27
ထိုနောက်ဣဇာက် သည် အို မျက်စိ မှုန် သဖြင့် မမြင် နိုင်သောအခါသား အကြီး ဧသော ကို၊ ငါ့ သား ဟု ခေါ် လျှင်အကျွန်ုပ် ရှိ ပါ၏ဟု ထူး လေ၏။ အဘကလည်း၊ ယခု ငါအို လှပြီ။ အဘယ်သောအခါ သေ ရမည်ကို ငါမ သိ သေ မှီ ငါ့ ဝိညာဉ် သည် သင့် ကို ကောင်းကြီး ပေးမည်အကြောင်းသင် ၏လက်နက် တည်းဟူသောလေး နှင့် မြှား တောင့်ကို ဆောင်ယူ လျက် တော သို့ သွား၍ငါစားစရာ ဘို့ အမဲ ကောင်ကို ရအောင်ရှာပြီးလျှင်၊ ငါမြိန်ရှက် တတ်သော အမဲဟင်း လျာကို ချက် ငါ့ ထံသို့ ယူ ခဲ့ပါလော့ဟု ပြောဆို၏။ ထိုသို့ ဣဇာက် သည် သား ဧသော အား ပြောဆို သောစကားကို၊ ရေဗက္က ကြား သည်ဖြစ်၍ဧသော သည် အမဲသား ကို ရအောင်တော သို့ အရှာသွား စဉ်တွင်၊ ရေဗက္က သည် သား ယာကုပ် ကို ခေါ် သင် ၏အဘ က၊ ငါ သေ မှီ ထာဝရ ဘုရား၏ ရှေ့ တော်မှာ သင့် ကို ငါကောင်းကြီး ပေးမည်အကြောင်းငါစား စရာဘို့ အမဲသား ကို ယူ ခဲ့၍၊ အမဲဟင်း လျာကို ချက် ပါဟု သင် ၏အစ်ကို ဧသော အား ပြော သည်ကို ငါကြား ပြီ။ သို့ဖြစ်၍ ငါ့ သားငါ မှာ ထားသမျှသော စကား ကို နားထောင် ပါ လော့။ ယခု ဆိတ် စုရှိရာသို့ သွား ၍၊ ကောင်းသော ဆိတ် သငယ် နှစ် ကောင်ကို ငါ့ ထံသို့ ယူ ခဲ့ပါလော့။ သင် ၏အဘ မြိန်ရှက် တတ်သော အမဲဟင်းလျာကို ငါချက် မည်။ 10 သင် ၏အဘ သေ မှီ သင့် ကို ကောင်းကြီး ပေး မည်အကြောင်းထိုအစာကို အဘ စား စေခြင်းငှါသင် သည် အဘထံသို့ ပို့ဆောင် ရမည်ဟု ဆိုလေ၏။ 11 ယာကုပ် ကလည်းကျွန်ုပ် အစ်ကို ဧသော ကား အမွေး ရှိသောသူကျွန်ုပ် ကားချောမွှတ် သောသူ ဖြစ် ၏။ 12 ကျွန်ုပ် အဘ သည် ကျွန်ုပ် ကို စမ်းသပ်ကောင်း စမ်းသပ် လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စား သော သူဟူ၍ ထင် သဖြင့်၊ ကျွန်ုပ် သည် မင်္ဂလာ ကိုမ ရဘဲ ကျိန်ခြင်း အမင်္ဂလာကိုသာ ခံရ လိမ့်မည်ဟု အမိ ကိုဆို လေ၏။ 13 အမိ ရေဗက္ကလည်း၊ ငါ့ သားသင် ခံရသောကျိန်ခြင်း အမင်္ဂလာသည် ငါ သင့်ရောက်ပါစေ။ ငါ့ စကား ကို နားထောင် ၍ ဆိတ်သငယ်တို့ကိုသာ ယူ ခဲ့ပါဟု ဆိုသည်အတိုင်း၊ 14 သူသည် သွား ဆိတ်သငယ်တို့ကို အမိ ထံသို့ ယူ ခဲ့သဖြင့်အမိ သည်လည်း အဘ မြိန်ရှက် တတ်သော အမဲဟင်းလျာကိုချက် လေ၏။ 15 ထိုအခါ ရေဗက္က သည် အိမ် တွင် မိမိ လက် ၌ ရှိသောသား ကြီး ဧသော ၏အဝတ်ကောင်းမွန် သော အဝတ်ကိုယူ ၍၊ သား ငယ် ယာကုပ် ကို ဝတ် စေလျက်၊ 16 ဆိတ် သငယ် ၏ သားရေ ကိုလည်း ယူ၍ သူ ၏ လက် ၌၎င်းလည်ပင်း ချော သော ဘက်၌ ၎င်း ဆင် ယင်ပြီးလျှင် 17 မိမိချက် သော အမဲဟင်း နှင့် မုန့် ကိုသား ယာကုပ် လက် အပ်ပေး ၏။ 18 ယာကုပ်လည်း အဘ ထံ သို့ သွား အဘ ဟု ခေါ် လေ၏။ အဘကလည်း၊ ငါ ရှိ ၏ငါ့ သားသင် သည် အဘယ် သူနည်းဟုမေး ၏။ 19 ယာကုပ် ကလည်းအကျွန်ုပ် ကား သား အကြီး ဧသော ဖြစ်ပါ၏။ အဘမှာ ထားသည်အတိုင်း ပြု ပါပြီ။ ထ ၍ထိုင် ပါ။ အဘ၏ဝိညာဉ် သည် အကျွန်ုပ် ကို ကောင်းကြီး ပေးမည်အကြောင်းအကျွန်ုပ် ၏အမဲသား ကို စား ပါလော့ဟု ဆို လေ၏။ 20 အဘဣဇာက် ကလည်းငါ့ သား မျှလောက်လျင်မြန်စွာတွေ့ရသောအကြောင်းကား၊ အဘယ်သို့ နည်း ဟု သား အား မေး လျှင်၊ အဘ၏ ဘုရားသခင် ထာဝရဘုရား သည် အကျွန်ုပ် ရှိရာသို့ ဆောင် ခဲ့တော်မူသောကြောင့်လျင်မြန် စွာတွေ့ ရပါသည်ဟု ပြန်ဆို လေ၏။ 21 ဣဇာက် ကလည်းငါ့ သားသင် သည် ငါ့ သား ဧသော မှန် သည် မ မှန်သည်ကိုသိလို၍၊ သင့် ကို ငါစမ်းသပ် စေခြင်းငှါ၊ ငါ့ထံပါးသို့ချဉ်းကပ် ပါလော့ဟုဆို လျှင်၊ 22 ယာကုပ် သည် အဘထံပါးသို့ချဉ်းကပ် အဘသည် စမ်းသပ် လျက်အသံ ကား ယာကုပ် ၏အသံလက် တို့ကား ဧသော ၏လက် ဖြစ်ပေသည်ဟု ဆို လေ၏။ 23 ထိုသို့သူ ၏ လက် တို့သည် ဧသော ၏လက် ကဲ့သို့ အမွေး ပါသောကြောင့်ယာကုပ်ဖြစ်မှန်းကို အဘ ရိပ်မိ သဖြင့်ကောင်းကြီး ပေးလေ၏။ 24 သို့ရာတွင် တဖန်ကား၊ သင်သည် ငါ့ သား ဧသော စင်စစ် အမှန်ပင် ဖြစ်သလောဟုမေး ပြန်လျင်၊ မှန်ပါသည် ဟု ဆို ၏။ 25 အဘကလည်း၊ ငါ့ ထံ ပါးသို့ သွင်း ခဲ့ပါ။ ငါ့ ဝိညာဉ် သည် သင့် ကို ကောင်းကြီး ပေးမည်အကြောင်းငါ့ သား ၏ အမဲသား ကို ငါစား အံ့ဟုဆိုလျှင်ယာကုပ်သည် အဘ ထံ ပါးသို့ သွင်း အဘစား လေ၏။ စပျစ်ရည် ကိုလည်း ပေး အဘသောက် လေ၏။ 26 ထိုနောက် အဘက၊ ငါ့ သား ချဉ်းကပ် ၍ ငါ့ ကို နမ်း ပါလော့ဟု ဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ် အဘ ကို နမ်း လေ၏။ 27 အဘ ဣဇာက် ကလည်း၊ သူ့ အဝတ် ၏ အနံ့ ကိုခံ ကြည့် ပါ။ ငါ့ သား ၏အနံ့ သည်၊ ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောလယ် ၏အမွှေး