37
ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပြု​လုပ်​ခြင်း
(ထွ၊ ၂၅:၁၀-၂၂)
ဗေ​ဇ​လေ​လ​သည်​အ​လျား​လေး​ဆယ့်​ငါး လက်​မ၊ အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ၊ အ​မြင့် နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ​သော​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို၊ အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၏။- သေတ္တာ​တော်​အ​တွင်း​အ​ပြင်​ကို​ရွှေ​ချ​၍၊ သေတ္တာ​တော်​အ​နား​ပတ်​လည်​ကို​ရွှေ​ကွပ် ထား​၏။- သေတ္တာ​တော်​ကို​သယ်​ဆောင်​ရန်​ရွှေ​ကွင်း​လေး ကွင်း​ကို​လုပ်​၍၊ အောက်​ခြေ​လေး​ထောင့်​တွင်၊ နှစ်​ကွင်း​စီ​တပ်​ဆင်​၏။- ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု လုပ်​၍၊ ရွှေ​ချ​ထား​၏။- သေတ္တာ​တော်​ကို​ထမ်း​ရန်​ထမ်း​ပိုး​များ​ကို သေတ္တာ တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​သွင်း ထား​လေ​သည်။- အ​လျား​လေး​ဆယ့်​ငါး​လက်​မ၊ အနံ​နှစ်​ဆယ့် ခု​နစ်​လက်​မ​ရှိ​သော​သေတ္တာ​ဖုံး​ကို​ရွှေ​ဖြင့် လုပ်​၏။- 7-8 သေတ္တာ​အ​ဖုံး​အ​စွန်း​တစ်​ဘက်​စီ​ပေါ်​တွင်၊ ရွှေ စင်​ဖြင့်​ခေ​ရု​ဗိမ်​ရုပ်​နှစ်​ရုပ်​ကို​ထု​လုပ်​၏။ ခေ ရု​ဗိမ်​ရုပ်​များ​ကို​လည်း​သေတ္တာ​တော်​အ​ဖုံး နှင့်​တစ်​သား​တည်း​ရှိ​အောင်​ပြု​လုပ်​၏။- ခေ​ရု​ဗိမ်​များ​သည်​မျက်​နှာ​ချင်း​ဆိုင်​လျက် သူ​တို့​၏​အ​တောင်​ပံ​များ​ကို​ဖြန့်​၍​သေတ္တာ တော်​အ​ဖုံး​ကို​အုပ်​ထား​၏။
မုန့်​ကပ်​လှူ​ရန်​စား​ပွဲ​ကို​ပြု​လုပ်​ခြင်း
(ထွ၊ ၂၅:၂၃-၃၀)
10 သူ​သည်​အ​လျား​သုံး​ဆယ့်​ခြောက်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​လက် မ​ရှိ​သော​စား​ပွဲ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၏။- 11 စား​ပွဲ​ကို​ရွှေ​ချ​၍၊ အ​နား​ပတ်​လည်​တွင် ရွှေ ပြော့​ကြောင်း​ထိုး​ထား​၏။- 12 စား​ပွဲ​ပတ်​လည်​တွင်၊ လေး​လက်​မ​ဗြက်​ရှိ သော​ဘောင်​ကို​လုပ်​၍၊ အ​နား​ကို​ရွှေ​ကွပ် ထား​၏။- 13 စား​ပွဲ​ခြေ​လေး​ထောင့်​တွင်​စား​ပွဲ​ကို​သယ် ယူ​ရန်၊ ရွှေ​ကွင်း​လေး​ကွင်း​တပ်​ထား​၏။- 14 ထို​ကွင်း​များ​ကို​ဘောင်​အ​နီး​တွင်​ကပ်​၍ တပ် ထား​၏။- 15 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၍ ရွှေ​ချ​ထား​၏။- 16 စား​ပွဲ​နှင့်​ဆိုင်​သော​လင်​ပန်း၊ ခွက်၊ ခ​ရား၊ စ​ပျစ်​ရည်​ဆက်​သ​ရန်​ဖ​လား​တို့​ကို​ရွှေ ဖြင့်​ပြု​လုပ်​၏။
ဆီ​မီး​တိုင်​ကို​ပြုလုပ်​ခြင်း
(ထွ၊ ၂၅:၃၁-၄၀)
