59
ဘေး​မဲ့​လုံ​ခြုံ​မှု​ရ​ရှိ​ရန်​ဆု​တောင်း​ပတ္ထနာ15
ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​အား ရန်​သူ​တို့​၏​လက်​မှ​ကယ်​တော်​မူ​ပါ။
ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​သူ​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​ပါ။
ဒု​စ​ရိုက်​သ​မား​တို့​၏​လက်​မှ​ကျွန်​တော် မျိုး​အား ကယ်​တော်​မူ​ပါ။
လူ​သတ်​သ​မား​တို့​၏​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​ပါ။
 
3-4 ကျွန်​တော်​မျိုး​အား​ထို​သူ​တို့​တိုက်​ခိုက်​ရန် စောင့်​လျက် နေ​ကြ​သည်​ကို​ကြည့်​တော်​မူ​ပါ။
ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​သည်​ကျွန်​တော်​မျိုး အား တိုက်​ခိုက်​ရန်​စု​ရုံး​ကြ​ပါ​၏။
အို ဘု​ရား​သ​ခင်၊
ထို​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​ရန် လျင်​မြန်​စွာ​နေ​ရာ​ယူ​စု​ရုံး​ကြ​သည်​မှာ
ကျွန်​တော်​မျိုး​၏​ချွတ်​ယွင်း​မှု​တစ်​စုံ​တစ်​ရာ ကြောင့် မ​ဟုတ်​ပါ။
ကျွန်​တော်​မျိုး​ပြု​မိ​သည့်​အ​ပြစ်​နှင့် မှား​ယွင်း​မှု​ကြောင့်​လည်း​မ​ဟုတ်​ပါ။
အို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊
နိုး​ထ​တော်​မူ​၍​ကျွန်​တော်​မျိုး​အား​ကူ​မ​ရန် ကြွ​တော်​မူ​ပါ။
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား၊ ကိုယ်​တော်​တိုင် ရှု​ကြည့်​တော်​မူ​ပါ။
နိုး​ထ​တော်​မူ​၍​ဘု​ရား​မဲ့​သူ​တို့​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။
ဆိုး​ယုတ်​၍​သစ္စာ​ဖောက်​သူ​တို့​အား သ​နား​တော်​မ​မူ​ပါ​နှင့်။
 
သူ​တို့​သည်​မြို့​ထဲ​သို့​ည​ဦး​ယံ​၌
ပြန်​လာ​၍​ခွေး​များ​ကဲ့​သို့​မာန်​ဖီ​ကာ​လှည့် လည် သွား​လာ​ကြ​ပါ​၏။
သူ​တို့​စော်​ကား​ပြော​ဆို​ခြိမ်း​ခြောက်​သည်​ကို ကြား​တော်​မူ​ပါ။
သူ​တို့​၏​လျှာ​သည်​ဋ္ဌား​သ​ဖွယ်​ဖြစ်​ပါ​၏။
သို့​သော်​လည်း​သူ​တို့​က``ငါ​တို့​စ​ကား​ကို အ​ဘယ်​သူ ကြား​ပါ​မည်​နည်း'' ဟု​ဆို​ကြ​ပါ​၏။
 
သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊
ကိုယ်​တော်​ရှင်​သည်​သူ​တို့​ကို​ကြည့်​၍ ပြုံး​ရယ်​တော်​မူ​ပါ​၏။
ဘု​ရား​မဲ့​သူ​အ​ပေါင်း​တို့​ကို​ပြက်​ရယ်​ပြု တော်​မူ​ပါ​၏။
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏​တန်​ခိုး​ကို ယုံ​ကြည်​ကိုး​စား​ပါ​၏။
အို ဘု​ရား​သ​ခင်၊
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။
10 ငါ​၏​ဘု​ရား​သည်​ငါ့​ကို​ချစ်​၍​ငါ့​ထံ​သို့ ကြွ​လာ​တော်​မူ​လိမ့်​မည်။
ငါ​၏​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို ငါ့​အား တွေ့​မြင်​ခွင့်​ကို​ပေး​တော်​မူ​လိမ့်​မည်။
 
11 အို ဘု​ရား​သ​ခင်၊ သူ​တို့​အား​သတ်​တော်​မ​မူ​ပါ​နှင့်။
သတ်​လျှင်​ကျွန်​တော်​မျိုး​၏​အ​မျိုး​သား​တို့​သည် သ​တိ​မ​ရ​ဘဲ​မေ့​သွား​ပါ​လိမ့်​မည်။
ကျွန်​တော်​မျိုး​အား​ကာ​ကွယ်​စောင့်​ထိန်း တော်​မူ​သော​အ​ရှင်၊
ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​အား​ဖြင့်
ထို​သူ​တို့​ကို​က​စဥ့်​က​လျား​ဖြစ်​စေ​တော် မူ​၍ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ။
12 သူ​တို့​၏​နှုတ်၊သူ​တို့​ပြော​ဆို​သ​မျှ​သော​စ​ကား အား​ဖြင့် အ​ပြစ်​ကူး​ကြ​ပါ​၏။
သူ​တို့​သည်​မိ​မိ​တို့​၏​မာန်​မာ​န​ကျော့​ကွင်း​တွင်​ပင် မိ​ကြ​ပါ​စေ​သော။
သူ​တို့​သည်​ကျိန်​ဆဲ​၍​မု​သား​စ​ကား​ကို ပြော​ဆို​တတ်​ကြ​သ​ဖြင့်
13 ကိုယ်​တော်​ရှင်​သည်​အ​မျက်​တော်​ထွက်​၍ သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ။
အ​ကုန်​အ​စင်​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ။
ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အုပ်​စိုး​လျက် နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊
ကိုယ်​တော်​၏​အာ​ဏာ​စက်​သည်​ကမ္ဘာ​တစ်​ပြင်​လုံး ပျံ့​နှံ့​လျက်​ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း
လူ​အ​ပေါင်း​တို့​သိ​ကြ​ပါ​လိမ့်​မည်။
 
14 ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​မြို့​ထဲ​သို့
ည​ဦး​ယံ​တွင်​ပြန်​လာ​၍​ခွေး​များ​ကဲ့​သို့ မာန်​ဖီ​ကာ​လှည့်​လည်​ကြ​ပါ​၏။
15 သူ​တို့​သည်​ခွေး​များ​ကဲ့​သို့​လှည့်​လည်​၍ အ​စား​အ​စာ​ရှာ​ဖွေ​ကြ​ပါ​၏။
အ​စား​အ​စာ​လုံ​လောက်​စွာ​မ​ရ​ကြ​ပါ​မူ မာန်​ဖီ​ကြ​ပါ​၏။
 
16 ကျွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​၏ တန်​ခိုး​တော် အ​ကြောင်း​သီ​ချင်း​ဆို​ပါ​မည်။
ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို
နံ​နက်​တိုင်း​ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ပါ​မည်။
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ရဲ​တိုက်၊
ဒုက္ခ​ရောက်​ချိန်​၌​ကျွန်​တော်​မျိုး​ခို​ကိုး​ရာ ဖြစ်​တော်​မူ​ပါ​၏။
17 ကျွန်​တော်​မျိုး​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တော် မူ​သော အ​ရှင်၊
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။
ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ကား​ကျွန်​တော်​မျိုး​ကို ချစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ပေ​တည်း။
15 59: * ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​ကို​သတ်​ရန်​ရှော​လု​လူ​လွှတ်​၍​သူ့ အိမ်​ကို​စောင့်​စေ​ပြီး​နောက်​ဒါ​ဝိဒ်​စပ်​ဆို​သော ဆာ​လံ။