အကြိုင်နှင့် တူ၏။ 28 ထိုကြောင့် ဘုရားသခင် ပင် မိုယ်းကောင်းကင် ၏နှင်း ကို ၎င်းမြေကြီး ၏ဆီဥ ကို ၎င်းများစွာ သော ဆန် စပါး၊ စပျစ်ရည် ကို၎င်းသင့် အား ပေး တော်မူစေသတည်း။ 29 သူ တပါးတို့သည် သင် ၌ကျွန် ခံ၍အပြည်ပြည်တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ကြရစေသတည်း။ သင်သည် သင် ၏ညီအစ်ကို တို့၌ အရှင် ဖြစ်၍သင့် အမိ သား တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ရကြစေသတည်း။ သင့် ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိန်ဆဲ ခြင်းကိုခံရကြစေ သတည်း။ သင့် ကို ကောင်းကြီး ပေးသောသူအပေါင်းတို့ သည် ကောင်းကြီး ကိုခံရကြစေသတည်းဟု ကောင်းကြီးပေးလေ၏။ 30 ယာကုပ် သည်၊ အဘ ဣဇာက် ပေးသော ကောင်းကြီး မင်္ဂလာကို ခံ၍၊ အဘထံ မှ ထွက်သွား သော ခဏခြင်း တွင်၊ အစ်ကို ဧသော သည် မုဆိုး ပြုရာမှ ရောက် လာ၏။ 31 သူ သည်လည်း အမဲဟင်း လျာကို ချက် အဘ ထံ သို့ဆောင် ခဲ့ပြီးလျှင်အကျွန်ုပ် အဘ ၏ဝိညာဉ် သည်၊ အကျွန်ုပ် ကိုကောင်းကြီး ပေးမည်အကြောင်းသား ၏ အမဲသား ကို စား ပါလော့ဟုဆို လေ၏။ 32 အဘ ဣဇာက် ကလည်းသင် သည် အဘယ်သူ နည်းဟုမေး လျှင်၊ အကျွန်ုပ် ကား သား အကြီး ဧသော ဖြစ်ပါ၏ဟု ဆို လေသော် ၊ အဘဣဇာက်သည် အလွန် တုန်လှုပ်၍ အဘယ်သူနည်း၊ 33 အမဲသား ကိုရ၍၊ ငါ့ ထံ သို့ဆောင် ခဲ့ပြီးသောသူ သည် အဘယ် မှာရှိသနည်း။ သင်မ ရောက် မှီ ငါသည် အကုန်အစင် စား ပြီး၍သူ့ ကို ကောင်းကြီး ပေးမိပြီ။ သူ သည် ကောင်းကြီး မင်္ဂလာကို ဧကန် အမှန်ခံရလိမ့်မည်ဟု ဆို လေ၏။ 34 အဘ ဆိုသော စကား ကိုဧသော ကြား လျှင်အလွန် ပြင်း သောအသံနှင့် သည်းထန် စွာ ငိုကြွေး လျက်အိုအဘအကျွန်ုပ် ကိုလည်း ကောင်းကြီး ပေးပါလော့၊ ပေးပါလော့ဟုဆို လေသော် 35 အဘက၊ သင့် ညီ သည် လိမ္မာ စွာလာ သင် ၏ ကောင်းကြီး မင်္ဂလာကို ယူ သွားပြီဟု ဆို လေ၏။ 36 ဧသောကလည်း၊ သူ့ ကို ယာကုပ် ဟူသောအမည် ဖြင့် လျောက်ပတ် စွာ မှည့် ပါပြီ မဟုတ်လော။ အကျွန်ုပ် ကို နှစ် ကြိမ်လှည့်စား ၍ နိုင်ပါပြီ။ သားဦး အရိပ် အရာကို အရင်ယူ သွားပါပြီ။ ယခု လည်း တဖန် အကျွန်ုပ် ၏ကောင်းကြီး မင်္ဂလာကို ယူ သွားပါပြီဟူ၍၎င်းအကျွန်ုပ် အဘို့ ကောင်းကြီး