3
ထိုအခါ ငါတို့သည်လှည့် ဗာရှန် ပြည်သို့ ခရီး သွား ကြ၏။ ဗာရှန် ရှင်ဘုရင် ဩဃ သည်လည်း မိမိ လူ အပေါင်း တို့နှင့်တကွ ဧဒြိ အရပ်မှာ စစ်တိုက် ခြင်းငှါ ချီ လာ၏။ ထာဝရဘုရား ကလည်းသူ့ ကိုမ ကြောက် နှင့်။ သူ နှင့်တကွ သူ ၏ လူ အပေါင်း တို့ကို၎င်းသူ့ မြေ ကို၎င်း၊ သင့် လက် ငါအပ် ပေးမည်။ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ မင်းကိုလည်း ပြု ရ မည်ဟု ငါ့ အား မိန့် တော်မူ၏။ ထိုသို့ ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ဗာရှန် ရှင်ဘုရင် ဩဃ နှင့် သူ ၏လူ အပေါင်း တို့ကို ငါ တို့လက် အပ် တော်မူသဖြင့်တယောက်မျှ မ ကြွင်း စေခြင်းငှါ လုပ်ကြံ ကြ၏။ ထိုအခါ ငါတို့သည် မြို့ ခြောက်ဆယ် နှင့် ပြည့်စုံ သော အာဂေါဘ တိုင်းဗာရှန် ရှင်ဘုရင်ဩဃ မင်း၏ နိုင်ငံ ကို၊ တမြို့ မျှ မ ကြွင်းစေခြင်းငှါ တိုက်ယူ ကြ၏။ ထို မြို့ ရှိသမျှ တို့သည် မြင့် သောမြို့ရိုးမြို့တံခါး များ၊ ကန့်လန့်ကျင် များနှင့် ခိုင်ခံ့သော မြို့ ဖြစ်သတည်း။ ထိုမှတပါး များစွာ သော ရွာ တို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီး ကြ၏။ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့အရပ်ရပ် ၌ ယောက်ျား မိန်းမ သူငယ် တို့ကို သုတ်သင် ပယ်ရှင်းကြ၏။ တိရစ္ဆာန် များ၊ မြို့ ရွာ၌ လက်ရဥစ္စာ များ ရှိသမျှ တို့ ကို ကိုယ် ဘို့ သိမ်းယူ ကြ၏။ ထိုအခါ အာနုန် မြစ် မှစ၍ ဟေရမုန် တောင် တိုင်အောင်ယော်ဒန် မြစ်အရှေ့ ဘက်၌ ရှိ သောမြေ ကို ငါတို့သည် သိမ်းယူ ကြ၏။ ဟေရမုန် တောင်ကို ဇိဒုန် လူတို့သည် စိရုန် ဟူ၍၎င်းအာမောရိ လူတို့သည် ရှုနိရ ဟူ၍၎င်း ခေါ်ဝေါ် ကြ၏။ 10 ချိုင့်၌ ရှိသမျှ သောမြို့ တို့နှင့် ဂိလဒ် ပြည် တရှောက်လုံးဩဃ မင်း၏ နိုင်ငံ အဝင်၊ သာလက မြို့၊ ဧဒြိ မြို့တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး ကို သိမ်းယူကြ၏။ 11 အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန် ရှင်ဘုရင် ဩဃ တယောက်တည်း သာ ကျန်ကြွင်း ၏။ လူ အတောင် အားဖြင့် အလျား ကိုး တောင်အနံ လေး တောင် ရှိသောသူ ၏ သံ ခုတင် သည် အမ္မုန် ပြည် ရဗ္ဗတ် မြို့ ၌ ရှိသည်မဟုတ်လော။ 12 ထိုအခါ ငါတို့သိမ်းယူ သောမြေ ကို၊ အာနုန် မြစ် နား တွင်ရှိသော အာရော် မြို့မှစ၍ ဂိလဒ် တောင် တဝက် တိုင်အောင်မြို့ များနှင့်တကွ ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား တို့အား ငါပေး ၏။ 13 ဂိလဒ် တောင်တဝက် နှင့် ဩဃ မင်းအစိုးရသောနိုင်ငံအဝင်၊ အလွန် ကြီးမားသော လူမျိုးနေရာ ဟူ၍ခေါ်ဝေါ် သော အာဂေါဘ တိုင်းဗာရှန် ပြည် တပြည်လုံး ကို မနာရှေ အမျိုးသား တဝက် အား ငါပေး ၏။ 14 မနာရှေ အမျိုးသား ယာဣရ သည်၊ အာဂေါဘ တိုင်း တတိုင်းလုံး ကို ဂေရှုရ ရွာမာခါ ရွာအထိ သိမ်းယူ ပြီးမှယနေ့ တိုင်အောင် မိမိ အမည် ကို လိုက် ၍ ဗာရှန် ဟာဝုတ် ယာဣရ ပြည်ဟု သမုတ် လေ၏။ 15 ဂိလဒ် မြို့ကိုကားမာခိရ အမျိုးသားတို့အား ငါပေး ၏။ 16 ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသားတို့အား