16
သင် ၏ဘုရားသခင် ထာဝရဘုရား သည် အဗိဗလ ညဉ့် အခါ၌ သင့် ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသောကြောင့်အဗိဗလ ကို မှတ် သင် ၏ဘုရားသခင် ထာဝရဘုရား အား ပသခါ ပွဲကို ခံ လော့။ ထာဝရဘုရား သည် နာမ တော်ကို တည် စေ ဘို့ရာ ရွေးကောက် တော်မူသော အရပ် သိုး နွား တို့ကို ယဇ် ပူဇော်၍သင် ၏ဘုရားသခင် ထာဝရဘုရား အား ပသခါ ပွဲကို ခံရမည်။ သင် သည် အဲဂုတ္တု ပြည် မှ ထွက် လာသော နေ့ရက် ကို တသက်လုံး အောက်မေ့ ဘို့ရာပသခါပွဲခံစဉ်၊ တဆေး ပါသော မုန့်ကို မ စား ရဘဲ၊ တဆေး မပါသော မုန့်တည်းဟူသောဒုက္ခ မုန့် ကို ခုနှစ် ရက်ပတ်လုံး စား ရမည်။ အကြောင်း မူကား၊ သင်သည် အဲဂုတ္တု ပြည် မှ အလျင် တဆောထွက် လာသတည်း။ ခုနှစ် ရက် ပတ်လုံးသင့် နေရာပြည် တဆေး ပါ သောမုန့်မ ရှိ ရ။ ပဌမ နေ့ ညဦးယံ ပူဇော် သော ယဇ်၏အသား ကို တညဉ့်လုံး နံနက် တိုင်အောင် ကျန်ကြွင်း စေရ။ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြို့ အရပ်ရပ်တို့တွင် ပသခါ ယဇ် ကို ပူဇော်ရသောအခွင့် ရှိသည်မ ဟုတ်။ သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ နာမ တော် ကို တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တွင်သင်သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအချိန်နေဝင်ရာညဦးယံ အချိန်၌ ပသခါ ယဇ် ကို ပူဇော်ရမည်။ သင် ၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် မှာ မီး နှင့်ကင်၍ စား ပြီးမှနံနက် အချိန် ၌ အိမ် သို့ ပြန်သွား ရမည်။ ခြောက် ရက် ပတ်လုံးတဆေး မဲ့မုန့်ကို စား ရမည်။ သတ္တမ နေ့ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ ဓမ္မ စည်းဝေး ခြင်းကို ပြု ရမည်။ ထိုနေ့ရက်၌ အလုပ်မလုပ်ရ။ စပါး ကိုရိတ် ကာလနောက်အရေအတွက် အားဖြင့် ခုနှစ် သိတင်း လွန်မှ၊ 10  သင် ၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကိုယ်တိုင်မှစ၍သင် ၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသည်အတိုင်းအလိုလို ပြုသော ပူဇော်သက္ကာကို ဆောင် ခဲ့ရမည်။ 11  သင် ၏ဘုရားသခင် ထာဝရဘုရား သည် နာမ တော် တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တွင်သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ ခုနှစ် သိတင်းပွဲကိုခံ၍ သား သမီးကျွန် ယောက်ျား မိန်းမသင့် နေရာ တည်းခိုသော လေဝိ သား၊ ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။ 12  သင်သည် အဲဂုတ္တု ပြည်၌ ကျွန် ခံ ခဲ့ဘူးကြောင်း ကို အောက်မေ့ ပညတ် တရားတို့ကို ကျင့် စောင့် ရမည်။ 13  စပါး နှင့် စပျစ်ရည် ကို သိမ်းယူ ပြီးမှခုနှစ် ရက် ပတ်လုံးသကေနေ ပွဲ ကို ခံ ရကြမည်။ 14  ထိုပွဲ ခံစဉ်၊ ကိုယ်တိုင် မှစ၍သား သမီးကျွန် ယောက်ျား မိန်းမသင့် နေရာ တည်းခိုသော လေဝိ သား၊ ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။ 15  ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ခုနှစ် ရက် ပတ်လုံးသင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ဓမ္မပွဲ ကို ခံရမည်။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည်၊ တိုးပွား လေရာရာသင် လုပ်ဆောင် လေရာရာ ကောင်းကြီး ပေးတော်မူသောကြောင့်အမှန် ရွှင်လန်း ခြင်းကို ပြု ရမည်။ 16  အဇုမ ပွဲ ခံချိန်၊ ခုနှစ် သိတင်းပွဲ ခံချိန်၊ သကေနေ ပွဲ ခံချိန်တည်းဟူသောတနှစ် တွင် သုံး ကြိမ် မြောက်အောင် သင် တို့ယောက်ျား အပေါင်း တို့သည်၊ သင် ၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ရှေ့ တော်မှာ မျက်နှာ ပြရကြမည်။ ထိုအခါ ထာဝရဘုရား ထံ တော်သို့ အဘယ်သူ မျှလက်ချည်း မပေါ် မလာရ။ 17  သင် ၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့်လူအသီးသီး တို့သည် တတ်နိုင် သည် အတိုင်း ဆက် ရကြမည်။ 18  သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြို့ ရှိသမျှ တို့တွင်တရားသူကြီးအရာရှိ တို့ကို သင့် နေရာခရိုင်များ၌ အနှံ့အပြားခန့်ထား ရမည်။ သူတို့ သည်၊ လူမျိုး တို့တွင် တရား မှုကို တရား သဖြင့် စီရင် ရကြမည်။ 19  သင်သည် တရား လမ်းမှ မ လွှဲ ရ။ လူမျက်နှာ ကို မ ထောက် ရ။ တံစိုး ကို မ စား ရ။ တံစိုး သည် ပညာရှိ မျက်စိ ကို ကွယ် စေတတ်၏။ ဖြောင့်မတ် သောသူ၏ စကား ကို ကောက် စေတတ်၏။ 20  သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ကို သင် သည် အသက်ရှင် အမွေခံ မည်အကြောင်းဖြောင့် သောတရားလမ်းသို့သာ လိုက် ရမည်။ 21  သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သင် တည် သော ယဇ် ပလ္လင်အနား မှာ အဘယ်သို့သော အာရှရ ပင် ကို မျှ မ စိုက် ရ။ 22  သင် ၏ဘုရားသခင် ထာဝရဘုရား မုန်း တော်မူသော ရုပ်တု ဆင်းတုကို မ တည် မထားရ။