မင်္ဂလာတပါးကိုမျှ မ ခြွင်း ပါသလောဟူ၍၎င်း ဆို လေ၏။ 37 ဣဇာက် ကလည်းသူ့ ကို သင် ၏အရှင် ဖြစ် စေပြီ။ ညီအစ်ကို အပေါင်း တို့ကို သူ ကျွန် ခံ စေပြီ။ ဆန် စပါး၊ စပျစ်ရည် နှင့် သူ့ ကိုထောက် မပြီးသို့ဖြစ်၍ ငါ့ သားသင် အဘယ်သို့ ပြု နိုင်တော့အံ့နည်းဟု၊ ဧသော အား ပြန် ပြောလျှင်၊ 38 ဧသော က၊ အိုအဘ ကောင်းကြီး မင်္ဂလာ တစုံတခု မျှ မရှိပါသလော၊ အိုအဘ၊ အကျွန်ုပ် ကိုလည်း ကောင်းကြီး ပေးပါလော့၊ ပေးပါလောဟု အဘ အား ပြော ဆိုလျက်တဖန် အသံ ကိုလွှင့် ငိုကြွေး လေ၏။ 39 အဘ ဣဇာက် ကလည်းကြည့်ရှု ပါ။ သင် ၏ နေရာ သည် မြေကြီး ၏ဆီဥ နှင့် ၎င်းအထက် မိုယ်း ကောင်းကင် ၏နှင်း နှင့် ၎င်း ပြည့်စုံ လိမ့်မည်။ 40 ထား ဖြင့် အသက် ကိုမွေးရလိမ့်မည်။ ညီ ကျွန် ခံရလိမ့်မည်။ နောက် တဖန် အစိုးရ သောအခါသူ တင် သောထမ်းဘိုး ကို သင် ၏လည်ပင်း မှ ချိုး ပယ်လိမ့်မည်ဟု ပြန် ၍ဆိုလေ၏။ 41 အဘ သည် ယာကုပ် အားပေး သော ကောင်းကြီး မင်္ဂလာကြောင့်ဧသော သည် ယာကုပ်ကို အငြိုး ထား၍ငါ့ အဘ ကြောင့် ညည်းတွား ရသော နေ့ရက် ကာလ အချိန် နီး ပြီ။ ထိုအခါ ငါ့ ညီ ယာကုပ် ကို ငါသတ် မည်ဟု၊ အကြံ နှင့် ပြော လေ၏။ 42 ထိုသို့သား ကြီး ဧသော ပြောသောစကား ကို အမိ ရေဗက္က ကြား လျှင်သား ငယ် ယာကုပ် ကိုခေါ် သင် ၏ အစ်ကို ဧသော သည် သင့် ကို သတ် သဖြင့်သင့် အမှု၌ စိတ် ပြေလိမ့်မည်။ 43 ထိုကြောင့်ငါ့ သားငါ့ စကား ကို နားထောင် ပါ။ ငါ့ မောင် လာဗန် နေရာခါရန် မြို့သို့ ပြေး သွား ပါလော့။ 44 သင် ၏အစ်ကို စိတ် ပြေ သည်တိုင်အောင်သူ့ ထံမှာ ခဏရှောင်၍ နေ ပါလော့။ 45 သင် ၏အစ်ကို စိတ် ပြေ ၍၊ သင် သည် သူ ပြု သောအမှု ကိုသူမေ့လျော့ သောအခါငါမှာ လိုက်၍ထို အရပ်မှ သင့် ကို ဆောင် ခဲ့စေမည်။ ငါ့သားနှစ် ယောက် လုံးကို တ နေ့ ခြင်းတွင် အဘယ်ကြောင့် ငါရှုံး ရမည်နည်း ဟု ဆိုလေ၏။ 46 တဖန် ရေဗက္က သည် ဣဇာက် ထံ သို့သွား၍၊ ကျွန်မ သည် ဟေသ အမျိုးသမီး တို့ ကြောင့်၊ ကိုယ်အသက် ကို ငြီးငွေ့ လှ၏။ ဤ ပြည် သူသမီး ကဲ့သို့ သောသူ၊ ဟေသ အမျိုးသမီး နှင့် ယာကုပ်အိမ်ထောင် ဘက်ပြု လျှင်ကျွန်မ အသက်ရှင် ၍ အဘယ် ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆို လေ၏။