ဓမ္မရာဇဝင်စတုတ္ထစောင်
1
အာဟပ် မင်း သေ သောနောက်မောဘ ပြည် သည် ဣသရေလ ရှင်ဘုရင်ကို ပုန်ကန် လေ၏ အာခဇိ မင်းသည် ရှမာရိ မြို့၌ အထက် အခန်း ပြတင်းပေါက် မှ ကျ နာ နေသောကြောင့်ငါသည် ဤ အနာ မှာ ထမြောက် မည်လောဟု ဧကြုန် မြို့၏ ဘုရား ဗာလဇေဗုပ် သို့ သွား မေးမြန်း ကြဟု မှာ ထား၍ သံတမန် တို့ကို စေလွှတ် လေ၏ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် တိရှဘိ မြို့သား ဧလိယ အားလည်းရှမာရိ ရှင်ဘုရင် စေလွှတ်သော သံတမန် တို့ကို ကြိုဆို ခြင်းငှါ သွား လော့။ ဣသရေလ ပြည်၌ ဘုရား သခင်မ ရှိသောကြောင့်ဧကြုန် မြို့၏ဘုရား ဗာလဇေဗုပ် သို့ သွား မေးမြန်း ရသလော ထိုကြောင့်ထာဝရဘုရား မိန့် တော်မူသည်ကားသင်သည် ယခု တက် သောသာလွန် ပေါ်က နောက်တဖန် မ ဆင်း ရ။ စင်စစ် သေ ရမည်ဟု သူတို့အားဆင့်ဆိုရမည် အကြောင်းမိန့်တော်မူသည်အတိုင်းဧလိယ သွား လေ၏ သံတမန် တို့သည် ပြန် လာသောအခါ ရှင်ဘုရင်က၊ အဘယ် ကြောင့်ယခု ပြန် လာကြသနည်းဟုမေး လျှင်၊ “ သူတို့က၊ လူ တယောက်သည် ကျွန်တော် တို့ကို ကြိုဆို ခြင်းငှါ လာ သင် တို့ကိုစေလွှတ် သော ရှင်ဘုရင် ထံသို့ ပြန် ကြ။ ထာဝရဘုရား မိန့် တော်မူသည်ကားဣသရလ ပြည်၌ ဘုရား သခင်မ ရှိသောကြောင့်ဧကြုန် မြို့၏ ဘုရား ဗာလဇေဗုပ် သို့ သွား မေးမြန်း ရသလော။ ထိုကြောင့်သင်သည်ယခုတတ်” သော သာလွန် ပေါ်က နောက်တဖန်မ ဆင်း ရ။ စင်စစ် သေ ရမည်ဟု ပြော ရမည် အကြောင်း မှာထားပါသည်ဟု လျှောက်ကြ၏ ရှင်ဘုရင်ကလည်း၊ သင် တို့ကိုကြိုဆို ခြင်းငှါ လာ ဤသို့ ပြော သောသူကား အဘယ်သို့သော သူ နည်းဟုမေး လျှင်၊ “ သူတို့က၊ ထိုသူ သည် ကိုယ်၌အမွေး များ၍ သားရေ ခါးပန်း ကို စည်း သောသူဖြစ် ပါသည်ဟု လျှောက် ကြသော်ထိုသူသည် တိရှဘိ မြို့သားဧလိယ ဖြစ်လိမ့်မည်ဟု ရှင်ဘုရင်ဆို လျက်၊ “ လူငါး ကျိပ်အုပ်သော တပ်မှူး ကိုစေလွှတ် တပ်မှူးသည် တောင် ပေါ် မှာထိုင် သော ဧလိယ ထံ သို့ရောက် ပြီးလျှင်အိုဘုရား သခင်၏လူသင်သည် ဆင်း ရမည် အကြောင်းရှင်ဘုရင် အမိန့် တော်ရှိသည်ဟုဆို 10  ဧလိယ ကလည်းငါ သည် ဘုရား သခင်၏လူ မှန်လျှင်ကောင်းကင် က မီး