22
သင့် ညီအစ်ကို ၏ သိုး နွား သည် လမ်းလွဲ သည်ကို ကြည့် ၍မ နေရ။ ညီအစ်ကို ထံသို့ ဆက်ဆက်ပြန် ပို့ရမည်။ ညီအစ်ကို ဝေး သော် ၎င်းသူ့ ကို မ သိ သော် ၎င်း၊ ထိုသိုးနွားကို ကိုယ် အိမ် သို့ ဆောင် ခဲ့ရမည်။ ညီအစ်ကို သည်မရှာသူ အပ် မှီတိုင်အောင်ကိုယ် အိမ်၌ ထား ရမည်။ မြည်း ဖြစ်စေအဝတ် ဖြစ်စေညီအစ်ကို ၏ဥစ္စာ တစုံတခု ပျောက် သင်တွေ့ မိလျှင်ကြည့် ၍မနေဘဲ ထိုအတူ ပြု ရမည်။ ညီအစ်ကို မြည်း နွား သည် လမ်း လဲ လျက်ရှိသည် ကို ကြည့် ၍မ နေရ။ ညီအစ်ကို နှင့် ဝိုင်း၍ ဆက်ဆက်မစ ရမည်။ မိန်းမ သည် ယောက်ျား အဝတ် ကို မ ဝတ် ရ။ ယောက်ျား သည်လည်း မိန်းမ အဝတ် ကို မ ဝတ် ရ။ ထိုသို့ ဝတ် သောသူရှိသမျှ တို့ကို သင် ၏ဘုရားသခင် ထာဝရဘုရား သည် စက်ဆုပ် ရွံ့ရှာတော်မူ၏။ သစ်ပင် ပေါ် မြေ ပေါ် မှာ ငှက် သိုက် ငှက်မ သည် အဥ များ၊ သား ငယ်များကို ဝပ် လျက် နေသည်ကို တွေ့ လျှင်သား ငယ်တို့နှင့်အတူ အမိ ကိုမ ယူ ရ။ သင် သည် ကောင်းစား အသက်တာ ရှည်မည် အကြောင်းသား ငယ်တို့ကို သိမ်းယူ လျှင် လည်း အမိ ကို လွှတ် လိုက်ရမည်။ လူသည် အိမ် မိုးပေါ် ကကျ လူအသက်ကိုသတ် သော အပြစ်မ ရောက်မည်အကြောင်းအိမ် အသစ် ကို ဆောက် သောအခါအမိုး နားပတ်လည်၌ အဆီး အတားကို လုပ် ရမည်။ စပျစ် ဥယျာဉ်၌ ခြားနား သော မျိုးစေ့ တို့ကို ရောနှော၍ မ ကြဲ ရ။ ထိုသို့ ကြဲ လျှင်မျိုးစေ့အသီးစပျစ် ပင် အသီး နှစ်ပါးစလုံး ပျက် လိမ့်မည်။ 10  နွား နှင့် မြည်း ကို ဘက် လယ် ထွန်ရ။ 11  ဝါ နှင့် သိုးမွေး ကို ရောနှော ၍ ရက်သောအဝတ် ကို မ ဝတ် ရ။ 12  သင်ခြုံ သော အဝတ် စွန် လေး ဘက်၌ ပန်းပွား တို့ ကို ဆွဲ ရမည်။ 13  လူ သည် မယား နှင့် ထိမ်းမြား ဆက်ဆံပြီးမှတဖန် ထိုမိန်းမ ကို မုန်း ၍၊ 14  ငါသည် ဤ မိန်းမ နှင့် ထိမ်းမြား ဆက်ဆံသောအခါကညာ စစ်ကြောင်း ကို သိရ ပြီဟု ထိုမိန်းမ ကဲ့ရဲ့ စရာအကြောင်းကို ပြု သူ့ အသရေ ကို ဖျက် လျှင် 15  ထိုမိန်းမ ၏ မိဘ တို့သည် ကညာ ၏ လက္ခဏာ သက်သေကို ဆောင် လျက်မြို့ ၌ အသက်ကြီး သူတို့ရှိ ရာ မြို့တံခါးဝ သို့ သွား 16  ထိုမိန်းမ ၏အဘ က၊ အကျွန်ုပ် သမီး ကို ဤ လူ အကျွန်ုပ်ပေးစား ပါပြီ။ သူသည် အကျွန်ုပ် သမီးကို မုန်း 17  သင် ၏သမီး သည် ကညာ စစ်ကြောင်းကို ငါတွေ့ ပြီဟု ဆို လျက် ကဲ့ရဲ့ စရာအကြောင်းကို ပြု ပါ၏။ သို့ရာတွင် သည်ကား၊ အကျွန်ုပ် သမီး ၏ ကညာ လက္ခဏာ သက်သေဖြစ်ပါ၏ဟု အသက်ကြီး သူတို့အား လျှောက် ဆိုလျက် ထိုအဝတ် ကို သူတို့ရှေ့ မှာလှန် ၍ ပြရမည်။ 18  ထိုအခါ မြို့ ၌ အသက်ကြီး သူတို့သည် ထို လူ ကို