25
လူ ချင်း အမှု ရှိ မင်း ထံ ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ် သောသူကို အပြစ် လွတ်စေခြင်းငှာ ၎င်းဆိုး သောသူကို အရှုံး ခံစေခြင်းငှာ၎င်း စီရင် ရမည်။ ဆိုး သောသူသည် အရိုက် ခံထိုက်လျှင်တရား သူကြီး သည် ကိုယ် မျက်မှောက်၌ သူ့ကို ချ အပြစ် နှင့် အလျောက်မည် မျှသော ဒဏ်ချက်ဖြင့် ရိုက် စေရမည်။ သို့သော်လည်းဒဏ်ချက် လေးဆယ် ထက် လွန် စေရ။ လွန်၍ များစွာ သော ဒဏ်ချက် ဖြင့် ရိုက် လျှင်သင် ၏အမျိုးသား ချင်းသည် ယုတ်ညံ့ သောသူဖြစ် ဟန်ရှိ မည်ဟု စိုးရိမ်စရာရှိ၏။ စပါးနင်းနယ် သော နွား ၏နှုတ် ကို မ ချုပ်တည်းရ။ အတူ နေ သောညီအစ်ကို တို့ တွင်တစုံ တယောက်သောသူသည် သား ရှိဘဲသေ လျှင်သေ သောသူ ၏ မယား သည် အခြားတပါးသောလူစိမ်း နှင့် စုံဘက်ခြင်း ကို မ ပြု ရ။ သူ ၏လင် ညီသည် သူ့ ကို သိမ်းယူ ဆက်ဆံ၍ မရီး ပြု အပ်သောဝတ်ကို ပြုရမည်။ ဣသရေလ အမျိုး၌ အစ်ကို အမည် ကို မ ပျောက် စေခြင်းငှာအဦး ဘွားသော သားသည် သေ သောဘကြီး ၏ အရိပ် အရာကို ခံ ရမည်။ ညီ သည် အစ်ကို မယားကို မ ယူ လို လျှင်မိန်းမ သည် အသက်ကြီး သူတို့ရှိရာ မြို့တံခါးဝ သို့ သွား ကျွန်မ ၏ လင် ညီသည် အစ်ကို အမည် ကို ဣသရေလ အမျိုး၌ မတည် စေလိုပါ။ သူပြု အပ်သောဝတ်ကို မ ပြုလို ပါဟု လျှောက် လျှင်၊ မြို့ ၌ အသက်ကြီး သူတို့သည် ထိုသူ ကို ခေါ် မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမ ကို အကျွန်ုပ် မ ယူ လို ပါဟုဆို ခိုင်မာ စွာနေလျှင် သူ ၏မရီး သည် အသက်ကြီး သူတို့ရှေ့ မှာ သူ့ အပါးသို့ ချဉ်း သူ ၏ခြေနင်း ကို ချွတ် လျက်သူ ၏ မျက်နှာ တံထွေး ထွေးလျက်မိမိ အစ်ကို အိမ် ကို မ ဆောက် လိုသောသူ ဤသို့ ပြု သင့်သည်ဟု သူ့အား ပြန် ပြောရမည်။ 10  နောက်မှထိုသူ ကို ခြေနင်း ချွတ် ရသောအမျိုး ဟူ၍ဣသရေလ အမျိုး၌ ခေါ်ဝေါ် သမုတ်ရမည်။ 11  လူ ချင်းခိုက်ရန် ပြုကြစဉ်တွင်၊ တယောက် သောသူ ၏မယား သည် အပါးသို့ချဉ်း မိမိ လင် ကို ကူညီ လိုသောငှာ ခိုက်ရန် ပြုသောသူ ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲ မိလျှင်၊ 12  ထိုမိန်းမ လက် ကို ဖြတ် ရမည်။ သင် ၏ မျက်စိ သည် သူ့ကို မ သနား ရ။ 13  သင့် အိတ် ကြီး သောအလေးငယ် သောအလေး တည်းဟူသောခြားနားသော အလေးကို ရှိ စေရ။ 14  သင့် အိမ် ခြားနားသော ခြင် စရာတန်ဆာအကြီး အငယ် ကို မ ရှိ စေရ။ 15  သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် သင် ၏အသက်တာ ရှည် မည်အကြောင်းမှန်ကန် သောအလေးမှန်ကန် သောခြင် စရာ တန်ဆာများကိုသာ သုံး ရမည်။ 16  အထက် ဆိုခဲ့ပြီးသော အမှုကို ပြု သောသူအပေါင်း တို့နှင့် မတရား သဖြင့် ပြု သောသူအပေါင်း တို့ကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ 17  သင် သည် အဲဂုတ္တု ပြည်မှ ထွက် ခရီး သွားသောအခါ၊ 18  သင် သည် အားကုန် မော လျက်နေစဉ်တွင်၊ သင့် နောက် ၌ လိုက်သောသူ၊ အားနည်း သောသူတို့ ကို အာမလက် အမျိုးသားတို့သည် လမ်း ဆီးကြို လုပ်ကြံ ကြောင်း ကို၎င်းဘုရားသခင် ကို မ ကြောက်ရွံ့ ကြောင်းကို၎င်းအောက်မေ့ လော့။ 19  သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ အပိုင် ပေး တော်မူသောပြည် သင့် ပတ်လည် နေသောရန်သူ အပေါင်း တို့၏ လက်မှ ကယ်လွှတ်၍ ချမ်းသာ ပေးတော်မူသောအခါအာမလက် အမျိုးကို အောက်မေ့ စရာ မရှိစေခြင်းငှာ၊ ကောင်းကင် အောက် သုတ်သင် ပယ်ရှင်းရမည်။ ထိုအမှုကို မ မေ့ မလျော့ရ။