သက်သာလောနိတ်သြဝါဒစာပထမစောင်
နိဒါန်း
သက်သာလောနိတ်မြို့သည်ရောမနိုင်ငံလက် အောက်ခံမာကေဒေါနိနယ်ပယ်၏မြို့တော် ဖြစ်သည်။ ရှင်ပေါလုသည်ဖိလိပ္ပိမြို့မှထွက် ခွာလာပြီးနောက်သက်သာလောနိတ်မြို့တွင် အသင်းတော်တစ်ပါးကိုတည်ထောင်သည်။ သက်သာလောနိတ်မြို့တွင်ယုဒဘာသာကို စိတ်ဝင်စားလာသောယုဒအမျိုးသားမဟုတ် သူတို့အား ခရစ်ယာန်တရားကိုရှင်ပေါလု ဟောပြောရာတွင်အောင်မြင်သည့်အတွက် မကြာမီပင်ယုဒအမျိုးသားတို့က သူ့အားမနာလိုသဖြင့်အတိုက်အခံ ပြုလေသည်။ သို့ဖြစ်၍ရှင်ပေါလုသည် သက်သာလောနိတ်မြို့မှဗေရိမြို့သို့ ထွက်ခွာသွားရသည်။ ထိုမှတစ်ဖန်ကောရိန္သု မြို့သို့ရောက်ရှိသွားသောအခါ၌သူ၏ အမှုတော်ဆောင်ဘက်ဖြစ်သူတိမောသေ ရောက်လာ၍ သက်သာလောနိတ်အသင်း တော်၏အခြေအနေအကြောင်းကို ရှင်ပေါလုအားတင်ပြသည်။
ထိုအခါတွင်ရှင်ပေါလုသည်သက်သာလော နိတ်မြို့ရှိခရစ်ယာန်တို့အားစိတ်မပျက်စေ ရန်နှင့်အားမာန်တက်စေရန် သက်သာလောနိတ် သြဝါဒစာပထမစောင်ကိုရေးသည်။ ထို သူတို့၏ယုံကြည်ခြင်းနှင့်မေတ္တာတရားအတွက် သူသည်ကျေးဇူးတော်ကိုချီးမွမ်းသည်။ သူ တို့နှင့်အတူရှိခဲ့စဉ်အခါက မိမိအဘယ် သို့ပြုမူနေထိုင်ခဲ့ပုံကိုပြန်လည်သတိရ စေသည်။ ထိုနောက်ယုံကြည်သူသည်ခရစ် တော်တစ်ဖန်ကြွလာတော်မမူမီ သေဆုံး သွားခဲ့သော်ကိုယ်တော်ကြွလာချိန်၌ပေး တော်မူမည့်ထာဝရအသက်ကိုခံစားနိုင် ပါမည်လော။ အဘယ်အခါ၌ခရစ်တော် တစ်ဖန်ကြွလာတော်မူမည်နည်းဟု အသင်း တော်အသိုင်းအဝိုင်းတွင်မေးမြန်းကြသည့် မေးခွန်းများကိုဖြေဆိုလေသည်။ အသင်း တော်ဝင်တို့သည်ခရစ်တော်တစ်ဖန်ကြွ လာချိန်ကိုမျှော်လင့်စောင့်စားလျက်ရှိနေ စဉ် မိမိတို့လုပ်ဆောင်ရန်ရှိသည့်တာဝန် လုပ်ငန်းများကိုငြိမ်ဝပ်စွာဆက်လက်လုပ် ဆောင်ကြရမည်ဖြစ်ကြောင်းသြဝါဒ ပေးလေသည်။
အကြောင်းအရာအကျဉ်းချုပ်
နိဒါန်း ၁:၁
ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ထောမနာပြုခြင်း ၁:၂-၃:၁၃
ခရစ်ယာန်ပြုမူကျင့်ကြံမှုနှင့်ပတ်သက်၍ တိုက်တွန်းနှိုးဆော်ခြင်း ၄:၁-၁၂
ခရစ်တော်ကြွလာတော်မူခြင်းအကြောင်းနှင့် ပတ်သက်၍သွန်သင်ခြင်း ၄:၁၃-၅:၁၁
နောက်ဆုံးတိုက်တွန်းနှိုးဆော်ချက်များ ၅:၁၂-၂၂
နိဂုံး ၅:၂၃-၂၈
1
1 ပေါလု၊ သိလွာနုနှင့်တိမောသေတို့ထံမှ ခမည်းတော် ဘုရားသခင်နှင့်သခင်ယေရှု ခရစ်၏လူစုတော်ဖြစ်သည့် သက်သာလော နိတ်အသင်းတော်ဝင်တို့ထံသို့စာရေးလိုက် ပါသည်။
ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ ခံစားရကြပါစေသတည်း။
