11
စား​နိုင်​သော​တိ​ရစ္ဆာန်​များ
(တရား၊ ၁၄:၃-၂၁)
1-2 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ရန် အောက်​ပါ​ပ​ညတ်​များ ကို​မော​ရှေ​နှင့်​အာ​ရုန်​တို့​မှ​တစ်​ဆင့်​ချ​မှတ် ပေး​တော်​မူ​၏။ သင်​တို့​သည်​ကုန်း​သတ္တ​ဝါ တို့​တွင်၊- ခွာ​ကွဲ​၍​စား​မြုံ့​ပြန်​တတ်​သော တိ​ရစ္ဆာန် များ​၏​အ​သား​ကို​စား​နိုင်​သည်။- 4-6 သို့​ရာ​တွင်​ကု​လား​အုတ်၊ ခွေး​တူ​ဝက်​တူ​နှင့် ယုန်​တို့​၏​အ​သား​ကို​မ​စား​ရ။ ဤ​တိ​ရစ္ဆာန် တို့​သည်​စား​မြုံ့​ပြန်​တတ်​သော်​လည်း​ခွာ​မ​ကွဲ သ​ဖြင့် စား​ရန်​မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။- ဝက်​သား​ကို​လည်း​မ​စား​ရ။ ဝက်​တို့​သည်​ခွာ ကွဲ​သော်​လည်း​စား​မြုံ့​မ​ပြန်​သ​ဖြင့် စား​ရန် မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။- သင်​တို့​သည်​ထို​တိ​ရစ္ဆာန်​တို့​၏​အ​သား​ကို မ​စား​ရ။ အ​သေ​ကောင်​များ​ကို​ပင်​မ​ထိ​ရ။ ယင်း​တို့​ကို​မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။
သင်​တို့​သည်​ဆူး​တောင်​နှင့်​အ​ကြေး​ရှိ​သော ငါး​များ​ကို​စား​နိုင်​သည်။- 10 သို့​ရာ​တွင်​ဆူး​တောင်​နှင့်​အ​ကြေး​မ​ပါ​ရှိ သော​ရေ​သတ္တ​ဝါ​များ​ကို​မ​စား​ရ။- 11 ထို​သတ္တ​ဝါ​များ​ကို​မ​သန့်​ရှင်း​ဟု​မှတ်​ယူ ရ​မည်။ သင်​တို့​သည်​ထို​သတ္တ​ဝါ​များ​ကို မ​စား​ရ၊ အ​သေ​ကောင်​များ​ကို​ပင်​မ​ထိ ရ။- 12 ဆူး​တောင်​နှင့်​အ​ကြေး​မ​ပါ​ရှိ​သော​ရေ သတ္တ​ဝါ​ဟူ​သ​မျှ​ကို​မ​စား​ရ။
13-19 အောက်​ဖော်​ပြ​ပါ​ငှက်​မျိုး​တို့​ကို​သင်​တို့ သည်​မ​စား​ရ။ လင်း​ယုန်၊ ဇီး​ကွက်၊ သိမ်း​ငှက်၊ လင်း​တ၊ ကျီး၊ ငှက်​ကု​လား​အုတ်၊ ဇင်​ယော်၊ ငှက် ကျား၊ ဗျိုင်း၊ ငှက်​ကြီး​ဝံ​ပို၊ တင်​ကျီး၊ တောင်​သူ ဘီး​ငှက်​နှင့်​လင်း​နို့​တို့​ဖြစ်​သည်။
20-21 ခုန်​ဆွ​သွား​တတ်​သည့်​ပိုး​ကောင်​များ​မှ​လွဲ​၍ အ​တောင်​ရှိ​ပိုး​ကောင်​ဟူ​သ​မျှ​သည်​မ​သန့်​ရှင်း၊- 22 သင်​တို့​သည်​ကျိုင်း​ကောင်၊ ပ​ရစ်​နှင့်​နှံ​ကောင်​များ ကို​စား​နိုင်​သည်။- 23 သို့​ရာ​တွင်​အ​တောင်​ရှိ​၍​တွား​သွား​တတ်​သော အ​ခြား​အ​ကောင်​ငယ်​ရှိ​သ​မျှ​ကို မ​သန့်​ရှင်း ဟု​မှတ်​ယူ​ရ​မည်။
