4
ထိုကြောင့် ငါတို့သည် ထိုသို့သော တရား ၏ အမှုကိုဆောင်ရွက် သောသူဖြစ်၍၊ ကရုဏာ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ ၊ အားလျော့ စိတ်ပျက်ခြင်းနှင့် ကင်းလွတ် ကြ၏။ ဆိတ်ကွယ် ရာအရပ်၌ပြုသော ရှက်ဘွယ် သော အမှုများကိုပယ် ကြ၏။ ပရိယာယ် ကိုမ သုံး ၊ ဘုရားသခင် နှုတ်ကပတ် တရားတော်ကိုထိမ်ဝှက် မှောက်လှန်ခြင်းမ ရှိ။ သမ္မာတရား ကိုအတည့်အလင်း ဖော်ပြ ၊ ဘုရားသခင့် ရှေ့ တော်၌ လူ အပေါင်း တို့၏ စိတ် အထင်အတိုင်း ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။ ငါ တို့ဟောပြောသော ဧဝံဂေလိ တရားသည် ဖုံးအုပ် လျက် ရှိ လျှင် ၊ ဆုံးရှုံး ခြင်းသို့ရောက်သော သူ တို့အားသာ ဖုံးအုပ် လျက်ရှိ ၏။ ထိုသို့ မယုံကြည် သောသူ တို့ကား၊ ဘုရားသခင် ၏ ပုံသဏ္ဍာန် တော် တည်းဟူသော ခရစ်တော် ၏ ဘုန်း အသရေနှင့်ပြည့်စုံသော ဧဝံဂေလိ တရား၏ အရောင် သည် အလင်း ကိုမ ပေးစေခြင်းငှာ၊ ဤ လောက ကို အစိုးရသော ဘုရား သည်သူ တို့၏ ဉာဏ် မျက်စိကိုကွယ် စေ၏။ ငါတို့သည်ကိုယ် အကြောင်း ကို ဟောပြော ကြသည်မ ဟုတ်။ ယေရှု ခရစ် သည် သခင် ဖြစ်တော်မူကြောင်း ကို၎င်း ၊ ငါတို့သည်ယေရှု အတွက် သင် တို့၏ ကျွန် ဖြစ်ကြောင်းကို၎င်း ဟောပြောကြ၏။ မှောင်မိုက် ထဲက အလင်း ထွန်းလင်း မည်အကြောင်း မိန့် တော်မူသောဘုရားသခင် သည်၊ ယေရှု ခရစ် ၏ မျက်နှာ ထွန်းလင်းသော ဘုရားသခင် ၏ ဘုန်း တော်ကိုသိ သော ဉာဏ်၏အရောင် ကိုပေးလိုသောငှာ၊ ငါ တို့စိတ် နှလုံးထဲ၌ အလင်းကို ထွန်းလင်း စေတော်မူ၏။ သို့သော်လည်း တန်ခိုး တော်၏ဂုဏ်သရေ သည် ငါ တို့နှင့် ဆိုင်၊ ဘုရားသခင် နှင့် ဆိုင် မည်အကြောင်း ၊ ထို ဘဏ္ဍာ သည်မြေ အိုး ထဲမှာ ထည့်ထားလျက်ငါတို့၌ရှိ ၏။ ငါတို့သည်အမျိုးမျိုး သော နှောင့်ရှက် ခြင်းကို ခံရ သော်လည်း ၊ အကျိုး နည်းခြင်းသို့မ ရောက်။ မ ကြံစည်နိုင်အောင်ရှိသော်လည်း စိတ် ပျက်။ ညှင်းဆဲ ခြင်းကိုခံရသော်လည်း ဆုံးရှုံး ခြင်းမ ရှိ။ အောက် သို့လှဲခြင်းကိုခံရသော်လည်း ဆုံး ရာသို့မ ရောက်။ 10  သခင်ယေရှု သည် အသက် ရှင်တော်မူကြောင်း ကို ငါ တို့ကိုယ်ခန္ဓါ ထင်ရှား စေခြင်းငှာ ။ ယေရှု ၏ သေ တော်မူခြင်းကိုအစဉ်မပြတ် ငါတို့၏ ကိုယ်ခန္ဓါ ဆောင် ရကြ၏။ 11  အဘယ်သို့ နည်းဟူမူကား၊ ယေရှု သည်အသက် ရှင်တော်မူကြောင်း ကို၊ ငါ တို့၏သေ တတ်သော ခန္ဓာ ကိုယ်၌ ထင်ရှား စေခြင်းငှာ ၊ ငါ တို့သည်အသက် ရှင်စဉ်တွင်ယေရှု ကြောင့် သေ ခြင်းလက်သို့ အစဉ် အပ်နှံ ခြင်း ကို ခံရကြ၏။ 12  သို့ဖြစ်၍ သေ ခြင်းတရားသည် ငါ တို့၌ ပြုပြင် တတ်၏။ သင် တို့၌ ကား ၊ အသက် ရှင်ခြင်းတရားသည် ပြုပြင်တတ်၏။ 13  ထိုသို့သောယုံကြည် ခြင်းစိတ် ရှိ သည်ဖြစ်၍ ၊ ငါသည်ယုံကြည် သောကြောင့် မြွတ်ဆို ၏ဟု ကျမ်းစာ လာ သည်နှင့်အညီ ၊ ငါ တို့သည် ယုံကြည် ခြင်းစိတ်ရှိသောကြောင့် မြွတ်ဆိုဟောပြော ကြ၏။ 14  သခင် ယေရှု ကို ထမြောက် စေတော်မူသောသူ သည် ယေရှု အားဖြင့် ငါ တို့ကိုလည်း ထမြောက် စေ၍ ၊ သင် တို့နှင့်အတူ အထံတော်၌ သွင်းတော်မူမည်ဟု ငါတို့သိ ကြ၏။ 15  အများ သောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်း သည်နှင့်၊ ထိုကြွယ်ဝ သောကျေးဇူးတော် သည် ဘုရားသခင် ၏ ဘုန်း အသရေတော်ကို ထင်ရှား စေမည် အကြောင်း ၊ ခပ်သိမ်း သော အရာတို့သည် သင် တို့အဘို့ အလို့ငှာဖြစ်သတည်း။ 16  ထိုကြောင့် ငါတို့သည် အားလျော့ စိတ်ပျက်ခြင်းနှင့် ကင်းလွတ် ကြ၏။ ငါ တို့၏ပြင် လူ သည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း ၊ အတွင်း လူမူကား တစ်နေ့ ထက် တစ်နေ့ ပြုပြင် ခြင်းကိုခံရ၏။ 17  အကြောင်းမူကား ၊ မျက်မှောက် ၌ထင်ရှား သော အရာ တို့သည် ခဏ သာတည်၍ ထင်ရှား သောအရာ တို့သည် အစဉ်အမြဲ တည်ကြောင်းကို ငါ တို့သည် ထောက်လျက်၊ ထင်ရှား သော အရာ တို့ကို မ ကြည့်မမှတ်ဘဲ မ ထင်ရှား သောအရာ တို့ကို ကြည့်မှတ်စဉ်အခါ၊ 18  ယခုခဏ ခံရ၍ ပေါ့ပါး သော ဆင်းရဲ ခြင်းဒုက္ခသည် အတိုင်း ထက်အလွန်ကြီးမြတ် လေးလံ သော နိစ္စ ထာဝရဘုန်း အသရေကို ငါ တို့အဖို့ ဖြစ် စေတတ်၏။