13
1 ထို အခါ လူအချို့ တို့သည်လာ ၍ ၊ ပိလတ် မင်းသည် ဂါလိလဲ လူအချို့တို့၏အသွေး ကို မိမိ တို့ ပူဇော် သော ယဇ်ကောင် တို့နှင့် ရောနှော ကြောင်း ကို လျှောက် ကြလျှင်၊
2 ယေရှုက၊ ထို ဂါလိလဲ လူတို့သည် ထိုသို့ ခံရ သောကြောင့် ၊ အခြားသော ဂါလိလဲ လူအပေါင်း တို့ထက် သာ၍အပြစ် ရှိသည်ဟု ထင် ကြသလော။
3 သာ၍အပြစ်ရှိသည်မ ဟုတ်။ သင်တို့ရှိသမျှ သည်လည်း နောင်တ မ ရလျှင် ပျက်စီး ခြင်းသို့ရောက်ကြ လိမ့်မည်ဟု ငါဆို ၏။
4 ထိုမှတပါး ၊ ရှိလောင် ပြအိုး လဲ ၍ ပိသောသူ တကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင် မြို့သားအပေါင်း တို့ထက် သာ၍အပြစ် ရှိ သည်ဟု ထင် ကြသလော။
5 သာ၍အပြစ်ရှိသည်မ ဟုတ်။ သင်တို့ ရှိသမျှ သည်လည်း နောင်တ မ ရလျှင် ပျက်စီး ခြင်းသို့ရောက်ကြ လိမ့်မည်။ ငါ ဆိုသည် ဟုမိန့်တော်မူ၏။
6 တစ်ဖန် ဥပမာ ကို မိန့် တော်မူသည်ကား၊ လူတစ် ယောက်သည် ဥယျာဉ် ၌ စိုက် သော သင်္ဘောသဖန်း ပင် တစ်ပင်ရှိ ၏။ ထိုအပင် သို့ လာ ၍ အသီး ကိုရှာ သော်လည်းမ တွေ့ ။
7 ထိုအခါ ဥယျာဉ်စောင့် အား လည်း၊ သုံး နှစ် ပတ်လုံး ဤ သင်္ဘောသဖန်း ပင်သို့ ငါလာ ၍ အသီး ကို ရှာ သော်လည်း မ တွေ့ မရ။ ခုတ်ပစ် လော့။ အဘယ်ကြောင့် မြေ ကိုနှောင့်ရှက် ရသနည်းဟု အမိန့် ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင် ၊ ယခု နှစ် ရှိ ပါစေဦး။
8 အကျွန်ုပ်သည် အပင် နားပတ်လည် ကို တူးဆွ ၍ နောက်ချေး ကို ဖို့ ပါမည်။
9 အသီး သီးကောင်းသီး ပါလိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ် တော်မူပါဟုလျှောက် လေသည် ဟု မိန့်တော်မူ၏။
10 တစ် နေ့သောဥပုသ်နေ့ ၌ ယေရှုသည် တရားစရပ် တွင် ဆုံးမ ဩဝါဒပေးတော်မူသောအခါ ၊
11 တစ်ဆယ်ရှစ်နှစ် ပတ်လုံးနတ် စွဲ၍ ရောဂါ နှိပ်စက်ခြင်းကို ခံရသောမိန်းမ တစ်ယောက်ရှိ ၏။ ထိုမိန်းမသည်ကျော ကုန်း၍ ကိုယ် ကို အလျှင်း မ ဆန့် နိုင် ။
12 ယေရှု သည် ထိုမိန်းမ ကိုမြင် တော်မူလျှင် အထံ တော်သို့ခေါ် ၍ ၊ အချင်းမိန်းမ ၊ သင် သည် အနာ ရောဂါ နှင့် လွတ် ၏ ဟု မိန့် တော်မူလျက်၊
13 သူ့ ပေါ်မှာလက် တော်ကို တင် တော်မူသဖြင့် ၊ သူသည် ချက်ခြင်း တည့်မတ် ခြင်းသို့ရောက်၍ ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလေ၏။
