6
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ အချင်းလူသား ၊ သင် သည် ဣသရေလ တောင် တို့ကို မျက်နှာ ပြု ၊ သူ တို့တဘက် ၌ ပရောဖက် ပြုလော့။ အိုဣသရေလ တောင် တို့၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ အရှင် ထာဝရဘုရား သည် တောင် ကြီး၊ တောင် ငယ်၊ မြစ် ၊ ချိုင့် တို့အား မိန့် တော်မူသည်ကား ၊ ငါ သည်ကိုယ်တိုင် သင် တို့အပေါ် သို့ ထား ကိုရောက် စေ၍ ၊ မြင့် သောအရပ်တို့ကို ဖြိုဖျက် မည်။ သင် တို့ယဇ် ပလ္လင်တို့သည် လူဆိတ်ညံ လိမ့်မည်။ နေရုပ်တု တို့သည် ကျိုးပဲ့ လိမ့်မည်။ ရုပ်တု ဆင်းတုတို့ရှေ့ မှာ သင် တို့၏သူရဲ များကို ငါလှဲ ချမည်။ ရုပ်တု ဆင်းတုတို့ရှေ့ မှာ ဣသရေလ အမျိုးသား အသေ ကောင်များကို ချထား ၊ ယဇ် ပလ္လင်တို့ပတ်လည် ၌ သင် တို့အရိုး များကို ငါဖြန့်ကြဲ မည်။ သင် တို့နေရာ အရပ်ရပ် ရှိသောမြို့ တို့သည် ပြိုပျက် ၊ မြင့် သော အရပ်တို့သည် လူ ဆိတ်ညံလျက်၊ ယဇ် ပလ္လင်တို့သည်သုတ်သင် ပယ်ရှင်းလျက် ၊ ရုပ်တု ဆင်းတုအမျိုးမျိုးတို့သည် ခုတ်လှဲ ချိုးဖဲ့ ခြင်းကိုခံရလျက် ၊ သင် တို့လုပ် သော အရာတို့သည် ပျောက်ပျက် လျက်ရှိကြလိမ့်မည်။ သင် တို့အလယ် သူရဲ တို့သည် လဲ သေကြလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်။ သို့သော်လည်း ၊ သင် တို့သည် အပြည်ပြည် သို့ ကွဲပြား ကြသောအခါ ၊ လူ အမျိုးမျိုးတို့၏ထား နှင့် လွတ် သော သူအချို့ရှိ စေခြင်းငှါ အကျန် အကြွင်းကို ငါထား မည်။ ငါ့ ကိုစွန့် ပစ်၍ မှားယွင်း တတ်သော နှလုံး ကို၎င်း၊ ရုပ်တု ဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့်လိုက်၍ ကြည့် သော မျက်စိ တို့ကို၎င်းငါပယ်ဖျက် သောအခါ ၊ လွတ် သောသူတို့သည်သိမ်းသွား ခြင်းကိုခံရာအပြည်ပြည် တို့၌ ငါ့ ကိုအောက်မေ့ ကြလိမ့်မည်။ ပြု မိသမျှ သောစက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံ့ရှာကြ လိမ့်မည်။ 10  ထိုသို့ သောအပြစ် ဒဏ်ကို ငါပေး မည်ဟု၊ ငါ ထာဝရဘုရား သည် အချည်းနှီး မိန့် တော်မူသည် မ ဟုတ် ကြောင်း ကို သိ ရကြလိမ့်မည်။ 11  အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုး ပြုမိသမျှ သော ရွံ့ရှာဘွယ်အမှုဆိုး တို့ ကြောင့် ၊ အမင်္ဂလာရှိပါသည်တကားဟုဆိုလျက်၊ လက်ခုပ် တီးလော့။ ခြေ နှင့် ဆောင့်လော့။ အကြောင်း မူကား ၊ သူတို့သည်ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ နာ ဘေး တို့ဖြင့် လဲ ၍ သေကြလိမ့်မည်။ 12  ဝေး သောသူသည် နာ ဘေးဖြင့် သေ လျက် ၊ နီး သောသူသည် ထား ဘေးဖြင့် ဆုံး လျက် ၊ ထိုဘေးမှ လွတ်၍ ကျန်ကြွင်း သောသူသည်လည်း မွတ်သိပ် ခြင်း ဘေးဖြင့် သေ လျက် ၊ သူ တို့၌ ငါ ဒေါသအရှိန် ပြည့်စုံ လိမ့်မည်။ 13  ရုပ်တု ဆင်းတုအပေါင်း တို့အား နံ့သာပေါင်း ကို ပူဇော် ရာအရပ် ၊ ယဇ် ပလ္လင်များပတ်လည် ၊ မြင့် သောကုန်း ၊ တောင်ထိပ် ရှိသမျှ တို့အပေါ် ၊ စိမ်း သောသစ်ပင်၊ အရိပ် ကောင်းသော သပိတ်ပင် ရှိသမျှတို့အောက်၌၊ ရုပ်တု ဆင်းတုတို့တွင် သူရဲတို့သည်လဲ၍ သေလျက်ရှိ ကြသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်။ 14  သူ တို့အပေါ် မှာ ငါ သည်လက် ကိုဆန့် ၊ ဒိဗလတ် မြို့နှင့် ဆိုင်သော လွင်ပြင် ထက်၊ သူ တို့နေ လေရာရာ ပြည် ကိုသာ၍ လူဆိတ်ညံ ရာ၊ အံ့ဩဘွယ် ရာဖြစ် စေ သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။