24-28 အောက်​ဖော်​ပြ​ပါ​တိ​ရစ္ဆာန်​တို့​၏​အ​သေ​ကောင် များ​ကို​ထိ​ကိုင်​မိ​သူ​သည် ည​ဦး​တိုင်​အောင် မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။ ခွာ​ကွဲ​၍​စား​မြုံ့ ပြန်​သော​တိရစ္ဆာန်​များ​မှ​တစ်​ပါး​အ​ခြား​ခွာ ရှိ​တိ​ရစ္ဆာန်​အား​လုံး​နှင့် အုပ်​ဖမ်း​တတ်​သော​လက် ရှိ​သည့်​ခြေ​လေး​ချောင်း​သတ္တ​ဝါ​အား​လုံး​တို့ ဖြစ်​သည်။ ထို​တိ​ရစ္ဆာန်​တို့​၏​အ​သေ​ကောင်​များ ကို​သယ်​ဆောင်​သွား​သူ​သည် မိ​မိ​၏​အ​ဝတ် များ​ကို​ဖွပ်​လျှော်​ရ​မည်။ သို့​သော်​လည်း​သူ သည်​ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့် မည်။
29-30 ပွေး၊ ကြွက်၊ အိမ်​မြှောင်​မျိုး​တို့​ကို​မ​သန့်​ရှင်း​ဟု မှတ်​ယူ​ရ​မည်။- 31 ထို​သတ္တ​ဝါ​တို့​ကို​ဖြစ်​စေ၊ ၎င်း​တို့​၏​အ​သေ ကောင်​များ​ကို​ဖြစ်​စေ​ကိုင်​တွယ်​မိ​သူ​သည် ည ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။- 32 သစ်​သား၊ အ​ဝတ်၊ သား​ရေ၊ လျှော်​တေ​စ​သည် တို့​ဖြင့်​ပြု​လုပ်​သော​မည်​သည့်​အ​သုံး​အ​ဆောင် များ​ပေါ်​သို့​မ​ဆို ထို​သတ္တ​ဝါ​တို့​၏​အ​သေ ကောင်​များ​ကျ​ခဲ့​သော် ယင်း​အ​သုံး​အ​ဆောင် သည်​မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။ ယင်း​ကဲ့ သို့​ညစ်​ညမ်း​သွား​သော​အ​သုံး​အ​ဆောင်​ကို ရေ​ထဲ​၌​နှစ်​ရ​မည်။ သို့​ရာ​တွင်​ထို​အ​သုံး အ​ဆောင်​သည် ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း ဘဲ​ရှိ​လိမ့်​မည်။- 33 အ​သေ​ကောင်​များ​မြေ​အိုး​ထဲ​သို့​ကျ​လျှင် အိုး​ထဲ​ရှိ​သ​မျှ​သည်​လည်း ညစ်​ညမ်း​ကုန် သ​ဖြင့်​အိုး​ကို​ခွဲ​ရ​မည်။- 34 မ​သန့်​ရှင်း​သော​ထို​အိုး​မှ​ရေ​သည်​စား​စ​ရာ ပေါ်​သို့​ကျ​လျှင် ထို​စား​စ​ရာ​သည်​လည်း မ​သန့်​ရှင်း​ချေ။ ထို​အိုး​မှ​သောက်​ရေ​သည် လည်း​မ​သန့်​ရှင်း။- 35 မြေ​မီး​ဖို​သို့​မ​ဟုတ်​မုန့်​ဖုတ်​ဖို​ပေါ်​သို့​ထို သတ္တ​ဝါ​တို့​၏​အ​သေ​ကောင်​များ​ကျ​လျှင် ထို​မီး​ဖို​သို့​မ​ဟုတ်​မုန့်​ဖုတ်​ဖို​သည်​မ​သန့် ရှင်း​သ​ဖြင့်​ခွဲ​ပစ်​လိုက်​ရ​မည်။- 