဘို့ ယူခဲ့ ကြ” ဟု မိန့် တော်မူ၍၊
16 သူတို့သည်ယူခဲ့ ကြ၏။ ဤ ပုံ ၊ ဤ လိပ်စာ ကားအဘယ်သူ ၏ပုံ၊ အဘယ်သူ၏လိပ်စာဖြစ်သနည်းဟု မေး တော်မူလျှင် ၊ ကဲသာ ဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက် ကြသော် ၊
17 ယေရှု ကလည်း ၊ ကဲသာ ဘုရင်၏ဥစ္စာ ကို ကဲသာ ဘုရင်အား ဆက်ပေး ကြလော့။ ဘုရားသခင် ၏ဥစ္စာ ကို ကား ၊ ဘုရားသခင် အားဆက်ပေးကြလော့ ဟု မိန့် တော်မူသည်ကို သူတို့သည် အံ့ဩ ခြင်းရှိကြ၏။
18 ထမြောက် ရှင်ပြန်ခြင်းမ ရှိ ဟူ၍အယူ ရှိသောဇဒ္ဒုကဲ တို့သည်လည်းအထံ တော်သို့ ချည်းကပ် ၍ ၊
19 အရှင် ဘုရား၊ လူမည်သည်ကား သား မ ရှိ ဘဲ သေ သွား၍ မယား ကျန်ရစ် လျှင် ၊ သူ့ ညီ သည် ထို မိန်းမ ကိုသိမ်းယူ ၍ အစ်ကို အမျိုး မပြတ်ဆက်နွှယ် စေဟု အကျွန်ုပ် တို့အား မောရှေ စီရင်ရေး ထားပါပြီ။
20 ညီအစ်ကို ခုနှစ် ယောက်ရှိ ပါ၏။ အစ်ကိုအကြီး သည် မိန်းမ နှင့်စုံဘက် ၍ သား မ ရှိ ဘဲသေ လျှင် ၊
21 သူ ၏မယား ကိုသူ့ညီ အကြီးသိမ်းယူ ၍ သား မ ရှိဘဲသေ ပြန်လေ၏။
22 ထို့အတူ တတိယ သူ မှစ၍ တစ်ယောက်နောက်တစ်ယောက် ခုနစ် ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမ ကိုသိမ်းယူ၍ သား ကိုမ ကျန်ရစ် စေကြ။ နောက်ဆုံး ၌ မိန်းမ သည်လည်း သေ လေ၏။
23 သို့ဖြစ်၍ထမြောက် ရာကာလ၌ သူတို့သည်ထမြောက် ကြသောအခါ ထိုမိန်းမသည်အဘယ်သူ ၏မယား ဖြစ် ပါမည်နည်း။ ထို ခုနစ် ယောက်တို့သည် ထိုမိန်းမ နှင့်စုံဘက် ခြင်းကို ပြုကြပြီဟု မေးလျှောက် ကြ၏။
24 ယေရှု ကလည်း၊ သင်တို့သည်ကျမ်းစာ ကို နား မ လည်၊ ဘုရားသခင် ၏တန်ခိုး တော်ကို မ သိသောကြောင့် မှား သောအယူကိုယူကြ၏။”
25 သေ ခြင်းမှ ထမြောက် သောအခါ စုံဘက် ခြင်းကိုမ ပြု၊ ထိမ်းမြား ပေးစားခြင်းကိုမ ပြု၊ ကောင်းကင် တမန် ကဲ့သို့ ဖြစ် ကြ၏။”
26 ထိုမှတစ်ပါးသေ လွန်သောသူ တို့သည် ထမြောက် ခြင်းအရာမှာ၊ ဘုရားသခင် ကငါ သည် အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား ဖြစ်သည်ဟု မောရှေ အား မိန့် တော်မူကြောင်းကို မောရှေ ၏ကျမ်း ၊ ချုံ ခဏ်း၌ သင်တို့သည်မ ဘတ် ဘူးသလော။”
