8
တဖန် ထာဝရဘုရား က၊ သင်သည် အာရုန် နှင့် သူ ၏သား များ၊ အဝတ် များ၊ လိမ်း ရန်ဆီအပြစ် ဖြေရာ ယဇ်ဘို့ နွား ထီး၊ သိုး ထီးနှစ် ကောင်၊ တဆေး မဲ့ မုန့်တတောင်း ကိုယူ ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့သို့ ပရိသတ် အပေါင်း ကို စည်ဝေး စေလော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊ မောရှေ ပြု ပရိသတ် တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့မှာ စည်းဝေး ကြ၏။ မောရှေ ကလည်းဤသို့ ထာဝရဘုရား မှာ ထား တော်မူပြီဟု ပရိသတ် တို့အား ပြောဆို လျက်၊ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်းအာရုန် နှင့် သူ ၏သား တို့ကို ခေါ် ခဲ့၍ ရေချိုး ပြီးလျှင် အာရုန်ကို အင်္ကျီ ဝတ် စေ၍ခါးပန်း ကို စည်း စေလေ၏။ ဝတ်လုံ နှင့် သင်တိုင်း ကိုလည်း ခြုံ စေ၍ထူးဆန်းသောသင်တိုင်း ခါးစည်း ဖြင့် စည်း လေ၏။ ရင်ဖုံး ကိုလည်း ဆင်စေ၍ရင်ဖုံး အထဲ ၌ ဥရိမ် နှင့် သုမိမ် ကို သွင်း ထားလေ၏။ သူ ၏ခေါင်း ပေါ် မှာ ဗေါင်း ကိုတင် သန့်ရှင်း သော ရွှေ သင်းကျစ် ပြား ကို ဗေါင်း ရှေ့ တပ် လေ၏။ 10  ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်းမောရှေ သည် လိမ်း ရန်ဆီ ကိုယူ တဲ တော်နှင့် တဲတော် တန်ဆာရှိသမျှ ကို လိမ်း သဖြင့် သန့်ရှင်း စေ၏။ 11  ထိုဆီကို ယဇ် ပလ္လင်ပေါ် မှာ ခုနစ် ကြိမ် ဖြန်း ယဇ် ပလ္လင်တန်ဆာ ရှိသမျှ ကို၎င်းအင်တုံ နှင့် ခြေထောက် ကို၎င်းသန့်ရှင်း စေခြင်းငှါ လိမ်း လေ၏။ 12  လိမ်း ရန်ဆီ ကို အာရုန် ခေါင်း ပေါ် မှာ လောင်း သူ့ ကိုသန့်ရှင်း စေခြင်းငှါ လိမ်း လေ၏။ 13  အာရုန် ၏သား တို့ကိုလည်း အင်္ကျီ ဝတ် စေ၍ခါးပန်း ကို စည်း စေလျက်ဦးထုပ် ကို ဆောင်း စေလေ၏။ 14  ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်းအပြစ် ဖြေရာယဇ်ဘို့ နွား ထီးကို ဆောင် ခဲ့၍အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို နွား ခေါင်း ပေါ် မှာ တင် ကြ၏။ 15  နွားကိုသတ် မောရှေ သည် ယဇ် ပလ္လင်ပတ်လည် ဦးချို တို့၌ အသွေး ကို လက်ညှိုး နှင့် ယူ ထည့် သဖြင့်ယဇ် ပလ္လင်ကို စင်ကြယ် စေပြီးမှကြွင်းသော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်း စေ၏။ 16  အအူ ကိုဖုံး သော ဆီဥ ရှိသမျှအသည်း ပေါ်၌ရှိသောအမြှေးကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ကိုယူ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။ 17  အရေအသားချေးနု နှင့်တကွ နွား ကောင်ကို၊ တပ် ပြင် မှာ ရှို့ ရ၏။ 18  ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်းမီး ရှို့ရာယဇ်ပြုသောသိုး ထီးကိုလည်း ဆောင် ခဲ့၍အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ကြ၏။ 19  သိုးကိုသတ် ပြီးလျှင်မောရှေ သည် အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း လေ၏။ 20  သိုး ကိုလည်း အပိုင်း ပိုင်းဖြတ် ပြီးလျှင်ခေါင်း မှစ၍သားတစ် များနှင့် ဆီဥ ကို မီး ရှို့လေ၏။ 21  ဝမ်းထဲ ၌ရှိသောအရာနှင့် ခြေ တို့ကို ဆေးကြော သိုး တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။ မွှေးကြိုင် ရာဘို့ မီး ရှို့သော ယဇ်ဖြစ်သတည်း။ မီး ဖြင့် ထာဝရဘုရား အား ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။ 