2
ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင်မုန့်ညက် ကို ဆက် ရမည်။ မုန့်ညက် အပေါ် မှာ ဆီ ကိုလောင်း လောဗန် ကိုလည်း ထည့် ပြီးမှ အာရုန် ၏သား ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့၍ယဇ် ပုရောဟိတ်သည် မုန့်ညက် တလက် ဆွန်း၊ ဆီ အချို့၊ လောဗန် ရှိသမျှ ကို ယူ ထိုအတွက် အတာကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။ ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာ မူကားအာရုန် နှင့် သူ ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်း သော အရာဖြစ်၏။ မီးဖို ၌ ဖုတ် သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာ ပြု လိုလျှင်ဆီ နှင့် မုန့်ညက် ဖြင့် လုပ်သော တဆေး မဲ့ မုန့် ပြားသော်၎င်း၊ ဆီ လူး သော တဆေး မဲ့ မုန့် ကြွပ်သော်၎င်းဖြစ်ရမည်။ သံ ပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင်ဆီ ရော ၍ တဆေး မပါသော မုန့်ညက် နှင့် လုပ် ရမည်။ ထိုမုန့် ကို ချိုးဖဲ့ ဆီ ကို လောင်း ရမည်။ ဘောဇဉ်ပူဇော်သက္ကာ ဖြစ်သတည်း။ အိုး ကင်းနှင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင်ဆီ ရောသော မုန့်ညက် နှင့် လုပ် ရမည်။ ထို ဘောဇဉ်ပူဇော်သက္ကာ အမျိုးမျိုးတို့ကို၊ ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့၍ယဇ်ပုရောဟိတ် အား ဆက် ပြီးမှသူသည် ယဇ် ပလ္လင်သို့ ဆောင် ခဲ့ရမည်။ ထိုဘောဇဉ်ပူဇော်သက္ကာ ထဲက အတွက်အတာကို နှိုက်ယူ ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။ 10  ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာ မူကားအာရုန် နှင့် သူ ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်း သော အရာဖြစ်၏။ 11  ထာဝရဘုရား အား ဆက် သော ဘောဇဉ်ပူဇော်သက္ကာ ၌ တဆေး ပါ ရ။ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာပြုသောအခါ၊ တဆေးကို မီး ရှို့ရ။ ပျားရည် ကိုလည်း မရှို့ရ။ 12  အဦး သီးသော အသီးအနှံကို ပူဇော် သော အမှုမှာ၊ တဆေးနှင့် ပျားရည်ကို၊ ထာဝရဘုရား အား ပူဇော် ရသော်လည်းမွှေးကြိုင် ရာဘို့ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရ။ 13  ဘောဇဉ်ပူဇော်သက္ကာ ပြုလေ ရာရာ၌ ဆား ခပ်ရမည်။ သင် ပြုသောဘောဇဉ်ပူဇော်သက္ကာ သင် ၏ ဘုရား သခင်ပဋိညာဉ် ဆား ကို မ ခပ်ဘဲမနေရ။ 14  အဦး သီးသော အသီးအနှံကို၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ ပြု လိုလျှင်စပါးနှံကို အရည်စစ် အောင် မီး နားမှာ ထား ၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊ 15  ဆီ ကိုလောင်း လောဗန် ကိုတင် လျက်ပူဇော်သက္ကာကို ပြုရမည်။ ဘောဇဉ်ပူဇော်သက္ကာ ဖြစ်သတည်း။ 16  ပွတ်ယူသော စပါး စေ့အချို့၊ ဆီ အချို့၊ လောဗန် ရှိသမျှ တည်းဟူသောထိုဘောဇဉ်ပူဇော်သက္ကာအတွက် အတာကို၊ ယဇ် ပုရောဟိတ်သည် မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။