8
သင်သည် အသက်ရှင် များပြား မည်အကြောင်းထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သော ပြည် သို့ သွား ဝင်စား မည်အကြောင်း၊ ယနေ့ ငါ မှာထား သော ပညတ် အလုံးစုံ တို့ကို ကျင့်ဆောင် အံ့သောငှာ သတိပြု ရမည်။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှိမ့်ချ စုံစမ်း ပညတ် တော်တို့ကို ကျင့် ချင်သောစိတ် ရှိသည် မ ရှိသည်ကို သိ မည်အကြောင်းလွန်ခဲ့ပြီး သော အနှစ် လေးဆယ် ပတ်လုံးတော ပို့ဆောင် တော်မူသော လမ်း ခရီးတရှောက်လုံး ကို အောက်မေ့ ရမည်။ ထိုသို့ သင့် ကိုနှိမ့်ချ အငတ် အမွတ်ခံစေတော်မူ သောအခါသင် သည် ကိုယ်တိုင်မ သိသင် ၏ဘိုးဘေး သိ ဘူးသော မန္န နှင့် ကျွေးမွေး တော်မူသဖြင့်လူ သည် မုန့် အားဖြင့် သာ အသက် ကို မွေးရသည်မ ဟုတ်။ ဘုရားသခင် မိန့် တော်မူသမျှ အားဖြင့် အသက် မွေးရသည် ကို သိ စေတော်မူ၏။ လွန်ခဲ့ပြီးသော အနှစ် လေးဆယ် ပတ်လုံးသင် ဝတ်သောအဝတ် ဟောင်း မနွမ်း၊ သင့် ခြေ လည်း ပွန်း မရောင်။ အဘ သည် သား ကိုဆုံးမ သကဲ့သို့သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် အား ဆုံးမ တော်မူသည် ကို စိတ် ထဲမှာ အောက်မေ့ ရမည်။ သို့ဖြစ်၍ သင် ၏ ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသောလမ်း သို့ လိုက် ကိုယ်တော် ကို ကြောက်ရွံ့ သဖြင့် ပညတ် တော်တို့ကို စောင့်ရှောက် ရမည်။ အကြောင်း မူကား၊ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ကောင်း သောပြည်ချိုင့် ထဲတောင် ထဲက ပေါက် သောမြစ်ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည် ဂျုံမုယောစပျစ် ပင်၊ သင်္ဘော သဖန်းပင်၊ သလဲ ပင်နှင့် ပြည့်စုံသောပြည်သံလွင် ဆီပျားရည် နှင့် ပြည့်စုံသောပြည် ဘာမျှ လို ဘဲဝစွာ စား ရသောပြည်သံ ကျောက် နှင့် ပြည့်စုံ၍၊ တောင် ထဲက ကြေးနီ ကို တူး ရသောပြည် သို့ သင့်ကို ဆောင်သွားတော်မူ၏။ 10  ထို ကောင်းမွန် သော ပြည် ကိုပေး သနားတော်မူသည် ဖြစ်၍၊ သင်သည် ဝ စွာစား ရသောအခါသင် ၏ ဘုရား သခင်ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ရမည်။ 11  ယနေ့ ငါ ဆင့်ဆို သော စီရင် ထုံးဖွဲ့ချက်၊ ပညတ် တရားတော်တို့ကို သင်သည် မ စောင့်သင် ၏ ဘုရား သခင် ထာဝရဘုရား ကို မေ့လျော့ သောအပြစ်ကို သတိ နှင့်ရှောင်လော့။ 12  သင်သည် ဝ စွာစား ကောင်း သောအိမ် ကို ဆောက် လျက် နေ ရစဉ်၊ 13  သင် ၏ သိုး နွားရွှေ ငွေ အစ ရှိသော ဥစ္စာမျိုး များပြား စဉ်အခါ၊ 14  သင် သည် မာန ထောင်လွှားခြင်းသို့ ရောက်၍အထက် ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ်ဆောင် ယူခဲ့ တော်မူထသော၊ 15  မီး မြွေကင်းမြီးကောက် များ၍ရေ ရှိ၊ အငတ် ခံရာအရပ်၊ ကြောက်မက် ဘွယ်သော တော ကြီး အလယ် ၌ သင့် ကို ပို့ဆောင် မီး ပါကျောက်ထဲက ရေ ကို ထွက် စေတော်မူထသော၊ 16  သင့် ကိုနှိမ့်ချ စုံစမ်း နောက်ဆုံး ကျေးဇူး ပြု လိုသောငှာသင် ၏ ဘိုးဘေး သိ ဘူးသော မန္န နှင့် တော ကျွေးမွေး တော်မူသောသင် ၏ဘုရားသခင် ထာဝရဘုရား ကို မေ့လျော့ 17  ငါ့ တန်ခိုးငါ့ လက် သတ္တိ အားဖြင့် စည်းစိမ် ကို ငါ တတ်သည်ဟုစိတ် ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့် ကြဉ်ရှောင်လော့။ 18  သင် ၏ဘုရားသခင် ထာဝရဘုရား ကိုသာ အောက်မေ့ ရမည်။ အကြောင်း မူကား၊ သင် ၏ ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပဋိညာဉ် တရားတော်ကို ယနေ့ ကဲ့သို့ တည် စေလိုသောငှာစည်းစိမ် တတ်သော အစွမ်း သတ္တိကို ဘုရားသခင်ပေး တော်မူ၏။ 19  သင် ၏ ဘုရားသခင် ထာဝရဘုရား ကို သင် သည် မေ့လျော့ သဖြင့်အခြား တပါးသော ဘုရား တို့ကို ဆည်းကပ် ဝတ်ပြု ကိုးကွယ် လျှင်ပျက်စီး ခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ ငါသည် သင့် တဘက် ၌ သက်သေခံ ၏။ 20  သင် ၏ဘုရား သခင်ထာဝရဘုရား ၏ စကား တော်ကို နား ထောင်သောကြောင့်ထာဝရဘုရား သည် သင့် ရှေ့ မှာ ဖျက်ဆီး တော်မူသောလူမျိုး များကဲ့သို့ထိုနည်းတူ သင်သည် ပျက်စီး ခြင်းသို့ ရောက်ရလိမ့်မည်။