14 ထိုသို့ ဥပုသ်နေ့ ၌ ယေရှု သည် အနာ ရောဂါကိုငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူး သည် အမျက်ထွက် ၍ ၊ အလုပ်လုပ် ရ သော နေ့ရက် ခြောက် ရက်ရှိ ၏။ ထိုနေ့ရက်တွင် လာ ၍အနာ ရောဂါငြိမ်းစေခြင်းကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့ ၌ မ လာမခံကြနှင့်ဟု ပရိသတ် တို့အားဆို ၏။
15 သခင် ဘုရားကလည်း ၊ လျှို့ဝှက် သောသူ၊ သင် တို့ရှိသမျှ သည် ဥပုသ်နေ့ ၌ မြင်း ၊ နွား ကို တင်းကုပ် မှ လွှတ် ၍ ရေတိုက် ခြင်းငှာဆောင်သွား တတ်သည် မဟုတ်လော။
16 တစ်ဆယ် ရှစ် နှစ် ပတ်လုံးစာတန် ချည်နှောင် သော အာဗြဟံ ၏သမီး ဖြစ် သော ဤ မိန်းမကိုဤ ချည်နှောင် ခြင်းမှ ဥပုသ်နေ့ ၌ မ လွှတ် ရ သလော ဟု မိန့် တော်မူ၏။
17 ထိုသို့ မိန့် တော်မူပြီးမှရန်ဘက် နေသော သူ အပေါင်း တို့သည် ရှက်ကြောက် ခြင်းရှိ၍ ၊ ပြု တော်မူသောအံ့ဩဘွယ် အမှုများတို့ကို လူ အပေါင်း တို့သည်နှစ်သက် ဝမ်းမြောက်ကြ၏။
18 တစ်ဖန် မိန့် တော်မူသည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ် အရာနှင့် တူ သနည်း။ အဘယ်သို့ ပုံပြ ရအံ့နည်း။
19 လူ သည် ယူ ၍ ဥယျာဉ် ၌ စိုက် သော မုန်ညင်း စေ့ နှင့်တူ ၏။ ထို အစေ့သည် ကြီးပွား ၍ အပင် ကြီးဖြစ် ၏။ မိုဃ်း ကောင်းကင်ငှက် တို့သည်လည်း အကိုင်းအခက် တို့၌ နားနေ မှီခိုကြသည် ဟုမိန့်တော်မူ၏။
20 တစ်ဖန် မိန့် တော်မူသည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်ကို အဘယ်သို့ ပုံပြ ရအံ့နည်း။
21 မိန်းမ သည် တဆေး ကိုယူ ၍ မုန့်ညက် သုံး တင်း ၌ ထည့် သဖြင့်၊ မုန့်ညက်ရှိသမျှ ကို ဖောင်းကြွ စေတတ် သော တဆေးနှင့်တူ သည် ဟုမိန့်တော်မူ၏။
22 ထိုအခါ ယေရှုသည် မြို့ ရွာ တို့ကို ဒေသစာရီ လှည့်လည်လျက်၊ ဆုံးမ ဩဝါဒပေးလျက်၊ ယေရုရှလင် မြို့ သို့ ခရီး သွား တော်မူ၏။
23 လူတစ်ဦး ကလည်း ၊ သခင် ၊ ကယ်တင် ခြင်းသို့ ရောက်သောသူ တို့သည်များသလော ၊ နည်း သလောဟု မေးလျှောက် လျှင် ၊
24 ကျဉ်းမြောင်း သောတံခါးဝ ကို ဝင် ခြင်းငှာကြိုးစားအားထုတ် ကြလော့။ အကြောင်းမူကား ၊ အများ သော သူတို့သည် ဝင် ခြင်းငှာအလိုရှိ သော်လည်း မ စွမ်းနိုင် ကြဟု ငါဆို ၏။
25 အိမ်ရှင် သည် တစ်ခါထ ၍ တံခါး ကို ပိတ် ပြီးမှ ၊ သင်တို့သည် ပြင် ၌ရပ် ၍ တံခါး ကိုခေါက် လျက်၊ သခင် ၊ သခင်၊ အကျွန်ုပ် တို့အားဖွင့် ပါဟု တောင်းလျှောက် သော်လည်း ၊ သခင်က၊ သင် တို့သည် အဘယ် ကလာသည်ကို ငါမ သိ ဟု ပြန်ပြော လိမ့်မည်။
