42
ယောဘ သည်ထာဝရဘုရား အား ပြန် လျှောက်သည်ကား၊ ကိုယ်တော်သည် အလုံးစုံ တို့ကို တတ်နိုင် တော်မူကြောင်း ကို၎င်းအကြံအစည် တော်ကို အဘယ်သူမျှမဆီးတား နိုင်ကြောင်းကို၎င်းအကျွန်ုပ်သိ ပါ၏။ ပညာ ရှိဘဲ အကြံအစည် တော်ကိုမိုက် စေသော သူကားအဘယ်သူ နည်း။ သို့ရာတွင် အကျွန်ုပ်သည် နား လည်သောအရာတို့ကို၎င်းကိုယ်တိုင်မ သိအံ့ဩ ၍ မကုန်နိုင်သော အရာတို့ကို၎င်းပြော မိပါပြီ။ နားထောင် တော်မူပါ။ အကျွန်ုပ် လျှောက် ပါမည်။ အကျွန်ုပ်မေးလျှောက် သော အရာတို့ကို သွန်သင် တော်မူပါ။ သိတင်း တော်ကို အကျွန်ုပ်သည် နား နှင့် ကြား ဘူး ပါပြီ။ ယခု မူကားကိုယ်တော် ကို မျက်စိ နှင့်မြင် ရပါ၏။ ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာ ပါ၏။ မြေမှုန့် နှင့် မီးဖိုပြာ ၌ထိုင်၍ နောင်တရ ပါ၏ဟု လျှောက် လေ၏။ ထိုသို့ ထာဝရဘုရား သည် ယောဘ အား မိန့် တော်မူပြီးမှတေမန် အမျိုးသားဧလိဖတ် အား လည်း သင် နှင့် သင် ၏ အဆွေ ခင်ပွန်းနှစ် ယောက် ကို ငါ အမျက် ထွက် ၏။ အကြောင်း မူကား၊ ငါ့ ကျွန် ယောဘ သည် ငါ့ အကြောင်း အရာတို့ကို ဟုတ်မှန် စွာ ပြောသကဲ့သို့သင်တို့သည် မ ပြော သို့ဖြစ်၍ နွားထီး ခုနစ် ကောင်နှင့် သိုးထီး ခုနစ် ကောင်တို့ကိုယူ ပြီးလျှင်ငါ့ ကျွန် ယောဘ ထံသို့ သွား မိမိတို့အဘို့မီးရှို့ ရာယဇ်ကို ပူဇော် ကြလော့။ ငါ့ ကျွန် ယောဘ သည် သင် တို့အဘို့ ဆုတောင်း ရမည်။ သူ ၏မျက်နှာ ကို ငါထောက် မည်။ သို့မဟုတ်ငါ့ ကျွန် ယောဘ သည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန် စွာပြောသကဲ့သို့၊ သင်တို့သည် မ ပြော သောအပြစ် နှင့် အလျောက်ငါစီရင် မည်ဟု မိန့် တော်မူ၏။ ထိုသို့ ထာဝရဘုရား မှာ ထား တော်မူသည် အတိုင်း တေမန် အမျိုးသားဧလိဖတ်ရှုအာ အမျိုးသားဗိလဒဒ်နေမတ် အမျိုးသားဇောဖာ တို့သည် သွား ပြု ကြ၏။ ထာဝရဘုရား သည်လည်း ယောဘ ၏မျက်နှာ ကိုထောက် တော်မူ၏။ 10 ယောဘသည် အဆွေ ခင်ပွန်းတို့အဘို့ ဆုတောင်း ပြီးမှသူခံရ သောဒုက္ခအကြောင်းကို ထာဝရဘုရား သည် ပယ်ရှင်း အရင်ထက် နှစ် ဆသောဥစ္စာကို ပေး တော်မူ၏။ 11 ထိုအခါ သူ ၏ညီအစ်ကို နှမ များ၊ အရင်သိကျွမ်း သောသူများအပေါင်း တို့သည် သူ့ ထံသို့ လာ သူ ၏ အိမ် သူ နှင့်အတူ စားသောက် ကြ၏။ သူအပေါ် မှာ ထာဝရဘုရား ရောက် စေတော်မူသော ဒုက္ခဆင်းရဲ ရှိသမျှ ကို အောက်မေ့၍ သူ နှင့်အတူညည်းတွား ခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်းငွေ တပြား စီ နှင့် ရွှေ နားတောင်း တဘက် စီ ပေး ကြ၏။ 12 ထိုသို့ ထာဝရဘုရား သည် ယောဘ ၏ ရှေ့ဖြစ်ဟန် ကို ကောင်းကြီးပေးတော်မူသည်ထက်နောက်ဖြစ်ဟန် ကိုသာ၍ကောင်းကြီး ပေးတော်မူသဖြင့်သူသည် သိုး တသောင်း လေးထောင်၊ ကုလားအုပ် ခြောက် ထောင်နွားယှဉ် တထောင်မြည်းမ တထောင် ကို ရ တတ်၏။ 13 သား ခုနစ် ယောက်နှင့် သမီး သုံး ယောက်ကိုလည်း ပြန်၏။ 14 သမီးကြီး ကား၊ ယေမိမ သမီးလပ် ကား ကေဇိ သမီးငယ် ကား ကေရင်္ဟပ္ပုတ် အမည် ရှိသတည်း။ 15 တပြည်လုံး ယောဘ ၏ သမီး ကဲ့သို့ လှ သောမိန်းမ တစုံတယောက်မျှမ ရှိ။ သူ တို့၏အဘ သည်သူ တို့ မောင် များနှင့်အညီအမျှ သူ တို့အား အမွေ ဥစ္စာကို ဝေပေး လေ၏။ 16 ထိုနောက် ယောဘ သည် အနှစ် တရာ လေးဆယ် အသက် ရှင်၍ မိမိ သားမြေးမြစ်တို့ကိုပင် မြင် ရပြီးမှ 17 အသက် ကြီးရင့်၍ နေ့ရက် ကာလနှင့် ကြွယ်ဝ သော်၊ အနိစ္စ ရောက်လေ၏။