သက်သာလောနိတ်အသင်းတော်ဝင်တို့၏ ဘဝနှင့်ယုံကြည်ခြင်း
2-3 ငါတို့သည်အဖဘုရားသခင်ထံတော်သို့ဆု တောင်းပတ္ထနာပြုသည့်အခါတိုင်း သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကိုလက်တွေ့အဘယ် သို့ကျင့်သုံးကြသည်ကိုလည်းကောင်း၊ သင်တို့ ၏ချစ်ခြင်းကြောင့်သင်တို့အဘယ်သို့ကြိုးစား လုပ်ဆောင်ကြသည်ကိုလည်းကောင်း၊ ငါတို့ သခင်ယေရှုခရစ်အားအဘယ်သို့မျှော်လင့် ၍တည်ကြည်ကြသည်ကိုလည်းကောင်း သတိရ ၍အစဉ်ပင်ကျေးဇူးတော်ကိုချီးမွမ်းကြ၏။-
4 ညီအစ်ကိုတို့၊ ဘုရားသခင်သည်သင်တို့ ကိုချစ်တော်မူ၍ရွေးကောက်တော်မူကြောင်း ကိုငါတို့သိ၏။-
5 အဘယ်ကြောင့်ဆိုသော်ငါတို့သည်သတင်း ကောင်းကို စကားသက်သက်ဖြင့်သာမဟုတ် ဘဲတန်ခိုးနှင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ ထိုသတင်း ကောင်းမှန်ကန်ကြောင်းကိုလုံးဝစိတ်ချ ယုံကြည်သောစိတ်နှင့်လည်းကောင်း သင်တို့ အားဟောပြောသောကြောင့်ဖြစ်၏။ ငါတို့ သည်သင်တို့နှင့်အတူရှိစဉ်အခါက သင်တို့၏အကျိုးငှာ ငါတို့အဘယ်သို့ပြု မူနေထိုင်ခဲ့ကြသည်ကိုသင်တို့အသိ ပင်ဖြစ်၏။-
6 သင်တို့သည်ငါတို့၏ပုံစံနှင့်သခင်ဘုရား ၏ပုံစံတော်အတိုင်းလိုက်လျှောက်ခဲ့ကြ၏။ သင်တို့သည်များစွာဆင်းရဲဒုက္ခရောက်ရ ကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်မှ ရသောဝမ်းမြောက်ခြင်းဖြင့်တရားတော် ကိုခံယူကြ၏။-
7 သို့ဖြစ်၍သင်တို့သည်မာကေဒေါနိပြည်နှင့် အခါယပြည်ရှိ ယုံကြည်သူအပေါင်းတို့ အတွက်စံနမူနာဖြစ်လေသည်။-
8 အဘယ်ကြောင့်ဆိုသော်သင်တို့၏ပြုမူကျင့် ကြံမှုကြောင့်သခင်ဘုရား၏တရားတော်သည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့တွင် ပျံ့နှံ့သွားသည်သာမက ဘုရားသခင်အား သင်တို့ယုံကြည်ခြင်းသတင်းသည်အရပ် တကာသို့ရောက်ရှိသွားပေသည်။ သို့ဖြစ်၍ ငါတို့ပြောဆိုရန်မလိုတော့ချေ။-
9-10 သင်တို့ထံငါတို့လာရောက်စဉ်အခါက သင်တို့အဘယ်သို့ဧည့်ခံကြိုဆိုကြကြောင်း ကိုလည်းကောင်း၊ အသက်ရှင်တော်မူသောဘုရား စစ်ဘုရားမှန်ကိုကိုးကွယ်နိုင်ရန်နှင့် ကောင်းကင် ဘုံမှကိုယ်တော်၏သားတော်ကြွလာတော်မူ မည်ကိုစောင့်မျှော်နိုင်ရန် ရုပ်တုများကိုစွန့်၍ ဘုရားသခင်ထံတော်သို့သင်တို့အဘယ်သို့ ချဉ်းကပ်လာကြကြောင်းကိုလည်းကောင်း ထို သူအပေါင်းတို့ပြောဆို၏။ ထိုသားတော် ယေရှုကားသေခြင်းမှဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသော၊ သက် ရောက်မည့်အမျက်တော်မှငါတို့အား ကယ်ဆယ်တော်မူသောအရှင်ဖြစ်သတည်း။