36
1 ဧဒုံ အမည်ရှိ သောဧသော အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိ များဟူမူကား၊
2 2ဧသော သည် ဟိတ္တိ အမျိုးဧလုန် ၏သမီး အာဒ တယောက်၊ ဟိဝိ အမျိုးဇိဘောင် သား အာန ၏ သမီး အဟောလိဗာမ တယောက်၊ ခါနာန် အမျိုးသမီး နှစ်ယောက်နှင့်၎င်း၊
3 3ဣရှမေလ သမီး တည်းဟူသောနဗာယုတ် နှမ ဗာရှမတ် တယောက်နှင့် ၎င်း အိမ် ထောင်လေ၏။
4 ဧသော မယား အာဒ ဘွား သော သားကား၊ ဧလိဖတ် ၊ ဗာရှမတ် ဘွား သောသားရွေလ တည်း။
5 အဟောလိဗာမ ဘွား သော သားကား၊ ယုရှ ၊ ယာလံ ၊ ကောရ တည်း။ ဤ သူတို့ကား၊ ခါနာန် ပြည် ၌ ဧသော မြင် သောသားတည်း။
6 ဧသော သည် မယား သား သမီး နှင့်တကွ ၊ အိမ်သူ အိမ်သားအပေါင်း တို့ကို၎င်း၊ သိုး နွား စသည်တို့နှင့် တိရစ္ဆာန် ရှိသမျှ တို့ကို၎င်း၊ ခါနာန် ပြည် ၌ ရ တတ်သော ဥစ္စာ ရှိသမျှ တို့ကို၎င်းယူ ၍ ၊ ညီ ယာကုပ် ထံ မှ ပြောင်းသွား လေ၏။
7 အကြောင်း မူကား၊ ထို သူနှစ်ပါးတို့သည် ဥစ္စာ များ လွန်းသောကြောင့်တရပ် တည်းမ နေ နိုင်ကြ။ သူ တို့ နေရာမြေ သည်၊ သူ တို့တိရစ္ဆာန် များကြောင့် မဆံ့ နိုင်ရာ။
8 သို့ဖြစ်၍ ဧဒုံ အမည်ရှိသောဧသော သည် စိရ တောင် ပေါ်မှာ နေ လေ၏။
9 စိရ တောင် ပေါ်မှာ ဧဒုံ အမျိုးသားတို့၏ အဘ ဧသော ၏ သားစဉ် မြေးဆက်တို့ကို ဆိုပေအံ့။
10 ဧသော ၏ သား တို့အမည် ကား၊ မယား အာဒ ဘွားသောသား ဧလိဖတ် ၊ မယား ဗာရှမတ် ဘွားသော သား ရွေလ တည်း။
11 ဧလိဖတ် သား ကား၊ တေမန် ၊ ဩမရ ၊ ဇေဖေါ ၊ ဂါတံ ၊ ကေနတ် တည်း။
12 ဧသော သား ဧလိဖတ် ၏ မယားငယ် ၊ တိမန ဘွား သောသားကား၊ အာမလက် တည်း။ ဤ သူတို့သည် ဧသော မယား အာဒ ၏အနွှယ် ဖြစ် သတည်း။
13 ရွေလ သား ကား၊ နာဟတ် ၊ ဇေရ ၊ ရှမ္မ ၊ မိဇ္ဇ တည်း။ ဤ သူတို့သည် ဧသော မယား ဗာရှမတ် ၏အနွှယ် ဖြစ် သတည်း။
14 ဇိဘောင် သား အာန ၏သမီး ၊ ဧသော မယား အဟောလိဗာမ ဘွား သောသား ကား၊ ယုရှ ၊ ယာလံ ၊ ကောရ တည်း။
15 ဧသော သား တို့တွင် ဗိုလ် လုပ်သောသူဟူမူကား ၊ သားဦး ဧလိဖတ် ၏သား ဗိုလ် တေမန် ၊ ဗိုလ် ဩမရ ၊ ဗိုလ် ဇေဖေါ ၊ ဗိုလ် ကေနတ်၊
16 ဗိုလ် ဂါတံ ၊ ဗိုလ် အာမလက် တည်း။ ဤ ဗိုလ် တို့ သည် အာဒ ၏အနွှယ် ၊ ဧဒုံ ပြည် ၌ ဧလိဖတ် ရသောသားဖြစ်သတည်း။
17 ဧသော သား ရွေလ ၏ သား ကား၊ ဗိုလ် နာဟတ် ၊ ဗိုလ် ဇေရ ၊ ဗိုလ် ရှမ္မ ၊ ဗိုလ် မိဇ္ဇ တည်း။ ဤ ဗိုလ် တို့သည် ဧသော မယား ဗာရှမတ် ၏အနွှယ် ၊ ဧဒုံ ပြည် ၌ ရွေလ ရသောသားဖြစ်သတည်း။
18 ဧသော မယား အဟောလိဗာမ ၏ သား ကား၊ ဗိုလ် ယုရှ ၊ ဗိုလ် ယာလံ ၊ ဗိုလ် ကောရ တည်း။ ဤ ဗိုလ် တို့သည် အာန ၏သမီး ၊ ဧသော မယား အဟောလိဗာမ သား ဖြစ်သတည်း။
19 ဧဒုံ အမည်ရှိသောဧသော ၏ သား မြေးများ၊ သူ တို့တွင် ဗိုလ် လုပ်သောသူများ၊ ဤ သို့တည်း။