17 သူ​သည်​ဆီ​မီး​တိုင်​ကို​ရွှေ​ဖြင့်​ပြု​လုပ်​၏။ ဆီ​မီး တိုင်​အောက်​ခံ​ခုံ​နှင့်​တိုင်​ကို၊ ရွှေ​ဖြင့်​ပြု​လုပ်​၏။ ဆီ မီး​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​အ​စ​ရှိ​သော​အ​လှ ပန်း​များ​ကို၊ ဆီ​မီး​တိုင်​နှင့်​တစ်​သား​တည်း​ပြု လုပ်​သည်။- 18 ဆီ​မီး​တိုင်​တစ်​ဘက်​တစ်​ချက်​မှ​အ​ကိုင်း​သုံး ခက်​စီ​ဖြင့်၊ အ​ကိုင်း​ခြောက်​လက်​ဖြာ​ထွက်​၏။- 19 အ​ကိုင်း​ခြောက်​လက်​မှ​တစ်​လက်​စီ​တွင်​ပွင့် ဖူး၊ ပွင့်​ချပ်​များ​ပါ​ရှိ​သော​ဗာ​ဒံ​ပွင့်​နှင့်​တူ သည့်​အ​လှ​ပန်း​ပွင့်​သုံး​ပွင့်​ရှိ​လေ​သည်။- 20 ဆီ​မီး​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​များ ပါ​သော ဗာ​ဒံ​ပွင့်​နှင့်​တူ​သည့်​အ​လှ​ပန်း​ပွင့်​လေး​ပွင့် ရှိ​လေ​သည်။- 21 အ​ကိုင်း​သုံး​စုံ​တွင်၊ တစ်​စုံ​စီ​အောက်​၌​ပွင့်​ဖူး တစ်​ဖူး​ရှိ​သည်။- 22 ပွင့်​ဖူး၊ အ​ကိုင်း​နှင့်​ဆီ​မီး​တိုင်​တို့​သည်​တစ် သား​တည်း​ဖြစ်​၍၊ ရွှေ​ဖြင့်​ထု​လုပ်​၏။- 23 သူ​သည်​ဆီ​မီး​တိုင်​အ​တွက်​ဆီ​မီး​ခွက် ခု​နစ်​လုံး၊ မီး​ညှပ်​နှင့်​မီး​ညှပ်​ခံ​ခွက်​များ ကို​ရွှေ​ဖြင့်​ပြု​လုပ်​၏။- 24 သူ​သည်​ဆီ​မီး​တိုင်​နှင့်​ဆီ​မီး​တိုင်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​တို့​ကို၊ ရွှေ​ချိန်​ခု​နစ်​ဆယ့် ငါး​ပေါင်​ဖြင့်​ပြု​လုပ်​လေ​၏။
နံ့​သာ​ပေါင်း​ပူ​ဇော်​ရာ​ပလ္လင်​ကို​ပြု​လုပ်​ခြင်း
(ထွ၊ ၃၀:၁-၅)
25 သူ​သည်​နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​ကို အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု​လုပ်​၏။ ထို​ပလ္လင် သည်​အ​လျား​တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​သုံး​ဆယ့်​ခြောက် လက်​မ​ရှိ​၏။ ဦး​ချို​ပုံ​သဏ္ဌာန်​ထောင့်​ချွန် အ​တက်​များ​သည်​ပလ္လင်​နှင့်​တစ်​သား​တည်း ရှိ​၏။- 26 ပလ္လင်​တော်​မျက်​နှာ​ပြင်၊ ဘေး​ပတ်​လည်​လေး ဘက်​နှင့်​ထောင့်​ချွန်​အ​တက်​တို့​ကို​ရွှေ​ချ​၍၊ အ​ပေါ်​နား​ပတ်​လည်​တွင်​ရွှေ​ပြော့​ကြောင်း ထိုး​ထား​၏။- 27 ပလ္လင်​တော်​၏​ဘေး​နှစ်​ဘက်​အ​နား​ထောင့်​တွင် ထမ်း​ပိုး​များ​လျှို​ရန်​ရွှေ​ကွင်း​နှစ်​စုံ​ကို​တပ် ထား​သည်။- 28 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု လုပ်​၍၊ ရွှေ​ချ​ထား​၏။
ဘိ​သိက်​နှင့်​နံ့​သာ​ပေါင်း​တို့​ကို​ဖော်​စပ်​ခြင်း
(ထွ၊ ၃၀:၂၂-၃၈)
29 သူ​သည်​သန့်​ရှင်း​သော​ဘိ​သိက်​ဆီ​နှင့်​မွေး​ကြိုင်​၍ စင်​ကြယ်​သော​မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​ကို​ဖော်​စပ် လေ​၏။
37:29 ထွ၊ ၃၀:၂၂-၃၈။