22  ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်းအခြား သောသိုးအရာ ၌ ခန့်ထားရာ သိုး ကိုဆောင် ခဲ့၍အာရုန် နှင့် သူ ၏သား တို့သည် မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ကြ၏။ 23  သိုးကိုသတ် ပြီးမှမောရှေ သည် အသွေး ကိုယူ အာရုန် ၏ လက်ျာ နား ပျဉ်း ၎င်း၊ လက်ျာ လက်မ ၎င်းလက်ျာ ခြေမ ၎င်းထည့် လေ၏။ 24  အာရုန် ၏ သား တို့ကိုလည်း ခေါ် ခဲ့၍သူ တို့လက်ျာ နား ပျဉ်းလက်ျာ လက်မလက်ျာ ခြေမ တို့၌ အသွေး ကိုထည့် ပြီးမှယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း လေ၏။ 25  ဆီဥအမြီးအအူ ကို ဖုံး သော ဆီဥအသည်း ပေါ်၌ ရှိသောအမြှေးကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ် ကိုဖုံးသော ဆီဥ လက်ျာ ပခုံး 26  ထာဝရဘုရား ရှေ့ တော်၌ ထားသော တဆေး မဲ့ မုန့်တောင်း ထဲက တဆေး မဲ့ မုန့်တလုံးဆီ နှင့် လုပ်သော မုန့်ပြား တပြားမုန့်ကြွပ် တချပ် ကိုယူ မုန့်များကို ဆီဥ နှင့် လက်ျာ ပခုံး ပေါ် မှာ ထည့် ပြီးလျှင် 27  အာရုန် ၏လက်သူ ၏သား တို့လက် ထိုအရာတို့ကို ထား ထာဝရဘုရား ရှေ့ တော်၌ချီလွှဲ သဖြင့်ချီလွှဲ သော ပူဇော်သက္ကာပြုလေ၏။ 28  ထိုအရာတို့ကို သူ တို့လက် မှ ခံယူ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရာယဇ်နှင့်အတူ ရှို့ လေ၏။ မွှေးကြိုင် သော အနံ့ရှိ၍ အရာ ၌ ခန့်ထားရာ ယဇ်ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။ 29  ထိုနောက် မောရှေ သည် ရင်ပတ် ကို ယူ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ သဖြင့်၊ ချီလွှဲ သော ပူဇော်သက္ကာပြုလေ၏။ အရာ ၌ ခန့်ထားရာ သိုး ၏ ရင်ပတ်သည် မောရှေ ၏အဘို့ ဖြစ်သတည်း။ 30  တဖန် ယဇ် ပလ္လင်ပေါ် မှာရှိသော အသွေး နှင့် လိမ်း ရန်ဆီ ကိုယူ အာရုန် နှင့် သူ ၏ အဝတ် ၎င်း၊ သူ ၏သား တို့နှင့် သူတို့အဝတ် ၎င်း၊ ဖြန်း သဖြင့်၊ အာရုန် မှစ၍သား များ၊ အဝတ် များတို့ကို သန့်ရှင်း စေ လေ၏။ 31  မောရှေ သည်၊ အာရုန် နှင့် သူ ၏သား တို့အား လည်းထိုသိုး၏ အသား ကို ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နားမှာ ပြုတ် ကြလော့။ ထာဝရဘုရားက၊ အာရုန် နှင့် သူ ၏သား တို့သည် ထိုအသားကို စား ရကြမည် ဟု ငါ့အား မှာ ထားတော်မူသည်အတိုင်းထိုအသားကို၎င်း၊ အရာ ၌ ခန့်ထားရာ မုန့်တောင်း ရှိသော မုန့် ကို၎င်း၊ ထို အရပ်၌ စား ကြလော့။ 32  ကျန် ကြွင်းသော အသား နှင့် မုန့် ကိုမီး ရှို့ ရမည်။ 33  သင် တို့ကို အရာ ၌ ခန့်ထားရာ ကာလ ခုနစ် ရက် စေ့မှီ ပရိတ်သတ်စည်းဝေး ရာ တဲ တော်တံခါး ပြင် သို့ မ ထွက် ရကြ။ ခုနစ် ရက် ပတ်လုံးအရာ၌ ခန့်ထားခြင်း မင်္ဂလာကို ဆောင်ရကြမည်။ 34  ယနေ့ ပြု သည်အတိုင်း သင် တို့အဘို့ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း ထာဝရဘုရား မှာ ထား တော်မူပြီ။ 35  ထိုကြောင့် သင်တို့သည် သေ ဘေးနှင့် ကင်း လွတ်ခြင်းငှါပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား မှာ၊ ခုနစ် ရက် ပတ်လုံးနေ့ ညဉ့်မပြတ်နေ ထာဝရဘုရား အမှု တော်ကို စောင့်ရကြမည်။ ထိုသို့ ငါ့အားမှာ ထားတော်မူပြီဟု ဆင့်ဆိုသည်ဖြစ်၍၊ 36  မောရှေ အားဖြင့် ထာဝရဘုရား မှာ ထားတော်မူသမျှ အတိုင်းအာရုန် နှင့် သူ ၏သား တို့သည် ပြု ကြ၏။