ယူ ရိုက် ပြီးမှ၊ 19  ငွေ တစ် ပိဿာကို လျော် စေ၍မိန်းမ ၏ အဘ အား ပေး ရမည်။ အကြောင်း မူကား၊ ဣသရေလ အမျိုး ကညာ ၏ အသရေ ကို ထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ ၏မယား ဖြစ် ရမည်။ တသက်လုံး ထိုမိန်းမ နှင့် ကွာ ရ။ 20  သို့မဟုတ်လင်စကား မှန် ထို မိန်းမ ကညာ လက္ခဏာသက်သေမ ရှိ လျှင် 21  မြို့ သားယောက်ျား တို့သည် ထိုမိန်းမ ကို အဘ အိမ် တံခါး သို့ ဆောင် ခဲ့ပြီးလျှင် ကျောက်ခဲ နှင့် ပစ် အသေ သတ်ရကြမည်။ အကြောင်း မူကား၊ သူ သည် အဘ အိမ် ၌ မတရား သောမေထုန် သို့လိုက်၍ ဣသရေလ အမျိုး၌ မိုက်မဲ သောအမှုကို ပြု လေပြီ။ ထိုသို့ သင် တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှား ရကြမည်။ 22  လင် ရှိသောမိန်းမ နှင့် အခြားသောယောက်ျား သင့် နေသည်ကို တွေ့ မိလျှင်ထိုယောက်ျား နှင့် မိန်းမ နှစ် ယောက်တို့သည် အသေ သတ်ခြင်းကိုခံ ရမည်။ ထိုသို့ ဒုစရိုက် အပြစ်ကို ဣသရေလ အမျိုးမှ ပယ်ရှား ရမည်။ 23  အပျို ကညာကို ယောက်ျား နှင့် ထိမ်းမြား ဆောင်နှင်း ပြီးမှ၊ အခြားသောယောက်ျား သည် မြို့ ထဲမှာ တွေ့ ၍ သင့် နေလျှင် 24  ထိုသူနှစ် ယောက်တို့ကို မြို့ တံခါးဝ သို့ ထုတ် ဆောင် ပြီးလျှင် ကျောက်ခဲ နှင့် ပစ် အသေ သတ်ရကြမည်။ မိန်းမ သည် မြို့ ထဲမှာ ရှိလျက်ပင် မ အော် မဟစ်သောကြောင့် ၎င်း၊ ယောက်ျား လည်း သူ့ မယား ကို ရှုတ်ချ သောကြောင့် ၎င်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်း ကိုခံ ရမည်။ ထိုသို့ သင် တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှား ရကြမည်။ 25  အပျို ကို ယောက်ျား နှင့် ထိမ်းမြား ဆောင်နှင်းပြီးမှ အခြားသော ယောက်ျား သည် တော တွေ့ အနိုင် အထက် ပြုလျှင်ထို ယောက်ျား တယောက်တည်းကိုသာ အသေ သတ်ရမည်။ 26  သေ ထိုက်သော အပြစ် ရှိသော ထိုမိန်းမ ကို သင်သည် အဘယ်သို့မျှ မ ပြု ရ။ 27  အကြောင်း မူကား၊ ယောက်ျား သည် ထိုမိန်းမ ကို တော တွေ့ မိန်းမ အော်ဟစ် သော်လည်း ကူညီ သောသူ မ ရှိသောကြောင့်၊ ထို အမှု သည်လူ ချင်းတယောက်ကို တယောက်ရန် ပြု၍ သတ် သောအမှုနှင့် တူ၏။ 28  ယောက်ျား နှင့် ထိမ်းမြား မဆောင်နှင်းသေး သော အပျို ကညာကို အခြားသောယောက်ျားသည် တွေ့ ကိုင် ဆွဲသင့် နေသည်ကို တွေ့ မိလျှင် 29  ထိုယောက်ျား သည် မိန်းမ ၏ အဘ အား ငွေ ငါးဆယ် ကို လျော် ရမည်။ ထိုမိန်းမသည်လည်း သူ မယား ဖြစ် ရမည်။ သူ့ ကို ရှုတ်ချ သောကြောင့် တသက်လုံး ကွာ ရ။ 30  လူ သည် မိမိ အဘ နှင့် သာဆိုင်သော အဘ ၏ မယား ကို မ သိမ်း ရ။