27 ဘုရားသခင်သည် သေ နေသောသူတို့၏ဘုရား မ ဟုတ် ၊ အသက် ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ ထိုကြောင့် သင်တို့သည် အလွန် မှား ကြသည်” ဟု မိန့် တော်မူ၏။
28 ထိုသို့ ဆွေးနွေး ငြင်းခုံကြသည်ကို ကျမ်းပြု ဆရာတစ် ယောက်သည်ကြား ၍၊ ကိုယ်တော်သည် လျောက်ပတ် စွာ ပြန်ပြော တော်မူသည်ကို သိမြင် လျှင် အထံတော်သို့ချဉ်းကပ် ၍ ၊ ပညတ်တကာ တို့တွင် အဘယ် မည် သော ပညတ် သည်သာ၍ မြတ်သနည်းဟု မေးလျှောက် သော်၊
29 ယေရှု က၊ ပညတ်တကာတို့တွင် အမြတ်ဆုံး သောပညတ်ဟူမူကား၊ အိုဣသရေလ အမျိုး၊ နားထောင် လော့။ ငါ တို့၏ဘုရားသခင် ထာဝရ ဘုရားသည် တစ်ဆူတည်း သောထာဝရ ဘုရားဖြစ် တော်မူ၏။ ထာဝရဘုရား သည် တစ်ပါးတည်းဖြစ်တော်မူ၏။”
30 သင် ၏ဘုရားသခင် ထာဝရ ဘုရားကို စိတ် နှလုံး အကြွင်းမဲ့ ၊ ဉာဏ် ရှိသမျှ ၊ အစွမ်း သတ္တိရှိသမျှ နှင့် ချစ် လော့။ ဤပညတ်သည် ပဌမပညတ်ဖြစ်၏။”
31 ထိုမှတပါးကိုယ် နှင့်စပ်ဆိုင် သောသူ ကို ကိုယ် နှင့်အမျှ ချစ် လော့ဟူသော ဒုတိယ ပညတ်သည် ပဌမ ပညတ် နှင့်သဘောတူ၏။ ဤ ပညတ်တို့ထက် သာ၍ကြီးမြတ်သော ပညတ် မ ရှိ “ဟုပြန်၍ မိန့် တော်မူ၏။
32 ကျမ်းပြု ဆရာကလည်း ၊ အရှင် ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ် စွာမိန့် တော်မူပြီ။ ဘုရားသခင်တဆူတည်း ရှိ တော်မူ၏။
33 ထို ဘုရားသခင် မှတပါး အခြား သောဘုရားသခင်မ ရှိ ။ ထို ဘုရားသခင် ကို စိတ် နှလုံးအကြွင်းမဲ့ ၊ ဉာဏ် ရှိသမျှ ၊ အစွမ်း သတ္တိရှိသမျှ နှင့် ချစ် ခြင်း၊ ကိုယ် နှင့်စပ်ဆိုင်သောသူကိုလည်း ၊ ကိုယ် နှင့်အမျှ ချစ် ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင် မှစ၍ ယဇ်အမျိုးမျိုး တို့ကို ပူဇော် ခြင်းအကျင့်ထက် သာ၍မြတ်ပါသည်ဟု လျှောက် လေ၏။
34 ထိုသို့ ပညာ သတိနှင့် ပြန်လျှောက် သည်ကို ယေရှု သည်သိမြင် လျှင် ၊ သင်သည်ဘုရားသခင် ၏ နိုင်ငံ တော်နှင့် မ ဝေး “ဟု မိန့် တော်မူ၏။ နောက်တစ်ဖန် အဘယ်သူ မျှ မ မေး မလျှောက်ဝံ့ ကြ။
