3
သတ္တမ ရောက် မှ မြို့ ရွာအရပ်ရပ်၌ နေသောဣသရေလ အမျိုးသား လူ အပေါင်းတို့သည်၊ ယေရုရှလင် မြို့သို့ တညီ တညွတ်တည်းလာ၍ စုဝေး ကြ၏။ ထိုအခါ ယောဇဒက် သား ယောရှု နှင့် သူ ၏ညီအစ်ကို ယဇ် ပုရောဟိတ်များ၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် သူ ညီအစ်ကိုများတို့သည်ထ၍ ဘုရား သခင်၏လူ မောရှေ ရေး ထားသော ပညတ္တိ ကျမ်းစာ၌ ပါသည် အတိုင်းမီး ရှို့ရာ ယဇ်တို့ကို ပူဇော် လိုသောငှါဣသရေလ အမျိုး၏ ဘုရား သခင့်ယဇ် ပလ္လင်ကိုတည် ကြ၏။ ထိုပြည် အရပ်ရပ်၌ နေသောသူ တို့ကို ကြောက် သော်လည်းယဇ် ပလ္လင်ကို မိမိ ဘိနပ် ပေါ် မှာ တည် ထား ၍ နံနက် ညဦး မပြတ်မီး ရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော် ကြ၏။ ကျမ်းစာ လာသည်အတိုင်းသကေနေ ပွဲ ကိုလည်းခံ၍ တရား နှင့်အညီ နေ့ တိုင်းပြုသင့်သော ဝတ်ကိုပြုလျက်၊ နေ့တိုင်းမီး ရှို့ရာယဇ်တို့ကို အရေ အတွက်နှင့် ပူဇော် ကြ၏။ ထို နောက်မှအမြဲ ပူဇော် ရသောယဇ်၊ လဆန်း နေ့၌ ၎င်း ထာဝရဘုရား အဘို့ သန့်ရှင်း စေသော ဓမ္မ ပွဲနေ့ ၌ ၎င်း ပူဇော်ရသောယဇ်၊ ထာဝရဘုရား အား အလိုလို ပူဇော်သက္ကာကို ဆောင် ခဲ့သောသူ အသီး အသီးအဘို့ ပူဇော်ရသောယဇ်တို့ကို ပူဇော်လျက်နေကြ၏။ ဗိမာန် တော် တိုက်မြစ်ကိုမ ချ သေးသော်လည်းသတ္တမ ရက်နေ့ မှစ၍ မီး ရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော်ကြ၏။ ပန်းရန် သမားနှင့် လက် သမားတို့အား လည်း ငွေ ကိုပေး ကြ၏။ ပေရသိ ရှင်ဘုရင် ကုရု အခွင့် ပေးတော်မူသည် အတိုင်းအာရဇ် သစ်သား ကို လေဗနုန် တောင်မှ ယုပ္ပေ ဆိပ်သို့ ဆောင် စေခြင်းငှါဇိဒုန် မြို့သားနှင့် တုရှ မြို့သားတို့အားစား စရိတ်နှင့် ဆီ များကိုပေးကြ၏။ ယေရုရှလင် မြို့ ဗိမာန် တော်သို့ ရောက် သော ဒုတိယ နှစ်ဒုတိယ တွင် ရှာလသေလ သား ဇေရုဗဗေလ ယောဇဒတ် သား ယောရှုကျန် ကြွင်းသော ညီအစ်ကိုယဇ်ပုရောဟိတ်လေဝိ သားများ၊ အချုပ် ခံရသော လူစုထဲက ထွက် ၍၊ ယေရုရှလင် မြို့သို့လာသောလူများအပေါင်း တို့သည် ထ၍ ဗိမာန် တော်တည်ဆောက်ခြင်းအမှု ကို နှိုးဆော် စိမ့်သောငှါ လေဝိ သားတို့ကို ခန့် ထားကြ၏။ ထိုအခါ ယုဒ အမျိုးယောရှု နှင့်သူ ၏သား ညီ များ၊ ကပ်မျေလ နှင့် သူ ၏သား များ၊ လေဝိ အမျိုးဟေနဒဒ် သား များ၊ သူ တို့သား နှင့် ညီ များတို့သည်၊ ဗိမာန် တော်ကို တည်ဆောက်လုပ်ဆောင် သောသူတို့ ကို နှိုးဆော် ခြင်းငှါ ကြ၏။ 10 လုပ်ဆောင် သောသူတို့သည် ထာဝရဘုရား ၏ ဗိမာန် တော်တိုက်မြစ်ကိုချ သောအခါဣသရေလ ရှင်ဘုရင် ဒါဝိဒ် စီရင်သည်အတိုင်းထာဝရဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်း စေခြင်းငှါတံပိုး ကိုင်သော ယဇ် ပုရောဟိတ်များ၊ ခွက်ကွင်း ကိုင်သောလေဝိ အမျိုး၊ အာသပ် သား များတို့ကို ခန့် ထားကြ၏။ 11 ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၏။ ဣသရေလ အမျိုး၌ ပြတော်မူသောကရုဏာ တော် အစဉ် အမြဲတည် ပါသည်ဟူ၍ဂုဏ် တော်ကို ချီးမွမ်းလျက်ကျေးဇူး တော်ကို ဝန်ခံလျက်အသံပြိုင်၍ အလှည့်လှည့်သီချင်း ဆို ကြ၏။ ဗိမာန် တော်တိုက်မြစ်ကို ချ ရသောကြောင့်လူ အပေါင်း တို့သည် ထာဝရဘုရား ၏ဂုဏ် တော်ကို ချီးမွမ်းလျက်ကြီး သောအသံ နှင့် ကြွေးကြော် ကြ၏။ 12 သို့ရာတွင် အသက် ကြီး၍ အရင် ဗိမာန် တော်ကို မြင် ဘူးသော ယဇ်ပုရောဟိတ်လေဝိ သား၊ အဆွေအမျိုးသူကြီး အများတို့သည်၊ နောက်ဗိမာန် တော်တိုက်မြစ် ကျ လျက်ရှိသည်ကို မြင် သောအခါကြီး စွာသော အသံ နှင့် ငိုကြွေး ကြ၏။ လူအများ တို့သည်လည်း ဝမ်းမြောက် သောစိတ် နှင့် ကြွေးကြော် ကြ၏။ 13 ထိုသို့ပြုသောကြွေးကြော် သံ နှင့်ငိုကြွေး သံ ကို ကြားသောသူတို့ သည် ပိုင်းခြား၍ မ သိ နိုင်ကြ။ လူ များ တို့သည် ကြီး စွာသောအသံ နှင့် ကြွေးကြော် သောကြောင့်ဝေး သောအရပ်၌ ကြား ရလေ၏။