29
မုန်​တိုင်း​ထဲ​က​အ​သံ​တော်7
အို ကောင်း​ကင်​သား​တို့၊​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။
ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။
ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော
ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။
သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ကြွ​လာ​တော်​မူ​သော​အ​ခါ
ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​လော့။
 
ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည် ပင်​လယ်​များ​ပေါ်​တွင်​ထွက်​ပေါ်​လာ​၏။
ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ချုန်း​တော်​မူ​၏။
အ​သံ​တော်​သည်​သ​မုဒ္ဒ​ရာ​ပေါ်​တွင်​ပဲ့​တင်​ထပ် လေ​၏။
ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည်​ထွက်​ပေါ် လာ​၏။
ထို​အ​သံ​တော်​သည်​ဘုန်း​တန်​ခိုး​အာ​နု​ဘော် တော်​နှင့် ပြည့်​စုံ​၏။
 
ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​ကြောင့် အာ​ရဇ်​ပင်​တို့​သည်​ကျိုး​ကျ​ကုန်​၏။
လေ​ဗ​နုန်​တော​မှ​အာ​ရဇ်​ပင်​တို့​ပင်​လျှင် ကျိုး​ကျ​ကုန်​၏။
ကိုယ်​တော်​သည်​လေ​ဗ​နုန်​တောင်​တို့​ကို
နွား​သူ​ငယ်​များ​ကဲ့​သို့​ခုန်​ပေါက်​စေ​တော် မူ​၏။
ဟေ​ရ​မုန်​တောင်​ကို​လည်း​နွား​သိုး​ပျို​ကဲ့​သို့ ခုန်​စေ​တော်​မူ​၏။
 
ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည်​အ​လင်း ရောင်​ကို ပေါ်​ထွက်​စေ​တော်​မူ​၏။
ကိုယ်​တော်​၏​အ​သံ​တော်​သည်​တော​ကန္တာ​ရ​ကို တုန်​လှုပ်​စေ​တော်​မူ​၏။
ကိုယ်​တော်​သည်​ကာ​ဒေ​ရှ​တော​ကန္တာ​ရ​ကို တုန်​လှုပ်​စေ​တော်​မူ​၏။
ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည် ဝက်​သစ်​ချ​ပင်​တို့​ကို​တုန်​လှုပ်​စေ​တော်​မူ​၍
သစ်​ပင်​များ​မှ​အ​ရွက်​ရှိ​သ​မျှ​ကို​ကြွေ​စေ တော်​မူ​၏။
တစ်​ချိန်​တည်း​မှာ​ပင်``ဘု​ရား​သ​ခင်​သည်​ဘုန်း အ​သ​ရေ ထွန်း​တောက်​တော်​မူ​စေ​သ​တည်း'' ဟု
ဗိ​မာန်​တော်​တွင်​လူ​အ​ပေါင်း​တို့​ကြွေး​ကြော် ကြ​၏။
 
10 ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​နက်​ရာ​တို့​တွင်​စိုး​စံ တော်​မူ​၏။
ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ဘု​ရင်​အ​ဖြစ်​ဖြင့် စိုး​စံ​တော်​မူ​၏။
11 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား စွမ်း​အား​ပေး​တော်​မူ​၏။
သူ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကောင်း​ချီး မ​င်္ဂလာ​ကို​ပေး​တော်​မူ​၏။
7 29: * ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ။ 29:2 ဆာ၊ ၉၆:၇-၉။