20 ထိုပြည် ၌နေ သောဟောရိ အမျိုး၊ စိရ ၏သား ကား၊ လောတန် ၊ ရှောဗလ ၊ ဇိဘောင် ၊ အာန၊
21 ဒိရှုန် ၊ ဧဇာ ၊ ဒိရှန် တည်း။ ဤ သူတို့သည် ဧဒုံ ပြည် ၌ ဟောရိ အမျိုး၊ စိရ ၏သား တို့တွင် ဗိုလ် လုပ်သောသူဖြစ် သတည်း။
22 လောတန် သား ကား၊ ဟောရိ နှင့် ဟေမံ တည်း။
23 ရှောဗလ သား ကား၊ အာလဝန် ၊ မနာဟတ် ၊ ဧဗလ ၊ ရှေဖေါ ၊ ဩနံ တည်း။
24 ဇိဘောင် သား ကား၊ အာယ နှင့် အာန တည်း။ ထို အာန ကား ၊ အဘ ဇိဘောင် ၏ မြည်း တို့ကို ထိန်း သောအခါ ၊ တော ၌ နွေး သော စမ်းရေတွင်းတို့ကို တွေ့ သောသူ ပေတည်း။
25 အာန သား ကား၊ ဒိရှုန် နှင့် သမီး အဟောလိဗာမ တည်း။
26 ဒိရှုန် သား ကား၊ ဟင်္ဒန် ၊ ဧရှဗန် ၊ ဣသရန် ၊ ခေရန် တည်း။
27 ဧဇာ သား ကား၊ ဗိလဟန် ၊ ဇာဝန် ၊ အာကန် တည်း။
28 ဒိရှန် သား ကား၊ ဥဇ နှင့် အာရန် တည်း။
29 ဟောရိ အမျိုးဗိုလ် များကား ၊ ဗိုလ် လောတန် ၊ ဗိုလ် ရှောဗလ ၊ ဗိုလ် ဇိဘောင် ၊ ဗိုလ် အာန၊
30 ဗိုလ် ဒိရှုန် ၊ ဗိုလ် ဧဇာ ၊ ဗိုလ် ဒိရှန် တည်း။ ဤ သူတို့ သည် စိရ ပြည် ၌ ဗိုလ် လုပ်သောသူ တို့ တွင်၊ ဟောရိ အမျိုး ဗိုလ် ဖြစ်သတည်း။
31 ဣသရေလ အမျိုး ၌ အစိုး ရသောမင်း ကြီး မ ရှိမှီ၊ ဧဒုံ ပြည် ၌ အစိုး ရသောမင်းကြီး ဟူမူကား၊
32 ဗောရ သား ဗေလာ သည် ဧဒုံ ပြည်၌ မင်း ပြု၏။ မြို့ တော်ကား၊ ဒိန္နာဗာ မြို့တည်း။
33 ဗေလာ မင်းသေ ၍ သူ ၏အရာ ၌ ဗောဇရ အရပ် သား၊ ဇေရ ၏သား ယောဗပ် သည် မင်း ပြုလေ၏။
34 ယောဗပ် မင်းသေ ၍ ၊ သူ ၏အရာ ၌ တေမနိ အရပ် သား ဟုရှံ သည် မင်း ပြုလေ၏။
35 ဟုရှံ မင်းသေ ၍ ၊ မောဘ လွင်ပြင် ၌ မိဒျန် လူတို့ ကို လုပ်ကြံ သောသူ၊ ဗေဒဒ် သား ဟာဒဒ် သည်၊ ဟုရှံ အရာ ၌ မင်း ပြုလေ၏။ မြို့ တော်ကား၊ အာဝိတ် မြို့တည်း။
36 ဟာဒဒ် မင်းသေ ၍ ၊ သူ ၏အရာ ၌ မာသရက် အရပ်သားစာမလ သည် မင်း ပြုလေ၏။
37 စာမလ မင်းသေ ၍ ၊ သူ ၏အရာ ၌ မြစ် နားမှာ နေသောရဟောဘုတ် အရပ်သားရှောလ သည် မင်း ပြု လေ၏။
38 ရှောလ မင်းသေ ၍ သူ ၏အရာ ၌၊ အာခဗော် သား ဗာလဟာနန် သည် မင်း ပြုလေ၏။
39 အာခဗော် သား ဗာလဟာနန် မင်းသေ ၍ သူ ၏ အရာ ၌ဟာဒါ သည် မင်း ပြုလေ၏။ မြို့ တော်ကား၊ ပေါ မြို့ တည်း။ မျောက်သားတော်ကား၊ မေဇဟပ် သမီး မာတရက် ၏သမီး မဟေတဗေလ တည်း။
40 ဧသော မှ ဆင်းသက်၍ မိမိ အမျိုး အနွယ်၊ နေရာ အရပ်၊ ခံရသောဘွဲ့ နာမအလိုက် ၊ ဗိုလ် လုပ်သောသူ ဟူမူကား ၊ ဗိုလ် တိမနာ ၊ ဗိုလ် အာလဝ ၊ ဗိုလ် ယေသက်၊
41 ဗိုလ် အဟောလိဗာမ ၊ ဗိုလ် ဧလာ ၊ ဗိုလ် ပိနုန်၊
42 ဗိုလ် ကေနတ် ၊ ဗိုလ် တေမန် ၊ ဗိုလ် မိဗဇာ၊
43 ဗိုလ် မာဂဒျေလ ၊ ဗိုလ် ဣရံ တည်း။ ဤ သူတို့သည် မိမိ နေရာ အရပ်၊ မိမိ ပိုင် သော ပြည် ၌ ၊ ဧဒုံ ဗိုလ် များ ဖြစ်သတည်း။ ဧသော သည် ဧဒုံ အမျိုးသားတို့၏ အဘ ဖြစ်သတည်း။