4
တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည်ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊တရားကိုမသိ၊ထာဝရဘုရား ၏ပညတ် တော်ကိုလွန်ကျူးပြစ်မှား၍မပြုအပ်သောအမှုကိုပြုမိသည်အရာတွင်၊ ဘိသိက် ခံသော ယဇ် ပုရောဟိတ်သည် လူ များကို အပြစ် ထဲ သို့ သွေးဆောင်၍ ကိုယ်တိုင်ပြစ်မှား လျှင်ထို အပြစ် အတွက် အပြစ် ဖြေရာယဇ်ဘို့ အပြစ် မပါ၊ အသက်ပျို သော နွား ထီးကို၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နားထာဝရဘုရား ရှေ့ တော် သို့ ဆောင် ခဲ့၍ထာဝရဘုရား အား ဆက် ရမည်။ ထိုအခါ နွား ၏ခေါင်း ပေါ်မှာ မိမိ လက် ကို တင် ထာဝရဘုရား ရှေ့ တော်၌ နွား ကို သတ် ရမည်။ ဘိသိက် ခံသော ယဇ် ပုရောဟိတ်သည်၊ နွား ၏ အသွေး ကို ယူ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ဆောင် ခဲ့ပြီးလျှင် မိမိ လက်ညှိုး ကို အသွေး နှစ် သန့်ရှင်း ရာဌာနတော် ကုလားကာ ရှေ့ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ် ဖြန်း ရမည်။ တဖန် ယဇ် ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်အတွင်းထာဝရဘုရား ရှေ့ တော်မှာ ရှိသောနံ့သာ ပေါင်းမွှေးကို မီးရှို့ရာ ပလ္လင် ဦးချို တို့၌ နွားအသွေး ကို ထည့် ကြွင်းသော အသွေး ကို၊ ပရိသတ် စည်းဝေး ရာ တဲ တော်တံခါး ရှေ့၌ရှိသော မီး ရှို့ရာ ယဇ်ပလ္လင်ခြေရင်း နားမှာ သွန် ရမည်။ မိဿဟာယ ယဇ် ပြုသောနွား ၏ဆီဥကိုယူ သကဲ့သို့အပြစ် ဖြေရာ ယဇ်ပြုသောနွားအအူ ကို ဖုံး သော ဆီဥ အအူ နှင့် ဆိုင်သမျှ သောဆီဥ ခါး အတွင်းနား ၌ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥကျောက်ကပ် နှင့်တကွ အသည်း ပေါ် ၌ရှိသောအမြှေး တည်းဟူသော၊ နွား ဆီဥ ရှိသမျှ ကို ယူ၍၊ မီးရှို့ရာယဇ် ပလ္လင် ပေါ်မှာ ရှို့ ရမည်။ 10  နွား ၏ခေါင်းခြေထောက်အအူချေးနု နှင့်တကွအရေအသား ရှိသမျှ တည်းဟူသော၊ 11  12  နွား တကောင်လုံး ကို၊ တပ် ပြင် မှာ ပြာ သွန် ထားရာ ရှင်းလင်း သော အရပ် သို့ ယူ သွား၍ ထင်း အပေါ် ၌ မီး ရှို့ရမည်။ ပြာ သွန် ၍ ထားရာအရပ်၌ မီး ရှို့ ရမည်။ 13  ဣသရေလ အမျိုးသားပရိသတ် အပေါင်း တို့သည် တရားကိုမသိ၊ အကျိုးအပြစ်ကို မရိပ်မိဘဲ၊ ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ပြစ်မှား၍ ပြု အပ်သောအမူကို ပြု မိသဖြင့် အပြစ်ရောက် လျှင် 14  ထိုသို့ ပြစ်မှား မိသော အပြစ် ကိုသိ သောအခါထိုအပြစ် အတွက် ပရိသတ် တို့သည် အသက်ပျို သော နွား ထီးကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ဆောင် ခဲ့၍ ဆက် ရမည်။ 15  ပရိသတ် တွင် အသက် ကြီးသောသူတို့ သည်၊ ထာဝရဘုရား ရှေ့ တော်၌ မိမိ တို့လက် ကို နွား ခေါင်း ပေါ် မှာ တင် ထိုနွား ကို ရှေ့ တော်၌ သတ် ရကြမည်။ 16  ဘိသိက် ခံသော ယဇ် ပုရောဟိတ်သည် နွား အသွေး ကို ပရိသတ် စည်းဝေး ရာ တဲ တော်သို့ ဆောင် ခဲ့ ပြီးလျှင် 17  မိမိ လက်ညှိုး ကို အသွေး နှစ် ကုလားကာ ရှေ့ ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ် ဖြန်း ရမည်။ 18  တဖန် ယဇ်ပုရောဟိတ်သည်၊ ပရိတ်သတ်စည်းဝေး ရာ တဲ တော်အတွင်းထာဝရဘုရား ရှေ့ တော်မှာ ရှိသောပလ္လင် ဦးချို တို့၌ အသွေး ကို ထည့် ကြွင်းသောအသွေး ကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့၌ရှိသော မီး ရှို့ရာယဇ်ပလ္လင်ခြေရင်း နားမှာ သွန် ရမည်။ 19  နွားဆီဥ ရှိသမျှ ကို ယူ ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ 20  အပြစ် ဖြေရာ ယဇ်ပြုသောနွား ကို ပြု သကဲ့သို့ထိုနည်းတူဤနွား ကို ပြု သဖြင့်ယဇ် ပုရောဟိတ်သည် လူ များတို့အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင်သူ တို့အပြစ် လွတ် လိမ့်မည်။ 21  ထိုနောက်မှနွား ကို တပ် ပြင် သို့ ဆောင် သွား၍အရင် နွား ကို မီး ရှို့သကဲ့သို့ ရှို့ ရမည်။ ပရိသတ် အဘို့ အပြစ် ဖြေစရာ ယဇ်ဖြစ်သတည်း။ 22  မင်း သည်လည်း တရားကိုမသိ၊ မိမိ ဘုရား သခင် ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ပြစ်မှား၍ ပြု အပ်သော အမှုကို ပြု မိသဖြင့် အပြစ် ရောက်လျှင် 23  မိမိ ပြစ်မှား မိသော အပြစ် ကို သိ သောအခါအပြစ် မပါသော ဆိတ် သငယ် အထီး ကို ပူဇော် သက္ကာဘို့ ဆောင် ခဲ့ရမည်။ 24  ဆိတ် ခေါင်း ပေါ် မှာ မိမိ လက် ကိုတင် ထာဝရဘုရား ရှေ့ တော်၌ မီး ရှို့ရာယဇ်ကောင်သတ် ရာအရပ် တွင် သတ် ရမည်။ အပြစ် ဖြေရာ ယဇ်ဖြစ်သတည်း။ 25  ယဇ် ပုရောဟိတ်သည် ထိုအပြစ် ဖြေရာယဇ်၏ အသွေး ကို လက်ညှိုး နှင့် ယူ မီး ရှို့ရာ ယဇ်ပလ္လင်ဦးချို တို့၌ ထည့် ပြီးမှကြွင်းသော အသွေး ကို ထိုပလ္လင် ခြေရင်း နား၌ သွန် ရမည်။ 26  မိဿဟာယ ယဇ်ကောင်ဆီဥ ကို ပြုသကဲ့သို့ ဆီဥ ရှိသမျှ ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် မင်း ၏ အပြစ် အတွက် အပြစ် ဖြေခြင်းကိုပြုလျှင်သူ အပြစ်လွတ် လိမ့်မည်။ 27  ဆင်းရဲသားတစုံတယောက်သည် တရားကို မသိ၊ ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ပြစ်မှား ၍ မပြု အပ်သော အမှုကို ပြု မိသဖြင့် အပြစ် ရောက်လျှင် 28  မိမိ ပြစ်မှား မိသော အပြစ် ကို သိ သောအခါထိုအပြစ် အတွက် ပူဇော် သက္ကာဘို့ အပြစ် မပါသော ဆိတ် သငယ် အမ ကို ဆောင် ခဲ့ရမည်။ 29  အပြစ် ဖြေရာ ယဇ်ပြုသောဆိတ်ခေါင်း ပေါ် မှာ မိမိ လက် ကိုတင် မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ထိုဆိတ်ကိုသတ် ရမည်။ 30  ယဇ် ပုရောဟိတ်သည် အသွေး ကို လက်ညှိုး နှင့် ယူ မီး ရှို့ရာ ယဇ်ပလ္လင်ဦးချို တို့၌ ထည့် ပြီးမှကြွင်းသော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် ရမည်။ 31  မိဿဟာယ ယဇ် ကောင်ဆီဥ ကို ယူ သကဲ့သို့ဆီဥ ရှိသမျှ ကို ယူ ထာဝရဘုရား အား မွှေးကြိုင် စရာ ဘို့ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် ထိုသူ အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင်သူ အပြစ်လွတ် လိမ့်မည်။ 32  သိုးသငယ် ကို အပြစ် ဖြေရာယဇ် ပြုလိုလျှင်အပြစ် မပါသော အမ ကို ဆောင် ခဲ့ရမည်။ 33  အပြစ် ဖြေရာ ယဇ်ပြုသောသိုးခေါင်း ပေါ် မှာ မိမိ လက် ကို တင် မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် အပြစ် ဖြေရာယဇ်ဖြစ်စေခြင်းငှါသတ် ရမည်။ 34  ယဇ် ပုရောဟိတ်သည်၊ ထိုယဇ် ကောင် အသွေး ကို လက်ညှိုး နှင့် ယူ မီး ရှို့ရာ ယဇ်ပလ္လင်ဦးချို တို့၌ ထည့် ပြီးမှ ဖြန်းသော အသွေး ကို ထိုပလ္လင် ခြေရင်း နား၌ သွန် ရမည်။ 35  မိဿဟာယ ယဇ် ကောင် သိုးသငယ် ဆီဥ ကို ပြုသကဲ့သို့ဆီဥ ရှိသမျှ ကို ယူ၍ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာနှင့်အတူယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် ထိုသူ ပြစ်မှား မိသော အပြစ် အတွက် အပြစ် ဖြေခြင်းကို ပြုလျှင်သူ အပြစ်လွတ် လိမ့်မည်။