26 ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံ တော်၌ စား သောက် ပါပြီ။ အကျွန်ုပ် တို့နေသော မြို့ ရွာ၌ ကိုယ်တော်သည် ဆုံးမ ဩဝါဒပေးတော်မူပြီဟုလျှောက် ပြန်သော်လည်း ၊
27 သခင်က၊ သင် တို့သည် အဘယ် ကလာ သည်ကို ငါမ သိ ဟု ငါဆို ပြီ။ မတရား သောအမှုကိုပြု သောသူ အပေါင်း တို့၊ ငါ့ ထံမှ ဖယ်သွား ကြဟု ပြော လိမ့်မည်၊
28 ထိုအခါ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် မှစသော ပရောဖက် အပေါင်း တို့သည် ဘုရားသခင် ၏ နိုင်ငံ တော် ထဲသို့ ဝင်၍၊ သင် တို့သည် ပြင် သို့ နှင်ထုတ် ခြင်းကို ခံရသောအခါ ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ လတံ့။
29 ထိုအခါ အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာကလာ ၍ ဘုရားသခင် ၏ နိုင်ငံ တော်ထဲတွင် လျောင်း ရကြလတံ့။
30 နောက်ကျ သောသူ အချို့တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျ သောသူ အချို့တို့သည် နောက်ကျ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
31 ထိုအခါ ဖာရိရှဲ အချို့ တို့သည် အထံ တော်သို့လာ ၍၊ ဤ အရပ်မှ ထွက်သွား ပါ။ ဟေရုဒ် မင်းသည် ကိုယ်တော် ကိုသတ် မည် အကြံရှိပါသည်ဟု လျှောက် ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွား ကြလော့။
32 ယခု နေ့နှင့် နက်ဖြန် နေ့၌ နတ်ဆိုး တို့ကိုနှင်ထုတ် ၍ အနာ ရောဂါကိုငြိမ်းစေ၏။ သုံး ရက်မြောက်သော နေ့၌ စုံလင် ခြင်းသို့ ရောက်မည်အရာကို ထို မြေခွေး အား ပြော ကြလော့။
33 သို့သော်လည်း ယခု နေ့၊ နက်ဖြန် နေ့၊ သန်ဘက် နေ့၌ ငါ သွား ရ သေး၏။ အကြောင်းမူကား ၊ ယေရုရှလင် မြို့မှတပါး အခြားသော အရပ်၌ အဘယ် ပရောဖက် မျှ မဆုံး ရာ ။
34 အိုယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည် ပရောဖက် တို့ကိုသတ် မြဲရှိ၏။ သင် ရှိရာ သို့ စေလွှတ် သောသူ တို့ကိုလည်းကျောက်ခဲ နှင့်ပစ်မြဲရှိ၏။ ကြက်မ သည် မိမိ သားငယ် တို့ကို အတောင် အောက် ၌ စုရုံးသကဲ့သို့ သင် ၏သား တို့ကို စုရုံး စေခြင်းငှာကြိမ်ဖန် များစွာငါအလိုရှိ ၏။ သင်မူကား အလို မ ရှိ။
35 သင် တို့နေသောအိမ် သည် သင် တို့၌ လူဆိတ်ညံလျက်ကျန်ရစ် ရ၏။ ငါဆို သည်ကား၊ ထာဝရ ဘုရား၏ အခွင့် နှင့် ကြွလာ သောသူ သည် မင်္ဂလာ ရှိစေသောဟုသင် တို့မ ပြောမှီတိုင်အောင်ယခုမှစ၍သင် တို့သည် ငါ့ မျက်နှာကိုမ မြင် ရကြ ဟု မိန့် တော်မူ၏။