36 သို့​ရာ​တွင်​စမ်း​ရေ​တွင်း​သို့​မ​ဟုတ်​ရေ​လှောင် ကန်​ထဲ​သို့​အ​သေ​ကောင်​ကျ​လျှင် ထို​ရေ​သည် မ​ညစ်​ညမ်း။ ထို​အ​သေ​ကောင်​နှင့်​ထိ​မိ​သော အ​ရာ​သာ​လျှင်​ညစ်​ညမ်း​သည်။- 37 ကြဲ​မည့်​မျိုး​စေ့​ပေါ်​သို့​အ​သေ​ကောင်​ကျ လျှင် မျိုး​စေ့​သည်​မ​ညစ်​ညမ်း။- 38 သို့​ရာ​တွင်​ရေ​စိမ်​ထား​သော​မျိုး​စေ့​ပေါ် သို့​အ​သေ​ကောင်​ကျ​လျှင် ထို​မျိုး​စေ့​သည် မ​သန့်​ရှင်း။
39 စား​နိုင်​သော​တိ​ရစ္ဆာန်​သေ​လျှင်​ထို​အ​သေ ကောင်​ကို​ကိုင်​တွယ်​မိ​သူ​သည် ည​ဦး​တိုင်​အောင် မ​သန့်​ရှင်း​ချေ။- 40 ထို​အ​သေ​ကောင်​၏​အ​သား​ကို​စား​သူ​သည် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​ရ​မည်။ သူ​သည်​ည ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။ ထို အ​သေ​ကောင်​ကို​သယ်​ဆောင်​မိ​သူ​သည် မိ​မိ အ​ဝတ်​ကို​ဖွပ်​လျှော်​ရ​မည်။ သို့​သော်​သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။
41-42 မြေ​ကြီး​ပေါ်​တွင်​တွား​သွား​တတ်​သော သို့ မ​ဟုတ်​ခြေ​လေး​ချောင်း​ရှိ​သော သို့​မ​ဟုတ် ခြေ​လေး​ချောင်း​ထက်​များ​သော​ခြေ​ရှိ​သော သတ္တ​ဝါ​ငယ်​များ​ကို​သင်​တို့​မ​စား​ရ။- 43 ထို​သတ္တ​ဝါ​များ​ကို​စား​၍​သင်​တို့​ကိုယ်​ကို မ​ညစ်​ညမ်း​စေ​နှင့်။- 44 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည်​လည်း​သန့်​ရှင်း​ကြ​ရ​မည်။- 45 ငါ​သည်​သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား​သခင် ဖြစ်​အံ့​သော​ငှာ သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည် လည်း​သန့်​ရှင်း​ကြ​ရ​မည်။
46 ဤ​ပ​ညတ်​သည်​ကား​တိ​ရစ္ဆာန်​များ​နှင့်​ငှက် များ၊ ရေ​သတ္တ​ဝါ​နှင့်​ကုန်း​သတ္တ​ဝါ​များ​နှင့် ဆိုင်​သော​ပညတ်​ဖြစ်​သ​တည်း။- 47 သင်​တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​၍ စား​နိုင်​သော​တိ​ရစ္ဆာန်​နှင့်​မ​သန့်​ရှင်း ၍​မ​စား​နိုင်​သော​တိ​ရစ္ဆာန်​တို့​ကို​ခွဲ​ခြား​သိ ကြ​ရ​မည်။
11:44 ဝတ်၊ ၁၉:၂။ ၁ပေ၊ ၁:၁၆။