ယောဘဝတ္တု။
1
ယောဘ အမည် ရှိသောသူတယောက်သည် ဥဇ ပြည် နေ ၏။ ထို သူ သည်စုံလင် ဖြောင့်မတ် ခြင်းရှိ ၏။ ဘုရား သခင်ကို ကြောက်ရွံ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။ သား ခုနစ် ယောက်နှင့် သမီး သုံး ယောက်ရှိ ၏။ သူ ၏ဥစ္စာ ကား၊ သိုး ခုနစ် ထောင်ကုလားအုပ် သုံး ထောင်နွား ယှဉ်ငါး ရာမြည်း မငါး ရာငယ်သား အတိုင်း မသိများ သည်ဖြစ်၍ထို သူ သည် အရှေ့ မျက်နှာအရပ် သားတကာ တို့ထက် သာ၍ကြီး သောသူဖြစ် ၏။ ယောဘ ၏ သား တို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိ တို့အိမ် ၌ ပွဲ ခံ သဖြင့်နှမ သုံး ယောက်ကို လည်းခေါ် အတူ စား သောက် လေ့ ရှိကြ၏။ ပွဲ ခံသောနေ့ ရက်လွန်သောအခါယောဘ သည်သူ တို့ကိုခေါ်၍ သန့်ရှင်း စေပြီးလျှင် နံနက် စောစောထ သူ တို့အရေ အတွက်အတိုင်း မီး ရှို့သောယဇ်ကိုပူဇော် လေ့ရှိ၏။ အကြောင်း မူကား၊ ငါ့ သား တို့သည် မှားယွင်း ၍ စိတ် နှလုံးထဲ ၌ဘုရား သခင်ကို စွန့်ပယ်ကြပြီလောဟု ယောဘ အောက်မေ့ ၏။ ထိုသို့ ယောဘ သည် အစဉ် ပြု မြဲ ရှိ၏။ ဘုရား သခင်၏ သား တို့သည်ထာဝရဘုရား ထံ တော်၌ ခစား ခြင်းငှါ လာ ရသော နေ့ ရက်အချိန် ရောက်လျှင်စာတန် သည်လည်း သူ တို့နှင့်ရောနှော၍လာ ၏။ ထာဝရဘုရား ကလည်းသင်သည်အဘယ် အရပ်က လာ သနည်းဟုစာတန် ကို မေး တော်မူလျှင်စာတန် က၊ မြေကြီး ပေါ် မှာ လှည့်လည် ၍ အရပ်ရပ်သွား လာခြင်း အမှုထဲက လာပါသည်ဟု ပြန် လျှောက်လေ၏။ ထာဝရဘုရား ကလည်းငါ့ ကျွန် ယောဘ ကိုဆင်ခြင် ပြီလော။ မြေကြီး ပေါ် မှာသူ နှင့် တူသောသူ တယောက်မျှမ ရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်သည်ဟု စာတန် အား မိန့် တော်မူ၏။ စာတန် ကလည်းယောဘသည် အကျိုး မရဘဲ ဘုရား ဝတ်ကို ပြုသလော။ 10 ကိုယ်တော် သည် သူ့ ကိုယ်မှစ၍သူ့ အိမ် နှင့် သူ့ ဥစ္စာ ရှိသမျှ ပတ်လည် ၌ စောင်ရန်းကာ တော်မူသည် မဟုတ် လော။ သူ ပြု လေသမျှတို့ကို ကောင်းကြီး ပေးတော်မူပြီ။ သူ့ သိုး နွားအစရှိသော တိရစ္ဆာန်တို့သည် မြေ ပေါ် မှာ အလွန်ပွားများ ကြပြီ။ 11 ယခု မူကားလက် တော်ကိုဆန့် ၍ သူ ၏ဥစ္စာရှိသမျှ ကို ထိခိုက် တော်မူလျှင်သူသည် မျက်မှောက် တော်၌ ကိုယ်တော် ကို စွန့်ပယ် ပါလိမ့်မည်ဟု ထာဝရဘုရား ကို ပြန် လျှောက်လေ၏။ 12 ထာဝရဘုရား ကလည်းသူ ၏ဥစ္စာရှိသမျှ သည် သင့် လက် ရှိ၏။ သူ့ ကိုယ်တခုကိုသာ ထိ မခိုက်နှင့်ဟု မိန့် တော်မူလျှင်စာတန် သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား လေ၏။ 13 တနေ့ သ၌ယောဘ ၏သား သမီး တို့သည် အစ်ကို အကြီး အိမ် တွင် စား စပျစ်ရည် ကိုသောက် လျက် နေကြစဉ်၊ 14 ယောဘ ထံ သို့ တမန် တယောက်လာ နွား တို့သည် လယ်ထွန် လျက်၊ သူ တို့အနား မှာမြည်း မတို့သည် ကျက်စား လျက် ရှိကြသောအခါ 15 ရှေဘ အမျိုးသားတို့သည် တိုက် ယူ သွားကြပါပြီ။ လူ စောင့်တို့ကိုလည်း ထား နှင့် သတ် ၍ ကျွန်တော် တယောက် တည်း ကျန်ရစ် လျက်ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။ 16 ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူတယောက်သည်လာ ၍၊ ဘုရား သခင်၏မီး သည် မိုဃ်းကောင်းကင် မှ ကျ သဖြင့်သိုး များနှင့် လူ စောင့်များတို့ကို လောင် သူတို့သည်ကျွမ်း ကုန်ကြပါပြီ။ ကျွန်တော် ယောက် တည်း ကျန်ရစ် လျက်ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟုလျှောက် လေ၏။ 17 ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူ တယောက်သည်လာ ခါလဒဲ အမျိုးသားတပ် သုံး တပ် တို့သည် ချီ ကုလားအုပ် တို့ကို တိုက် ယူ သွားကြပါပြီ။ လူ စောင့်တို့ကိုလည်း ထား နှင့် သတ် ၍ ကျွန်တော် ယောက်တည်း ကျန်ရစ် လျက်ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။ 18 ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူတယောက်သည်လာ ကိုယ်တော် ၏သား သမီး တို့သည် အစ်ကို အကြီး အိမ် စား စပျစ်ရည် ကို သောက် လျက်နေကြသောအခါ၊ 19 တော မှ လေ ကြီး လာ၍ အိမ် လေး ထောင့် ကို တိုက် သဖြင့်အိမ်သည် ထိုလုလင် တို့အပေါ် ၌ပြိုလဲ ပါ၏။ သူတို့သည်သေ ကျွန်တော် ယောက်တည်း ကျန်ရစ် လျက်ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။ 20 ထိုအခါ ယောဘ သည် ထ မိမိ ဝတ်လုံ ကို ဆုတ် လေ၏။ ဆံပင် ကိုလည်း ရိတ် မြေ ပေါ်မှာဝပ် လျက် ကိုးကွယ် ပြီးလျှင်ငါသည် အဝတ် မပါဘဲ အမိ ဝမ်း ထဲက ထွက် လာ၏။ 21 အဝတ် မပါဘဲ အမိဝမ်းထဲ သို့ ပြန် သွားတော့မည်။ ထာဝရဘုရား ပေး တော်မူ၏။ ထာဝရဘုရား လည်း ရုပ်သိမ်း တော်မူ၏။ ထာဝရဘုရား ၏ နာမ တော်သည် မင်္ဂလာ ရှိပါစေသတည်းဟု ဆို လေ၏။ 22 ယောဘ သည် ဤ အမှုများ နှင့် တွေ့ကြုံသော်လည်းမ မှားယွင်း။ ထာဝရဘုရား ကိုလည်းအပြစ် တင်ဘဲနေ၏။