22
တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ အာရုန် နှင့် သူ ၏သား တို့သည် ငါ့ အဘို့ သန့်ရှင်း စေသောအရာအားဖြင့်၊ သန့်ရှင်း သော ငါ ၏ နာမ တော်ကို မ ရှုတ် မချဘဲ၊ ဣသရေလ အမျိုးသား တို့၏ သန့်ရှင်း သော အရာများနှင့် ကိုယ်ကိုကိုယ်ကွာ စေရမည် အကြောင်း ဆင့်ဆို လော့။ ငါ သည် ထာဝရဘုရား ဖြစ်၏။ ထာဝရဘုရား အဘို့ ဣသရေလ အမျိုးသား သန့်ရှင်း စေသဖြင့်သန့်ရှင်း ခြင်းရှိသောအရာတို့ကိုကိုယ် စင်ကြယ်လျက် နှင့် ချဉ်းကပ် သော ယဇ်ပုရောဟိတ်အမျိုးသား မည်သည်ကား၊ ငါ့ ထံ မှ ပယ်ရှင်း ခြင်းကိုခံရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။ နူနာရိနာ စွဲသော အာရုန် ၏ အမျိုးသား မည်သည်ကား၊ မစင်ကြယ် မှီတိုင်အောင် သန့်ရှင်း သော အရာကို မ စား ရ။ အသေ ကောင်နှင့်ဆိုင်၍ မ သန့်ရှင်းသောအရာကို ထိ သောသူ၊ သုတ် ရည်ထွက် သော သူ ညစ်ညူး စေ၍ တွား တတ်သော တိရစ္ဆာန်ကိုထိ သော သူညစ်ညူး ခြင်းတစုံ တခုစွဲ၍ ညစ်ညူး သော သူထိုသို့သောသူ ကို ထိ သမျှသော သူ တို့သည်၊ ညဦး တိုင်အောင် စင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ် ကို ရေ မချိုးဘဲနေလျှင်သန့်ရှင်း သောအရာကို မ စား ရ။ နေ ဝင် သောနောက်မှသန့်ရှင်း ခြင်းသို့ ရောက်သည်ဖြစ်၍၊ သန့်ရှင်း သောအရာသည် သူ တို့ စားစရာ ဖြစ်သောကြောင့်ထို နောက်မှစား ရကြမည်။ အလိုလို သေသောအကောင်၊ သားရဲ ကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူး စေ၍ စား ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။ ယဇ်ပုရောဟိတ်တို့သည် ငါ့ ပညတ် တော်ကို ဖျက် သဖြင့်ကိုယ် အပြစ် ကိုခံ လျက် မ သေ ရမည်အကြောင်း ငါ့ပညတ်တရားကို စောက်ရှောက် ရကြမည်။ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေ၏။ 10  တပါး အမျိုးသားသည် သန့်ရှင်း သောအရာကို မ စား ရ။ ယဇ်ပုရောဟိတ် ၌ တည်းနေသောဧည့်သည် မစားရ။ သူငှါး လည်း စား ရ။ 11  ယဇ် ပုရောဟိတ်သည် ကိုယ် ငွေ နှင့် ဝယ် သောသူ၊ သူ ၏ အိမ် ၌မွေး သောသူသည် သူ ၏အစာ ကို စား ရမည်။ 12  ယဇ်ပုရောဟိတ် သမီး သည် တပါး အမျိုးသား၏ မယားဖြစ် လျှင်သန့်ရှင်း သော ပူဇော် သက္ကာအရာကို စား ရ။ 13  သို့ရာတွင် လင် သေသော်၎င်းလင်နှင့်ကွာ သော်၎င်း၊ သား ရှိဘဲ မိမိ အဘ အိမ် သို့ ပြန် ငယ်စဉ် အခါနေသကဲ့သို့ နေပြန်လျှင်၊ အဘ ၏အစာ ကို စား ရမည်။ တပါး အမျိုးသားမ စား ရ။ 14  လူ သည် သန့်ရှင်း သောအရာကို မ သိဘဲ စား မိလျှင်စားမိသောအရာ၏ အဘိုးနှင့်တကွငါး စုတစု ကိုထပ် ယဇ်ပုရောဟိတ် အား ပေး ရမည်။ 15  ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား အား ပူဇော် သန့်ရှင်း သောအရာတို့ကို မ ရှုတ် မချရ။ 16  ထိုအရာတို့ကို စား မိ၍ ပြစ်မှားသောအပြစ် ကို မခံ စေရ။ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေ သည်ဟု မိန့်တော်မူ၏။ 17  တဖန် မောရှေ အား ထာဝရဘုရား က သင်သည် အာရုန် နှင့် သူ ၏သား ဣသရေလ အမျိုးသား အပေါင်း တို့အား ဆင့်ဆို ရမည်မှာ 18  ဣသရေလ အမျိုးသားဖြစ်စေဣသရေလ အမျိုး၌ တည်းနေသောတပါး အမျိုးသားဖြစ်စေ၊ သစ္စာ ဂတိ ရှိ၍ ပြုသောပူဇော် သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာတည်းဟူသောမီး ရှို့ရာယဇ်ကို ထာဝရဘုရား အား ပူဇော် လိုလျှင် 19  စိတ် တော်နှင့်တွေ့ခြင်းငှါအပြစ် မပါသောသိုးဆိတ်နွား အထီး ကို ပူဇော် ရမည်။ 20  အပြစ် ပါသောအကောင်ကို မ ပူဇော် ရ။ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့။ 21  သစ္စာ ဂတိရှိ၍ ပြုသောပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ သိုး ဆိတ်၊ နွား ကို ထာဝရဘုရား အား ယဇ် ပူဇော် လိုလျှင်စိတ် တော်နှင့် တွေ့ခြင်းငှါ စုံလင် ရမည်။ အပြစ်တစုံတခုမျှ မရှိရ။ 22  မျက်စိ ကန်းသောအပြစ်၊ အရိုးကျိုး သောအပြစ်၊ အင်္ဂါချို့တဲ့ သောအပြစ်၊ မြင်းဖု ရှိသောအပြစ်၊ ဝဲနာ ယားနာ စွဲသောအပြစ်၊ တစုံတခုရှိလျှင်၊ ထာဝရဘုရား အား ပူဇော် ရ။ ယဇ် ပလ္လင်ပေါ် မှာ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာမ ပြု ရ။ 23  သို့ရာတွင် အင်္ဂါ ပိုခြင်း၊ ချို့တဲ့ ခြင်း အပြစ်ရှိသောသိုးဆိတ်၊ နွား ကို အလိုလို ပူဇော်သက္ကာဘို့ ပူဇော် ရမည်။ သစ္စာ ဂတိနှင့်ဆိုင်၍ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့။ 24  ကြိတ် နယ် စုတ် ပြတ် ရာ အနာရှိသော အထီးကို ထာဝရဘုရား အား ပူဇော် ရ။ သင် တို့ပြည် ထိုသို့သောအကောင်ကို ပူဇော်သက္ကာမ ပြု ရ။ 25  ထိုသို့သောအကောင်ကို တပါး အမျိုးသားဆက် သော်လည်း ပျက် သောအပြစ် ပါသောကြောင့်သင် တို့၏ ဘုရား သခင့်ပွဲတော် ဘို့ မ ပူဇော် ရ။ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့ဟု မိန့် တော်မူ၏။ 26  တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ 27  သိုးဆိတ်နွား တို့သည် မွေးဘွား သောအခါ ခုနစ် ရက် အတွင်းတွင် သားငယ်ကို အမိ နှင့် မကွာစေရ။ အဋ္ဌမ နေ့ မှစ၍ ထာဝရဘုရား အား မီး ဖြင့် ပူဇော် သက္ကာဘို့ တော်သင့် ၏။ 28  နွား ဖြစ်စေသိုး ဆိတ်ဖြစ်စေ၊ သား အမိနှစ်ကောင်ကို တ နေ့ခြင်းတွင် သတ် ရ။ 29  ကျေးဇူး တော်ဝန်ခံရာယဇ် ကို ထာဝရဘုရား အား ပူဇော် လိုလျှင်စိတ် တော်နှင့်တွေ့ခြင်းငှါ ပူဇော် လော့။ 30  တနေ့ ခြင်းတွင် စား ရမည်။ နက်ဖြန်နေ့ တိုင်အောင် ကြွင်း စေရ။ ငါ သည်ထာဝရဘုရား ဖြစ်၏။ 31  သင်တို့သည် ငါ့ ပညတ် တို့ကိုကျင့်စောင့် ရကြမည်။ ငါ သည်ထာဝရဘုရား ဖြစ်၏။ 32  သန့်ရှင်း သောငါ ၏နာမ တော်ကို ရှုတ် မချရ။ ထာဝရဘုရားသန့်ရှင်း တော်မူသည်ဟု ဣသရေလ အမျိုးသား တို့သည် ထင်မှတ်ရကြမည်။ 33  ငါ သည် သင် တို့၏ ဘုရားသခင် ဖြစ် ခြင်းငှါသင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၍၊ သန့်ရှင်း စေသောထာဝရဘုရား ဖြစ်၏။ ငါ သည်ထာဝရဘုရား ဖြစ်သည်ဟုမိန့် တော်မူ၏။