35 ထိုအခါ ယေရှု သည် ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင်၊ “ ခရစ်တော် သည် ဒါဝိဒ် ၏သား ဖြစ် သည်ဟု ကျမ်းပြု ဆရာတို့သည် အဘယ်ကြောင့် ဆို ကြသနည်း။”
36 ဒါဝိဒ်၏စကားမှာ၊ ထာဝရ ဘုရားက၊ သင် ၏ ရန်သူ တို့ကို သင် ၏ခြေ တင် ရာငါမချ မ ထားမှီတိုင်အောင်ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု ငါ ၏သခင် အား မိန့် တော်မူသည်ဟု သန့်ရှင်း သောဝိညာဉ် တော်အားဖြင့် ဒါဝိဒ် ဆို သတည်း။”
37 ထိုသို့ ဒါဝိဒ် သည် ခရစ်တော် ကိုသခင် ဟူ၍ခေါ် လျှင် အဘယ်သို့ သူ ၏သား ဖြစ် သနည်းဟု မေးတော်မူ၏။ လူ များ အပေါင်းတို့သည် အားရဝမ်းမြောက် သောစိတ်နှင့် စကား တော်ကို နားထောင် ကြ၏။”
38 ထိုသို့ဆုံးမဩဝါဒ ပေးစဉ်တွင်တစ်ဖန် မိန့် တော်မူသည်ကား၊ ကျမ်းပြု ဆရာတို့ကို ရှောင် ကြလော့။ သူ တို့သည်ရှည်သောအင်္ကျီ ကိုဝတ်လျက် လည် ခြင်းငှာအလိုရှိ ကြ၏။ ဈေး ၌ ရိုသေစွာနှုတ်ဆက် ခြင်းကို၎င်း ၊”
39 ပွဲ သဘင်။ တရားစရပ် တို့၌ မြင့်မြတ် သောနေရာထိုင်ရာကို၎င်း နှစ်သက်ကြ၏။”
40 သူ တို့သည် မုတ်ဆိုးမ အိမ် ကို လုယူ သိမ်းစား၍ အပြစ်မပေါ်စေခြင်းငှာရှည် စွာသော ပဌနာ စကားကို ရွတ်တတ်ကြ၏။ သူ တို့သည် သာ၍ကြီးစွာ သောဒဏ် ကို ခံရ ကြမည် ဟု မိန့်တော်မူ၏။
41 ထိုနောက် ယေရှုသည် ဘဏ္ဍာတိုက် ရှေ့ မှာ ထိုင် တော်မူစဉ်တွင်၊ လူ များတို့သည် ကြေး ငွေကိုဘဏ္ဍာတိုက် ထဲသို့ သွင်းချ သည်ကို ကြည့်ရှု တော်မူ၏။ ငွေရတတ် သောသူအများ တို့သည် များစွာ သွင်းချ ကြ၏။
42 ဆင်းရဲ သောမုဆိုးမ တစ် ယောက်သည်လာ ၍ တစ်ပဲ လောက်တန် သောကြေးနီ ဒင်္ဂါးနှစ် ပြားကို သွင်းချ ၏။
43 ကိုယ်တော်သည် တပည့် တော်တို့ကိုခေါ် ၍ ငါအမှန် ဆို သည်ကား၊ ဘဏ္ဍာတိုက် ထဲသို့ သွင်းချ သောသူ အပေါင်း တို့ထက် ထို ဆင်းရဲသား မုဆိုးမ သည်သာ၍ သွင်းချ ခဲ့ပြီ။”
44 အကြောင်းမူကား ၊ ထိုသူအပေါင်း တို့သည် မိမိ တို့ကြွယ်ဝ သော စည်းစိမ်ထဲက နှုတ်၍သွင်းချ ကြ၏။ ထို မိန်းမ မူကား အလွန်ဆင်းရဲ လျက်ပင်၊ မိမိ အသက် မွေးစရာဥစ္စာရှိသမျှ ကို သွင်းချ လေပြီ ဟုမိန့် တော်မူ၏။