ကျ သင် နှင့် သင် ၏လူ ငါးကျိပ် တို့ကို လောင် ပါစေဟု လူငါးကျိပ် အုပ်သော တပ်မှူး အား ဆို သည်အတိုင်းကောင်းကင် က မီး ကျ သူ နှင့် သူ ၌ ပါသောလူငါးကျိပ် တို့ကို လောင် လေ၏ 11  တဖန် လူငါး ကျိပ်အုပ်သော တပ်မှူး တယောက်ကို ရှင် ဘုရင်စေလွှတ် ထို တပ်မှူးက၊ အိုဘုရား သခင်၏ လူ သင်သည် အလျင် အမြန်ဆင်း ရမည်အကြောင်း ရှင်ဘုရင် အမိန့် တော်ရှိသည်ဟုဆို 12  ဧလိယ ကလည်းငါ သည်ဘုရား သခင်၏ လူ မှန်လျှင် ကောင်းကင် က မီး ကျ သင် နှင့် သင် ၏လူငါးကျိပ် တို့ကို လောင် ပါစေဟု သူ တို့အား ဆို သည်အတိုင်းဘုရား သခင်၏မီး သည် ကောင်းကင် က ကျ သူ နှင့် သူ ၌ ပါသောလူငါးကျိပ် တို့ကို လောင် လေ၏ 13  တဖန် လူငါးကျိပ် အုပ်သော တတိယ တပ်မှူး ကို ရှင်ဘုရင်စေလွှတ် သဖြင့်ထိုတပ်မှူး သည် တက် ဧလိယ ရှေ့ မှာ ဒူး ထောက် လျက်အိုဘုရား သခင်၏လူကျွန်တော် အသက် နှင့် ကိုယ်တော် ကျွန် လူငါးကျိပ် တို့၏ အသက် ကို နှမြော တော်မူပါ 14  ကောင်းကင် က မီး ကျ ၍ အခြားသော တပ်မှူး နှစ် ယောက်နှင့် သူတို့၌ ပါသောလူတရာကို လောင် သော်လည်းကျွန်တော် အသက် ကို နှမြော တော်မူပါဟု တောင်းပန် လေ၏ 15  ထာဝရဘုရား ၏ ကောင်းကင် တမန်ကလည်းသူ နှင့်အတူ ဆင်း သွားလော့။ သူ့ကို မ ကြောက် နှင့်ဟု ဧလိယ အား ဆို သည်အတိုင်းဧလိယသည်ထ ရှင်ဘုရင် ထံသို့ ရောက် လျှင်၊” 16  ထာဝရဘုရား မိန့် တော်မူသည်ကားသင်သည် ဧကြုန် မြို့၏ ဘုရား ဗာလဇေဗုပ် မေးမြန်း ခြင်းငှါ အဘယ်ကြောင့်သံတမန် တို့ကိုစေလွှတ် သနည်း။ မေးမြန်း စရာဘို့ ဣသရေလ ပြည်၌ ဘုရား သခင်မ ရှိ သောကြောင့် ထိုသို့ပြုသလော။ သို့ဖြစ်၍သင်သည် ယခုတက်” သော သာလွန် ပေါ်က နောက်တဖန်မ ဆင်း ရ။ စင်စစ် သေ ရ မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို၏ 17  ဧလိယ ဆင့်ဆို သောထာဝရဘုရား ၏ စကား တော်အတိုင်း ရှင်ဘုရင်သေ သား တော်မ ရှိ သောကြောင့် ညီတော်ယောရံ သည် ယုဒ ရှင်ဘုရင် ယောရှဖတ် သား ယဟောရံ နန်းစံနှစ် နှစ် တွင် နန်း ထိုင်လေ၏ 18  အာဇခိ ပြု မူသော အမှု အရာကြွင်း လေသမျှတို့သည်၊ ဣသရေလ ရာဇဝင် ရေးထား လျက်ရှိ၏