လည်းဂိလဒ် မြို့မှ အာနုန် မြစ် တိုင်အောင်မြစ် ကွေ့သော မြေ နှင့်တကွအမ္မုန် ပြည် အပိုင်း အခြားဖြစ်သော ယဗ္ဗုတ် မြစ် တိုင်အောင် မြေတရှောက်လုံးကို၎င်း၊ 17 လွင်ပြင် နှင့်တကွ ယော်ဒန် မြစ်နား၊ ဂင်္နေသရက် အရပ်မှ လွင်ပြင် နှင့်ဆိုင်သော သောဒုံ အိုင် အရှေ့အာဇုတ် ပိသဂါ မြို့တိုင်အောင် ၊ မြေတရှောက်လုံးကို၎င်းငါပေး၏။ 18 ထိုအခါ ငါက၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် ဤ မြေ ကို သင် တို့အား အပိုင် ပေး တော်မူပြီ။ သို့ရာတွင်စစ်တိုက် တတ်သော သူအပေါင်း တို့သည် လက်နက်ကိုကိုင်၍၊ သင် တို့ညီအစ်ကို ဣသရေလ အမျိုးသား တို့ရှေ့ မှာ ကူး သွားရကြမည်။ 19  20 ထာဝရဘုရား သည် သင် တို့အားချမ်းသာ ပေးတော်မူသည်နည်းတူညီအစ်ကို တို့အား ပေးတော်မ မူမှီတိုင်အောင်၎င်း၊ ယော်ဒန် မြစ်တဘက် သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြေ ကို သူ တို့သည်မသိမ်း မယူမှီတိုင်အောင်၎င်း၊ သင် တို့မယားသား သူငယ် များ၊ တိရစ္ဆာန် များတို့သည် ငါပေး သော မြို့ တို့၌ နေ ရကြမည်။ သင် တို့တွင် တိရစ္ဆာန် များစွာ ရှိသည် ကိုငါသိ ၏။ အမှုပြီးမှငါပေး နှင့်သည်အတိုင်း၊ သင်တို့ရှိသမျှသည်အသီးအသီး ပိုင်ထိုက် သောမြေသို့ ပြန်လာ ရကြမည်ဟု သင် တို့အား ငါမှာ ထား၏။ 21 ထိုအခါ ယောရှု ကိုလည်း၊ သင် ၏ဘုရား သခင်ထာဝရဘုရား သည် ဤ ရှင်ဘုရင် နှစ်ပါး ပြု တော်မူသော အမှု အလုံးစုံ ကို သင်သည် ကိုယ်တိုင်မြင် ရပြီ။ ထိုအတူ၊ ထာဝရဘုရား သည် သင်ရောက်သမျှသောတိုင်း နိုင်ငံတို့၌ ပြု တော်မူလိမ့်မည်။ 22 ထိုသူ တို့ကို မ ကြောက် နှင့်။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် သင့် ဘက် ၌ စစ်ကူ တော်မူမည်ဟု ငါမှာထားလေ၏။ 23 ထိုအခါ ထာဝရဘုရား ကို ငါတောင်းပန် သည် ကား၊ 24 အိုအရှင် ထာဝရဘုရားကိုယ်တော် သည် ကိုယ်တော် ကျွန် အား တန်ခိုး အာနုဘော်တော်ကို၎င်း၊ အားကြီး သော လက် တော်ကို၎င်း ပြ ပြုတော်မူပြီ။ ကိုယ်တော် စီရင် တန်ခိုး တော်ကို ပြသည်အတိုင်းကောင်းကင် မြေကြီး ပေါ် မှာအဘယ် မည်သော ဘုရား ပြု နိုင်ပါ သနည်း။ 25 အကျွန်ုပ်သည် ယော်ဒန် မြစ်တဘက် သို့ ကူး ၍၊ ထို ကောင်းမွန် သောပြည် နှင့် လေဗနုန် တောင်မှစ၍ တင့်တယ် သော တောင် များကို မြင် ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်သော်လည်း၊ 26 ထာဝရဘုရား သည် သင် တို့အတွက် ငါ့ ကို အမျက် ထွက်တော်မူသောကြောင့်ငါ့ စကားကို နားထောင် တော်မ မူ။ ထာဝရဘုရား ကလည်းတန် တော့၊ ဤ အမှု နှင့် ဆိုင်သော စကားကို နောက် တဖန် မ လျှောက် နှင့်။ 27 ပိသဂါ တောင်ထိပ် ပေါ်သို့ တက် ပြီးလျှင်အရှေ့အနောက်တောင်မြောက် လေးမျက်နှာသို့မြော် ထို ပြည်ကို ကြည့်ရှု လော့။ ယော်ဒန် မြစ်ကို မ ကူး ရ။ 28 သို့ရာတွင် ယောရှု ကိုမှာ ခဲ့၍ အား ပေးလော့။ မစ ထောက်ပင့်လော့။ သူ သည် ဤ လူမျိုး ရှေ့ မှာသွား သင်မြင် ရသော ပြည် ကို အမွေခံ စေရမည်ဟု ငါ့အား မိန့်တော်မူ၏။ 29 ထိုသို့ ငါတို့သည် ဗက်ပေဂုရ မြို့တဘက် ၌ ရှိသောချိုင့် တွင် နေ ရကြ၏။