12
မောရှေအောင်မြင်သောမင်းများ
1 ယော်ဒန် မြစ်အရှေ့ နေ ထွက်ရာဘက် ၌ ၊ အာနုန် မြစ် မှစ၍ ဟေရမုန် တောင် တိုင်အောင် ၊ အရှေ့ လွင်ပြင် ရှိသမျှ ပါလျက်၊ ဣသရေလ အမျိုးသားတို့သည် လုပ်ကြံ ၍ သိမ်းယူ သောပြည် ကို အစိုးရသောမင်းကြီး များ ဟူမူကား ၊
2 အာနုန် မြို့အနား မှာ အာရော် မြို့၊ မြစ် တဝက် ၊ ဂိလဒ် ပြည်တဝက် မှစ၍ အမ္မုန် ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ် မြစ် တိုင်အောင် ၎င်း၊
3 အရှေ့ မျက်နှာ၌ လွင်ပြင် မှစ၍ဂင်္နေသရက် အိုင် နှင့် လွင်ပြင် အိုင် တည်းဟူသောသောဒုံ အိုင် အရှေ့ ဘက် ဗက်ယေရှိမုတ် မြို့သို့ သွားရာလမ်း ၊ အာဇုတ် ပိသဂါ မြို့အနား၊ တောင် မျက်နှာမှ လာရာလမ်းတိုင်အောင် ၎င်း အစိုးရ၍ ၊ ဟေရှဘုန် မြို့၌ နေ သောအာမောရိ ရှင်ဘုရင် ရှိဟုန် တပါး၊
4 ဟေရမုန် တောင် နှင့် သာလက ပြည်ကို၎င်း ၊ ဂေရှုရိ လူ၊ မာခါသိ လူနေသောပြည်စွန်း တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး ကို၎င်း၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ပိုင်သောနိုင်ငံစွန်း တိုင်အောင် ဂိလဒ် ပြည်တဝက် ကို၎င်း အစိုးရ၍၊
5 အာရှတရုတ် မြို့၊ ဧဒြိ မြို့၌ နေ သော အလွန် ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူဗာရှန် ရှင်ဘုရင် ဩဃ တပါး၊
6 ထိုရှင်ဘုရင် နှစ်ပါးကို ထာဝရဘုရား ၏ကျွန် မောရှေ နှင့် ဣသရေလ အမျိုးသားတို့သည် လုပ်ကြံ ၍ ၊ ထာဝရဘုရား ၏ကျွန် မောရှေ သည် သူတို့ပြည်ကို ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တို့အား အပိုင် ပေး လေ၏။
ယောရှုအောင်မြင်သောမင်းများ
7 ယော်ဒန် မြစ်အနောက် ဘက် မှာ လေဗနုန် ချိုင့် ၌ ရှိသောဗာလဂဒ် မြို့မှစ၍ ၊ စိရ လမ်းတွင်ရှိသောဟာလက် တောင် တိုင်အောင် တောင် ပေါ်အရပ်၊ ချိုင့် ထဲအရပ်၊ လွင်ပြင် အရပ်၊ စမ်းရေတွင်း အရပ်၊ တော အရပ်၊ တောင် မျက်နှာအရပ်၊
8 ဟိတ္တိ လူ၊ အာမောရိ လူ၊ ခါနနိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူနေရာ၊ ယောရှု နှင့် ဣသရေလ အမျိုးသား လုပ်ကြံ ၍၊ ယောရှု သည် ဣသရေလ အမျိုးအနွယ် အသီးအသီးတို့အားအပိုင် ပေး သော ပြည် ကို အစိုးရသောမင်းကြီး များဟူမူကား၊
9 ယေရိခေါ မင်းကြီး တပါး ၊ ဗေသလ မြို့အနား မှာ ၊ အာဣ မင်းကြီး တပါး၊
10 ယေရုရှလင် မင်းကြီး တပါး ၊ ဟေဗြုန် မင်းကြီး တပါး၊
11 ယာမုတ် မင်းကြီး တပါး ၊ လာခိရှ မင်းကြီး တပါး၊
12 ဧဂလုန် မင်းကြီး တပါး ၊ ဂေဇာ မင်းကြီး တပါး၊
13 ဒေဗိရ မင်းကြီး တပါး ၊ ဂေဒါ မင်းကြီး တပါး၊
14 ဟောမာ မင်းကြီး တပါး ၊ အာရဒ် မင်းကြီး တပါး၊
15 လိဗန မင်းကြီး တပါး ၊ အဒုလံ မင်းကြီး တပါး၊
16 မက္ကဒါ မင်းကြီး တပါး ၊ ဗေသလ မင်းကြီး တပါး၊
17 တာပွါ မင်းကြီး တပါး ၊ ဟေဖါ မင်းကြီး တပါး၊
18 အာဖက် မင်းကြီး တပါး ၊ လာရှရုန် မင်းကြီး တပါး၊
19 မာဒုန် မင်းကြီး တပါး ၊ ဟာဇော် မင်းကြီး တပါး၊
20 ရှိမရုန် မင်းကြီး တပါး ၊ အာခရှပ် မင်းကြီး တပါး၊
21 တာနက် မင်းကြီး တပါး ၊ မေဂိဒ္ဒေါ မင်းကြီး တပါး၊
22 ကေဒေရှ မင်းကြီး တပါး ၊ ကရမေလ တောင်ပေါ် မှာ ယောကနမ် မင်းကြီး တပါး၊
23 ဒေါရ ပြည်နယ် မှာ ဒေါရ မင်းကြီး တပါး ၊ ဂိလဂါလ ပြည်မှာ ဂေါအိမ် မင်းကြီး တပါး၊
24 တိရဇ မင်းကြီး တပါး ၊ မင်းကြီး ပေါင်း သုံးဆယ် တပါး တည်း။