12
ယေဟု နန်းစံ ခုနစ် နှစ် တွင် ယောရှ သည် အသက် ခုနစ် နှစ်ရှိသော်၊ နန်းထိုင် ယေရုရှလင် မြို့၌ အနှစ် လေးဆယ် စိုးစံ ၏။ မယ်တော် ကား၊ ဗေရရှေဘ မြို့သူဇိဗိ အမည်ရှိ၏ ယဇ်ပုရောဟိတ် ယောယဒ သွန်သင် သော ကာလ ပတ်လုံးယောရှ သည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့်၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ ကြ၏ ယောရှ မင်းကလည်းဗိမာန်တော် ထဲသို့ သွင်း သော အလှူဥစ္စာကို ရောင်း၍ရသောငွေ၊ စာရင်းဝင် သောသူတိုင်းကိုယ်အတွက်ပေးသောငွေ၊ ကိုယ်ဘိုးပြတ်၍ ရသောငွေ၊ အလိုလို လှူသောငွေရှိသမျှကို၊” ယဇ် ပုရောဟိတ်တို့သည် မိမိတို့အသိအကျွမ်း လှူသည်အတိုင်း ခံ ယူ၍ဗိမာန်တော် ပြိုပျက် ရာရှိသမျှ တို့ကို ပြုပြင် ကြစေဟု ယဇ်ပုရောဟိတ် တို့အား မိန့် တော်မူ ၏ သို့သော်လည်း ယောရှ မင်းကြီး နန်းစံနှစ်ဆယ် သုံး နှစ် တွင်၊ ယဇ် ပုရောဟိတ်တို့သည် ဗိမာန်တော် ပြိုပျက် ရာတို့ကို မ ပြုပြင် ကြသေး ထိုအခါ ယောရှ မင်းကြီး သည် ယဇ်ပုရောဟိတ် ယောယဒ နှင့် အခြားသော ယဇ် ပုရောဟိတ်တို့ကိုခေါ် သင် တို့သည် ဗိမာန်တော် ပြိုပျက် ရာတို့ကို အဘယ် ကြောင့်မ ပြုပြင် ဘဲ နေကြသနည်း။ နောက် တဖန် အသိအကျွမ်းလှူသော ငွေကိုကိုယ်တိုင်မယူကြနှင့်။ ဗိမာန်တော် ပြိုပျက် ရာတို့ကို ပြုပြင်ဘို့ရာအပ် ကြလော့ဟု ဆိုသည်အတိုင်း၊” ယဇ် ပုရောဟိတ်တို့သည် နောက် တဖန် လူ များ လှူသောငွေ ကို မ ခံ ရ။ ဗိမာန် တော်ပြိုပျက် ရာကိုလည်း ပြုပြင် ရဟုဝန်ခံ ကြ၏ ယဇ်ပုရောဟိတ် ယောယဒ သည် သေတ္တာ ကို ယူ အဖုံး ကို ဖောက် ပြီးလျှင်ဗိမာန်တော် အထဲသို့ ဝင် သောလမ်းလက်ျာ ဘက် ယဇ် ပလ္လင်နား မှာထား လေ ၏။ ဗိမာန်တော် သို့ဆောင် ခဲ့သော ငွေ ရှိသမျှ ကို တံခါး စောင့် ယဇ် ပုရောဟိတ်တို့သည် သေတ္တာ ထဲ မှာထား ကြ၏ 10  ငွေ များ သည် ကိုသိ မြင်လျှင်ရှင်ဘုရင် ၏ စာရေး တော်ကြီးနှင့် ယဇ်ပုရောဟိတ် မင်း သည် လာ ဗိမာန်တော် ၌စုသောငွေ ကို ထုတ် ထားလျက် စာရင်း ယူ၏ 11  ထိုသို့ ချိန် ထားသော ငွေ ကို ဗိမာန်တော် အုပ် အမှု တော်စောင့် တို့၌ အပ် ဗိမာန်တော် ၌ အလုပ် လုပ် သော လက်သမား၊” 12  ပန်းရန် သမား၊ ကျောက်ဆစ် သမားတို့အတွက် ဗိမာန်တော် ပြိုပျက် ရာကို ပြုပြင် စရာ ကျောက် နှင့် သစ်သား ကိုဝယ် ကုန်သမျှသောအတွက်ပေးဝေကြ၏ 13  ဗိမာန်တော် အဘို့ငွေ ဖလားမီးညှပ်အင်တုံတံပိုးရွှေ တန်ဆာငွေ တန်ဆာ တို့ကို ထိုငွေ နှင့် လုပ် သေး 14  အလုပ် လုပ် သောသူတို့အား သာ ပေး ဗိမာန်တော် ကို ပြုပြင် ကြ၏ 15  အလုပ် လုပ် သောသူတို့ အား ပေး စေခြင်းငှါငွေ ကို လက်ခံ သောသူတို့ သည် သစ္စာ စောင့် သောသူဖြစ် သောကြောင့် စာရင်း ပေးကြ 16  ဒုစရိုက် ငွေအပြစ် ငွေ ကိုမူကားဗိမာန်တော် သို့ မ သွင်း ဘဲ ယဇ် ပုရောဟိတ်တို့သည် ယူ ကြ၏ 17  ထိုအခါ ရှုရိ ရှင်ဘုရင် ဟာဇေလ သည် ဂါသ မြို့ ကို စစ်ချီ တိုက်ယူ ပြီးမှယေရုရှလင် မြို့သို့ ချီ အံ့သောငှါ အားထုတ်လေ၏ 18  ယုဒ ရှင်ဘုရင် ယောရှ သည် ဘိုးတော် ဘေးတော်တည်းဟူသော ယုဒ ရှင်ဘုရင် ယောရှဖတ်ယဟောရံအာခဇိ လှူ သမျှ သော တန်ဆာ နှင့် ကိုယ်တိုင် သန့်ရှင်း သမျှသောတန်ဆာများ၊ ဗိမာန်တော် ဘဏ္ဍာနန်းတော် ဘဏ္ဍာတွင် တွေ့ သမျှ သောရွှေ ကိုယူ၍ ရှုရိ ရှင်ဘုရင် ဟာဇေလ ထံ သို့ပေး လိုက်သောကြောင့်ဟာဇေလသည် ယေရုရှလင် မြို့ကို ထား၍ သွား 19  ယောရှ ပြုမူသောအမှု အရာ ကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ရေးထား လျက်ရှိ၏ 20  ထိုမင်း ၏ကျွန် ရှိမတ် သား ယောဇဗဒ် နှင့် ရှိမရိတ် သား ယဟောဇဗပ် တို့သည် ထ သင်းဖွဲ့ ပြီးလျှင်သိလ ရွာသို့ သွား သောလမ်း၊ မိလ္လော စံနန်းတွင်ယောရှ ကို သေ အောင်လုပ်ကြံ ၊ “ 21  ဘိုးဘေး တို့နှင့်အတူ ဒါဝိဒ် မြို့ သင်္ဂြိုဟ် ကြ၏။ သား တော်အာမဇိ သည် ခမည်းတော် အရာ ၌နန်းထိုင်